Nokia ဟာ စမတ်ဖုန်း နယ်ပယ်မှာ အစောဆုံး အခြေချခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက် ဖင်လန် အခြေစိုက် ကုမ္ပဏီမှာ Patent များစွာ ပိုင်ဆိုင်ထားပြီး တချို့ကို တခြား ကုမ္ပဏီအတွက် လိုင်စင်နဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Nokia ရဲ့ အသိဉာဏ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့အတွက် ကုမ္ပဏီရဲ့ Patent တွေကို ခွင့်ပြုချက် မရဘဲ အသုံးပြုနေတဲ့ တခြား ကုမ္ပဏီတွေကို တရားစွဲလေ့ရှိပါတယ်။

Nokia to cut up to 10,000 jobs worldwide

အခုတော့ Nokia က Patent ခိုးသုံးမှုကြောင့် တရုတ် စမတ်ဖုန်း ကုမ္ပဏီ OPPO ကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အိန္ဒိယမှာ တရားစွဲလိုက်ပါတယ်။ OPPO ဟာ Nokia ရဲ့ တချို့ Patent တွေအတွက် လိုင်စင်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ Nokia ဟာ OPPO နဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူညီမှု စာချုပ်ချုပ်ခဲ့တာပါ။ Nokia ဟာ Lenovo နဲ့ Daimler တို့ကို Patent ခိုးသုံးမှုနဲ့ တရားစွဲရာမှာ အနိုင်ရခဲ့တဲ့ ရှေ့နေအဖွဲ့ကိုပဲ အသုံးပြုမယ်လို့ ထင်ပါတယ်။

Oppo officially opens its Western Europe headquarters - Gizchina.com

Nokia က OPPO နဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပေမယ့် OPPO က ကမ်းလှမ်းမှုအားလုံးကို ငြင်းဆန်ခဲ့ပြီး ကိုယ်ပိုင်လမ်းဖောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ Nokia က “ Patent လိုင်စင် သက်တမ်းတိုးဖို့ OPPO နဲ့ ဆွေးနွေးခဲ့ပေမယ့် OPPO ဟာ ကျွန်တော်တို့ရဲ့ သင့်တင့်မျှတတဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအတွက် တရားစွဲရတော့မှာပါ။ “ လို့ ပြောပါတယ်။

OPPO ကတော့ Nokia ရဲ့ လုပ်ဆောင်မှုဟာ အံ့အားသင့်စရာကောင်းပြီး သင့်တင့်မျှတမှု မရှိဘူးလို့ တုန့်ပြန်ပါတယ်။ ဒီတရားစွဲဆိုမှုဟာ Find X Series နဲ့ Reno Series အပါအဝင် OPPO ရဲ့ စမတ်ဖုန်းများစွာမှာ အသုံးပြုထားတဲ့ Nokia ရဲ့ OZO Audio နည်းပညာနဲ့ မသက်ဆိုင်ပါဘူး။ OPPO ခိုးသုံးနေတဲ့ Nokia ရဲ့ Patent အသေးစိတ်ကို မသိရသေးပါဘူး။

Ref : gizmochina