HMD Global က Nokia T21 တက်ဘလက် အသစ်ကို ကြေညာလိုက်ပြီး အရင်နှစ်ထုတ် T20 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Nokia T21 ကို မာကျောတဲ့ အလူမီနမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ၁၀.၃၆ လက်မ IPS LCD 2000x1200p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 400 nits Brightness ထောက်ပံ့ထားပြီး မျက်နှာပြင်ကို မာကျောတဲ့ ဖန်နဲ့ ကာကွယ်ထားပါတယ်။

Nokia T21 tablet

Unisoc T612 Octa-core Processor မောင်းနှင်ထားပြီး Mali-G57 GPU ပါပါတယ်။ 4G LPDDR4 RAM ၊ 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်ပြီး 512GB microSD Card စိုက်နိုင်ပါတယ်။

Nokia T21 refreshes the 10-inch Android tablet, but it's mostly

Android 12 OS မောင်းနှင်ထားပြီး Android Update ၂ နှစ်နဲ့ Security Update ၃ နှစ် ရမယ်လို့ ကုမ္ပဏီက ကတိပေးထားပါတယ်။  တခြား လုပ်ဆောင်ချက်တွေထဲမှာ NFC ၊ စတီရီယို စပီကာနဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။

အနောက်ဘက်မှာ 8MP Autofocus ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ IP52 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး 18W Fast Charging ထောက်ပံ့တဲ့ 8,200mAh ဘက်ထရီ ပါလာပါတယ်။

Nokia T21 တက်ဘလက်အတွက် WiFi နဲ့ 4G/LTE မော်ဒယ်တွေ ထုတ်လုပ်ထားပြီး Charcoal Grey ၁ ရောင်ထဲ ရောင်းချပေးထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina