Unicode

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Nokia ကနေ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းကို ကြေညာထားခဲ့တာဖြစ်ပါတယ်။ အခုလည်း Nokia ကနေ 5G နဲ့ ပတ်သတ်တဲ့သတင်းတစ်ခုကို ထပ်ပြီး ကြေညာလိုက်ပါပြီ။

အခုသတင်းကိုတော့ Nokia ရဲ့ Chief Product Officer ဖြစ်တဲ့ Juho Sarvikas ကနေ Twitter Account မှာ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်မယ့် Qualcomm Snapdragon Tech Summit မှာ Nokia ကလည်း 5G Phone တွေနဲ့ပတ်သတ်တဲ့အစီအစဥ်တွေကိုပြောကြားသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ 5G Phone တွေမိတ်ဆက်မယ့်အချိန်ကိုပဲ ကြေညာနိုင်လောက်ပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်မယ့် စမတ်ဖုန်းတွေထဲမှာတော့ 5G Phone ပါဝင်လာနိုင်ခြေမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Mid Range ဖုန်းတွေပဲ ဆက်တိုက်ထုတ်လုပ်နေတဲ့ Nokia အနေနဲ့ အခုလိုမျိုး 5G ဖုန်းတွေပါ ထုတ်လုပ်မယ်ဆိုတာက သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။

Nokia ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဟာ Flagship ဖုန်းတစ်ခုဖြစ်လာနိုင်ပြီးတော့ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress 2020 မှာ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref : Phone Arena

Zawgyi

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက Nokia ကေန လာမယ့္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းကို ေၾကညာထားခဲ့တာျဖစ္ပါတယ္။ အခုလည္း Nokia ကေန 5G နဲ႔ ပတ္သတ္တဲ့သတင္းတစ္ခုကို ထပ္ၿပီး ေၾကညာလိုက္ပါၿပီ။

အခုသတင္းကိုေတာ့ Nokia ရဲ႕ Chief Product Officer ျဖစ္တဲ့ Juho Sarvikas ကေန Twitter Account မွာ ေဖာ္ျပခဲ့တာျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ျပဳလုပ္မယ့္ Qualcomm Snapdragon Tech Summit မွာ Nokia ကလည္း 5G Phone ေတြနဲ႔ပတ္သတ္တဲ့အစီအစဥ္ေတြကိုေျပာၾကားသြားမယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ 5G Phone ေတြမိတ္ဆက္မယ့္အခ်ိန္ကိုပဲ ေၾကညာႏိုင္ေလာက္ၿပီးေတာ့ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ မိတ္ဆက္မယ့္ စမတ္ဖုန္းေတြထဲမွာေတာ့ 5G Phone ပါဝင္လာႏိုင္ေျခမရွိေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္မွာ Mid Range ဖုန္းေတြပဲ ဆက္တိုက္ထုတ္လုပ္ေနတဲ့ Nokia အေနနဲ႔ အခုလိုမ်ိဳး 5G ဖုန္းေတြပါ ထုတ္လုပ္မယ္ဆိုတာက သတင္းေကာင္းတစ္ခုလို႔ ေျပာရမွာပါ။

Nokia ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းဟာ Flagship ဖုန္းတစ္ခုျဖစ္လာႏိုင္ၿပီးေတာ့ လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္မယ့္ Mobile World Congress 2020 မွာ မိတ္ဆက္လာမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

Ref : Phone Arena