HMD Global က Nokia စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီး အခုတော့ ဒီနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မတိုင်ခင် တရုတ်မှာ 5G စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်က Nokia Mobile Phones ဌာနရဲ့ ထုတ်ကုန် မန်နေဂျာ Zhang Yucheng က ဝီဘိုမှာ User တွေကို စကားပါးခဲ့တာပါ။ အဲဒီအတွက် လာမယ့်လအနည်းငယ်အတွင်း Nokia ရဲ့ စွမ်းရည်မြင့် ဖုန်း အသစ် ၁ လုံး ထွက်လာတော့မှာပါ။

Nokia 9.3 PureView Concept Design

Nokia ဟာ ဈေးကွက်ထဲမှာ 5G ဖုန်းများစွာ ရောင်းချထားတာ မရှိသေးပါဘူး။ ပထမဆုံး 5G ဖုန်းက Nokia 8.3 5G ဖြစ်ပြီး အဲဒီ ဖုန်းကို တရုတ်မှာ မရောင်းပေးခဲ့ပါဘူး။ Nokia ဟာ စွမ်းရည်မြင့် ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတာ တော်တော်ကြာနေပြီလို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကတည်းက Nokia က ဖုန်း အသစ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကို နှုတ်ဆိတ်နေခဲ့တာပါ။

Best Nokia phones 2021: find the right Nokia smartphone for you | TechRadar

HMD Global ဟာ Nokia 9.3 PureView စမတ်ဖုန်းကို ကြေညာဖို့ စီစဉ်နေတာ နှစ်အနည်းငယ်တောင်ရှိနေပြီ ဖြစ်ပေမယ့် အခုထက်ထိ ပျောက်ချက်သားကောင်းနေပါတယ်။ အဲဒီ စမတ်ဖုန်းကို ကြေညာဖို့ မကြာခဏ အချိန်နောက်ဆုတ်နေတာပါ။

Nokia နောက်ထွက်မယ့် စွမ်းရည်မြင့် ဖုန်းအကြောင်း ပြန်ဆက်ရရင် ဒီနှစ်မှာ နာမည်ပေးတဲ့ ပုံစံတွေကို ပြောင်းလဲလာနိုင်ပါတယ်။ နာမည်ပေးမယ့် စနစ်အသစ်ကိုတော့ မသိရသေးပါဘူး။ Nokia တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိလာရနိုင်ပါတယ်။

Ref : gizmochina