Nokia ဟာ HMD Global ကိုပြောင်းလဲပြီးနောက်ပိုင်းမှာ Mid Range စမတ်ဖုန်းစျေးကွက်အတွက် စမတ်ဖုန်းတွေအမြောက်အများကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ Laptop တွေကိုပါထုတ်လုပ်နေပြီဖြစ်သလို ပထမဆုံးအနေနဲ့ Tablet ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Nokia ရဲ့ ပထမဆုံး Android Tablet ကိုတော့ T20 လို့နာမည်ပေးထားပြီးတော့ စျေးနှုန်းအနေနဲ့ $250 အောက်ပဲ ကျသင့်မှာဖြစ်ပါတယ်။ Nokia T20 ဟာ Display ပိုင်းအနေနဲ့ကတော့ 10.4″ 2K LCD Display ပါဝင်မှာဖြစ်ပြီး ဘေးဘောင်တွေကလည်း ပါးလွှာနေမှာပါ။

Performance ပိုင်းမှာတော့ Nokia T20 Tablet ဟာ Unisoc Tiger T610 Chipset ကို အသုံးပြုထားပြီးတော့ RAM 3GB ၊ 32GB Storage သို့မဟုတ် RAM 4GB ၊ 64GB ၂ မျိုးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Storage ကို ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ MicroSD Card ကနေ တစ်ဆင့် 512GB အထိ အသုံးပြုနိုင်ဦးမှာပါ။

Battery ပိုင်းမှာတော့ 8200mAh Battery ကိုထည့်သွင်းထားတာကြောင့် တခြားသော Tablet တွေနဲ့ယှဥ်ရင် အားသာနေမှာဖြစ်သလို 15W Fast Charging ကိုလည်း Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘူးထဲမှာတော့ 10W Charger ကိုပဲ ထည့်ပေးထားပါတယ်။ USB-C ကို အသုံးပြုထားတာကြောင့် Data ကူးပြောင်းတဲ့အချိန်မှာ ပိုပြီးအဆင်ပြေစေမှာပါ။

ကင်မရာပိုင်းမှာတော့ Back Camera ကို 8MP Sensor ထည့်ပေးထားပြီး Selfie Camera ကိုတော့ 5MP Sensor ပဲ ထည့်သွင်းပေးထားပါတယ်။ Speaker ပိုင်းမှာတော့ OZO Audio Tuned Stereo Speaker တွေကို အသုံးပြုထားပြီး 3.5mm Headphone Jack လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

နောက်ဆုံးအားသာချက်တစ်ခုကတော့ Nokia T20 Tablet ကို Android 11 OS နဲ့ ထုတ်ပေးထားတဲ့အပြင် နောက်ထပ် Android Major Update ၂ ခုနဲ့ Monthly Security Update ကို ၃ နှစ်အထိ ပေးမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း RAM 4GB ၊ 64GB Storage ကို $249.99 နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Ref – 9to5Google