Nokia ဟာ HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်းမှာ Android One OS ကို အသုံးပြုထားတဲ့ Mid Range ဖုန်းတွေကို အဓိကထုတ်လုပ်နေပြီး အခုဆိုရင် အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း Nokia ကနေ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop အသစ်ကိုပါ မိတ်ဆက်သွားတော့မယ်လို့ သတင်းထွက်ပေါ်လာပါပြီ။

အဆိုပါသတင်းကို India နိုင်ငံရဲ့ Online Reseller Website တစ်ခုဖြစ်တဲ့ Flipkart ကနေ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Nokia ဘက်ကနေတော့ ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားထားခြင်းမရှိသေးပါဘူး။ အစောပိုင်းတုန်းကလည်း သတင်းတွေထွက်ရှိထားခြင်းမရှိတဲ့အတွက် ပါဝင်လာမယ့် Specification တွေနဲ့ Design ပိုင်းကိုလည်း မသိရှိရသေးဘူးဖြစ်ပါတယ်။

Flipkart ကနေ ဖော်ပြထားတဲ့ ဓါတ်ပုံအရတော့ “Ultralight” ၊ “Powerful” နဲ့ “Immersive” လို့ ရေးသားထားတဲ့အတွက် Nokia Purebook ဟာ Budget Laptop တစ်လုံးထက် High End Ultrabook ဖြစ်နိုင်ခြေပိုများနေပါတယ်။ ကိုင်ရတာပေါ့ပါးဖို့အပြင် စွမ်းဆောင်ရည်ပိုင်းနဲ့ Speaker ၊ Display ဘက်ကို ပိုပြီး အာရုံစိုက်လာဖွယ်ရှိပါတယ်။ ယခင်တုန်းက Nokia ရဲ့ PureView စမတ်ဖုန်းတွေနဲ့ ဆက်စပ်ပြီး အခုလိုမျိုး Purebook နာမည်ကို ပေးထားတယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Nokia ရဲ့ စမတ်ဖုန်းမဟုတ်တဲ့ Laptop အသစ်ဟာ စိတ်ဝင်စားဖို့ကောင်းနေပြီး ယခုလအတွင်းမှာ တရားဝင်မိတ်ဆက်သွားဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ Xiaomi အပြင် Huawei ၊ Honor တို့ကလည်း Laptop တွေကို ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် Nokia Purebook Laptop အသစ်က ယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena