HMD Global ဟာ လာမယ့် IFA Berlin ပွဲမှာ Entry နဲ့ Midrange အဆင့် စမတ်ဖုန်းသစ် အချို့ကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ သတင်းထွက်လာပြီးနောက် အခုတစ်ခါ တရုတ်စျေးကွက်အတွက်လည်း အလားတူ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတစ်ခုကို ဩဂုတ်လ ၄ ရက်နေ့မှာ ကျင်းပမယ်လို့ Tease လုပ်လာခဲ့ပြန်ပါတယ်။

ကြိုတင်တွက်ဆမှုတွေအရတော့ အဆိုပါ မိတ်ဆက်ပွဲမှာ မကြာသေးခင်က TENAA ပလက်ဖောင်းပေါ် ရောက်ထားတဲ့ Nokia TA-1258 ဟန်းဆက်ကို တွေ့ရမယ်လို့ ယုံကြည်ရပါတယ်။

Nokia TA-1258 ဟာ 5.99” HD+ Display ပါဝင်ပြီး 8MP အဓိက ကင်မရာတစ်လုံးတည်းနဲ့ 3,000 mAh ဘက္ထရီတို့ ပါဝင်တဲ့ Entry-level စမတ်ဖုန်း ဖြစ်ပြီး အတွင်းမှာ Unisoc SC9863 ချစ်ပ်ဆက်နဲ့ 3/32 GB မန်မိုရီအတွဲတို့ကို မြင်ရမှာပါ။

Nokia ဟာ အခြားစမတ်ဖုန်းတွေကိုလည်း မိတ်ဆက်လာဦးမယ်လို့ ယုံကြည်ရပြီး အကြာကြီး စောင့်စားနေရတဲ့ Nokia 9.3 PureView နဲ့ Nokia 8.3 ဖုန်းတွေဟာ ထွက်ရှိရက် နှစ်ခါလောက် ရွှေ့ဆိုင်းအပြီး ဒီတစ်ခါ တကယ် မိတ်ဆက်လာဖို့ မျှော်လင့်ပါတယ်။

HMD ကုမ္ပဏီဟာ လာမယ့် စက်တင်ဘာမှာ ကျင်းပမယ့် IFA Berlin ပွဲမှာလည်း entry-level စမတ်ဖုန်း Nokia 2.4 (ကုဒ်အမည် Wolverine) ကို Midranger တွေဖြစ်တဲ့ Nokia 6.3 နဲ့ 7.3 တို့နှင့်အတူ ပွဲထုတ်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref – GSMArena