[Zawgyi]




Ref: PhoneArena

[Unicode]

Nokia ရဲ့“Mega Display” ဆိုတာက ဘယ်လိုရင်ခုန်စရာတွေ သယ်ဆောင်လာနိုင်မလဲ? ဖြစ်နိုင်ချေအများဆုံးက Nokia 7.1 Plus ပဲဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ Nokia ကနေ Android One နဲ့ Nokia 7.1 ကို တရားဝင် မိတ်ဆက်သွားခဲ့ပြီးသားဖြစ်ပြီး ဈေးလည်းအရမ်းသိပ်မကြီးလွန်းတဲ့ Midrange ဖုန်းတစ်လုံးလို့ပြောရမှာပါ။ သူ့မှာ ထူးထူးခြားခြား Feature ဆိုလို့သိပ်မပါပေမယ့် သူ့ရဲ့ HDR 10, 5.84″ Display ကတော့ တော်ရုံ Mid-Range ဖုန်းတွေမှာ တွေ့ရခဲတဲ့ Display မျိုးပါ။ Display ကလွဲရင် ကျန်တဲ့ Specification တွေက Snapdragon 636, 3/4GB RAM, 32/64GB Storage, ရှေ့ဘက်နဲ့ ကျောဘက်မှာ Dual-Camera တွေပါဝင်ပြီး Stock Android နဲ့ထွက်လာမယ့်အပြင် US မှာ ဝယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။

ဒါက Nokia 7.1 နဲ့ပတ်သတ်တာတွေပါ။ အခု ဒီတစ်ခေါက် Nokia India Branch ကနေ ထွက်လာတဲ့ Teaser ကိုတော့ ဖျက်ချခဲ့ပေမယ့် ဖြစ်နိုင်တာက Nokia 7 Plus ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ သူပြောတဲ့ “Mega” Display သုံးထားတဲ့ အိန္ဒိယအတွက် သီးသန့်အနေနဲ့ထွက်လာနိုင်ပါတယ်။ “Mega Display” ဆိုတာရော Rumors တွေကိုပါ ဆက်စပ်ကြည့်လိုက်ရင် 6.18″ Display မဖြစ်နိုင်စရာတော့မရှိပါဘူး။ ထွက်လာခဲ့တဲ့အချိန်ကျရင်တော့ “Mega Display” ကြီးနဲ့အတူတူ သတင်းတွေထပ်သယ်လာခဲ့ပါ့မယ်။

Ref: PhoneArena