Nokia ဟာ အခုနောက်ပိုင်း စမတ်ဖုန်း များများစားစား မထုတ်လုပ်တော့ပါဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ Nokia ရဲ့ စမတ်ဖုန်းတွေ ထွက်လာနေပါသေးတယ်။ အခုလည်း Nokia ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်ထားပြီး Version များစွာ ပါလာပါတယ်။

Nokia TA 1412

အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်တွေဟာ TA-1418, TA-1404, TA-1412, TA-1415, TA-1405 နဲ့ TA-1401 တို့ ဖြစ်ပြီး Specification တချို့နဲ့ ဖုန်း ဒီဇိုင်းကိုလည်း ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဘယ်ဘက်ခြမ်းမှာ ဒေါင်လိုက် တပ်ဆင်ထားပြီး ကင်မရာတွေကို လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ အလားတူ ဒီဇိုင်းကို Nokia N1530DL မှာ မကြာခင်ကတွေ့ခဲ့ရပြီး အဲဒါဟာ အမေရိကန်မှာပဲ ရောင်းမယ့် မော်ဒယ် ဖြစ်နိုင်ပါတယ်။

အခု စမတ်ဖုန်းရဲ့ Specification တချို့ကို FCC မှာ ဖော်ပြထားပြီး 50MP Main ကင်မရာ ပါလာမှာ ဖြစ်ပါတယ်။ Main ကင်မရာကို 2MP ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 8MP Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Dual SIM ဖုန်း ဖြစ်ပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ Single SIM Version မှာ 3GB RAM /64GB Storage နဲ့ 4GB RAM / 128GB Storage တွေ ပါလာပါတယ်။ Nokia က C Series တွေမှာ သုံးလေ့ရှိတဲ့ Unisoc Chipset ထည့်သွင်းထားပြီး အဲဒီ ဖုန်းဟာ C Series မော်ဒယ်လားဆိုတာ မသိရသေးပါဘူး။ ဘက်ထရီက 4,900mAh ဖြစ်ပါတယ်။

Ref : gizmochina