StreamView က ARM Chipset အသစ် ပါတဲ့ Nokia Streaming Box 8010 ကို ကြေညာလိုက်ပါတယ်။ Streaming Box 8010 ဟာ 8000 ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး ဒီဇိုင်းက အများစု တူညီပါတယ်။ Android TV 11 မောင်းနှင်ထားပြီး ARM Chipset အသစ်နဲ့ အဆင့်မြှင့်ထားပါတယ်။ ARM Cortex-A55 Core ၄ လုံးနဲ့ Mali-G31 MP2 GPU ပါတဲ့ Amlogic S905X4-Chipset မောင်းနှင်ထားပါတယ်။

Nokia Streaming Box 8010

Streaming Box ဟာ 8000 မော်ဒယ်ထက် စွမ်းရည် ပိုမြင့်မားပြီး Memory ပမာဏ ပိုများလာပါတယ်။ RAM ၂ ဆနဲ့ Storage ၄ ဆ အပို ထည့်သွင်းထားပြီး ဒီလို ထည့်သွင်းနိုင်တာဟာ အဆင့်မြှင့်ထားတဲ့ ARM Chipset ကြောင့် ဖြစ်ပါတယ်။

Nokia Streaming Box 8010

Streaming Box 8010 မှာ 4GB RAM နဲ့ 32GB Storage တပ်ဆင်ထားတဲ့အတွက် App တွေ ပိုမို ထည့်သွင်းနိုင်မှာပါ။ 4K Video တွေကို ထောက်ပံ့ပြီး 60fps Frame Rate နဲ့ ပြသပေးနိုင်ပေမယ့် Compatible TV သို့မဟုတ် Monitor လိုအပ်ပါတယ်။

Dolby Atmos ထောက်ပံ့ထားပြီး Bluetooth 5.0 , WiFi 6 ဆက်သွယ်မှုတွေ ပါပါတယ်။ HDMI , USB-A နဲ့ USB-C Port တွေ တပ်ဆင်ထားပြီး Analog AV Port လည်း ပါပါတယ်။ Streaming Box 8010 ကို ၁၃၅ ဒေါ်လာ သတ်မှတ်ထားပြီး StreamView ကနေ ဝယ်ယူနိုင်ပါပြီ။

Ref : gizmochina