[Zawgyi]

ဖက္ဒရယ္ဆက္သြယ္ေရးေကာ္မရွင္ (FCC) ဟာ အသစ္စက္စက္ Nokia TA-1124 ေမာ္ဒယ္ကို အတည္ျပဳေပးလုိက္ေၾကာင္း အြန္လိုင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။ ဟန္းဆက္ရဲ႕ ပုံပန္းသ႑ာန္ကုိ လွ်ဳိ႕ဝွက္ထားဆဲ ျဖစ္ေပမယ့္ FCC စာရင္းမွာေတာ့ အေရးပါတဲ့ Specs အခ်ဳိ႕ကို ေတြ႕ခဲ့ရတယ္။

Nokia TA-1124 မွာ 5.99” အရြယ္ Display ပါဝင္လာမယ္လို႔ သိရေပမယ့္ Full HD သို႔မဟုတ္ HD Resolution ဘယ္ဟာပါမလဲ ဆုိတာကို မသိရေသးပါဘူး။ ကုမၸဏီက ေနာက္ပုိင္းထုတ္လုပ္လာတဲ့ Notch ကုိ အားမျပဳတဲ့ ဒီဇုိင္းအရေတာ့ ဒီဖုန္းအသစ္မွာ ျမင္ကြင္းအခ်ဳိး 18:9 ျဖင့္သာ ထြက္လာဖို႔ မ်ားပါတယ္။

Nokia TA-1124 ဟာ Snapdragon 439 ခ်စ္ပ္ဆက္ကို အသုံးျပဳလာတဲ့ ႏုိကီရာကုမၸဏီရဲ႕ ပထမဆုံး ဟန္းဆက္လည္း ျဖစ္ပါတယ္။ သူ႕မွာ 3GB RAM ပါဝင္ၿပီး Storage ကေတာ့ အနည္းငယ္ ေခတ္ေနာက္ျပန္ဆြဲတယ္လို႔ ယူဆရတယ္ 32GB ပမာဏ ျဖစ္ပါတယ္။

ကင္မရာပုိင္းမွာေတာ့ ဟန္းဆက္အသစ္ဟာ အဓိက ကင္မရာအျဖစ္ 12MP + 5MP Dual Setup နဲ႔ ထြက္လာမွာျဖစ္ၿပီး ေရွ႕ဘက္ဆယ္လ္ဖီကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။ HE362 ဘကၳရီကို အသုံးျပဳထားကာ Nokia 3.1 မွာလည္း အလားတူဘကၳရီကို ေတြ႕ခဲ့ရလို႔ ဘကၳရီက 3,500 mAh ျဖစ္မယ္လို႔ ယူဆရတယ္။ Nokia TA-1124 ဟန္းဆက္မွာ Bluetooth 5.0 အသုံးျပဳလာမွာပါ။

Ref – Playful Droid

[Unicode]

ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ဟာ အသစ်စက်စက် Nokia TA-1124 မော်ဒယ်ကို အတည်ပြုပေးလိုက်ကြောင်း အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဟန်းဆက်ရဲ့ ပုံပန်းသဏ္ဍာန်ကို လျှို့ဝှက်ထားဆဲ ဖြစ်ပေမယ့် FCC စာရင်းမှာတော့ အရေးပါတဲ့ Specs အချို့ကို တွေ့ခဲ့ရတယ်။

Nokia TA-1124 မှာ 5.99” အရွယ် Display ပါဝင်လာမယ်လို့ သိရပေမယ့် Full HD သို့မဟုတ် HD Resolution ဘယ်ဟာပါမလဲ ဆိုတာကို မသိရသေးပါဘူး။ ကုမ္ပဏီက နောက်ပိုင်းထုတ်လုပ်လာတဲ့ Notch ကို အားမပြုတဲ့ ဒီဇိုင်းအရတော့ ဒီဖုန်းအသစ်မှာ မြင်ကွင်းအချိုး 18:9 ဖြင့်သာ ထွက်လာဖို့ များပါတယ်။

Nokia TA-1124 ဟာ Snapdragon 439 ချစ်ပ်ဆက်ကို အသုံးပြုလာတဲ့ နိုကီရာကုမ္ပဏီရဲ့ ပထမဆုံး ဟန်းဆက်လည်း ဖြစ်ပါတယ်။ သူ့မှာ 3GB RAM ပါဝင်ပြီး Storage ကတော့ အနည်းငယ် ခေတ်နောက်ပြန်ဆွဲတယ်လို့ ယူဆရတယ် 32GB ပမာဏ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ ဟန်းဆက်အသစ်ဟာ အဓိက ကင်မရာအဖြစ် 12MP + 5MP Dual Setup နဲ့ ထွက်လာမှာဖြစ်ပြီး ရှေ့ဘက်ဆယ်လ်ဖီကင်မရာကတော့ 8MP ဖြစ်ပါတယ်။ HE362 ဘက္ထရီကို အသုံးပြုထားကာ Nokia 3.1 မှာလည်း အလားတူဘက္ထရီကို တွေ့ခဲ့ရလို့ ဘက္ထရီက 3,500 mAh ဖြစ်မယ်လို့ ယူဆရတယ်။ Nokia TA-1124 ဟန်းဆက်မှာ Bluetooth 5.0 အသုံးပြုလာမှာပါ။

Ref – Playful Droid