စမတ်တီဗီ ခေတ်ရောက်နေပြီ ဖြစ်ပေမယ့် ရိုးရိုး တီဗီတွေ ဝယ်ထားကြတဲ့ လူတွေလည်း များစွာ ကျန်ရှိနေပါသေးတယ်။ အဲဒီ ရိုးရိုး တီဗီတွေကို စမတ် တီဗီ အဖြစ် ပြောင်းပေးနိုင်တဲ့ Streaming Box , Streaming Stick တွေကို ကုမ္ပဏီများစွာက ထုတ်လုပ်ရောင်းချနေကြပါတယ်။ အခုလည်း Nokia က Streaming Box 8000 ကို ကြေညာလိုက်ပါတယ်။

Nokia Streaming Box 8000 01

Streaming Box 8000 ဟာ Specs တွေ တော်တော် ပြည့်စုံတယ်လို့ ပြောရမှာပါ။ Quad-core Amlogic S905X3 Chipset မောင်းနှင်ထားပြီး ARM Cortex-A55 Core ၄ လုံးနဲ့ ARM Mali-G31 MP2 GPU တွေ ထည့်သွင်းထားပါတယ်။ RAM ပမာဏကိုတော့ လက်ရှိမှာ မသိရသေးပေမယ့် 2GB ထက် မနည်းနိုင်ပါဘူး။

Nokia Streaming Box 8000 05

Dual-band WiFi 5 နဲ့ Bluetooth 4.2 ထည့်သွင်းထားပြီး USB 3.0 Type-A , USB Type-C , Ethernet , HDMI, Optical Audio , AV နဲ့ DC Power-in တွေ ထောက်ပံ့ထားပါတယ်။ 4K Streaming ပါလာပြီး Dolby Vision / Atmos တွေပါလား မသိရသေးပါဘူး။ Chipset စွမ်းရည် တော်တော် ကောင်းတဲ့အတွက် အနည်းဆုံးတော့ HDR10 ထောက်ပံ့ထားနိုင်ပါတယ်။

Android TV 10 OS မောင်းနှင်ထားပြီး Netflix နဲ့ Amazon Prime Video တွေ ကြိုတင် ထည့်သွင်းထားမှာပါ။ Chromecast Built-in ထည့်သွင်းထားပြီး Google Assistant Remote Control ပါလာပါတယ်။ ၁၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းခွဲလောက်ကျသင့်မှာပါ။ ဥရောပမှာ ခရစ်စမတ် မတိုင်ခင် ရောင်းမှာပါ။

Ref : gizmochina