Nokia ကနေ အခုအချိန်မှာ Purebook X14 နာမည်နဲ့ Laptop အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာ India စျေးကွက်မှာပဲ အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး Feature ပိုင်းအရ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

အရင်ဆုံး Nokia Purebook X14 Laptop ဟာ Intel ရဲ့ 10th Generation i5 10210U Processor ကို အသုံးပြုထားပြီး RAM 8GB အပြင် 512GB PCI-E SSD ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ကိုယ်ထည်ကို Magnesium-aluminum Alloy နဲ့ ပြုလုပ်ထားသလို အလေးချိန်ကလည်း 1.1Kg ပဲရှိမယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 14″ IPS LCD Display ကို Full HD Resolution ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး Windows Hello IR Face Unlock ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Keyboard အနေနဲ့လည်း Backlit အမျိုးအစားဖြစ်တဲ့အတွက် Ultrabook တစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

Port တွေအနေနဲ့ကတော့ USB 3.1 Port ၂ ခု၊ USB 2.0 ၁ ခုနဲ့ USB-C 3.1 Port ၁ ခုစီပါဝင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Ethernet Port ၊ Audio Port ၊ HDMI Port တွေကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 46.7WHr Battery ပါဝင်မှာဖြစ်ပြီး Charger အနေနဲ့ 65W Charger ကို အသုံးပြုထားမှာပါ။ စျေးနှုန်းအနေနဲ့ကတေ့ာ INR 59,990 (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena