[Zawgyi]

၂၀၁၉ ရဲ႕ အေစာပိုင္းမွာတုန္းက Nokia ဟာ ဥေရာပလုပ္ငန္းခြင္အခ်ိဳ႕မွာ အလုပ္အကိုင္ေနရာေပါင္း 1,330 ကို ေလွ်ာ့ခ်ဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီလို ေလွ်ာ့ခ်လိုက္ျခင္းအားျဖင့္ ကုမၸဏီဟာ ၂၀၂၀ အထိဆိုရင္ ယူ႐ိုေငြ သန္း ၇၀၀ အထိ ကုန္က်စရိတ္ သက္သာသြားမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္က ထြက္ေပၚလာတဲ့ သတင္းမွာေတာ့ ဖင္လန္ႏိုင္ငံမွာ Nokia ရဲ႕ လုပ္အလုပ္အကိုင္ေနရာ ေလွ်ာ့ခ်မႈက စတင္ခဲ့ၿပီလို႔ သိရွိရပါတယ္။ ဖင္လန္မွာ Nokia ေလွ်ာ့ခ်ဖို႔ သတ္မွတ္ခဲ့တာကေတာ့ ဝန္ထမ္းေပါင္း ၃၅၀ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းၿပီးတဲ့ေနာက္ အမွန္တကယ္ ေလွ်ာ့ခ်ျဖစ္သြားတာက ဝန္ထမ္းဦးေရ ၂၈၀ ျဖစ္ပါတယ္။

Nokia ဟာ ကုမၸဏီအေျခစိုက္ရာ ႏိုင္ငံျဖစ္တဲ့ ဖင္လန္ႏိုင္ငံအတြင္းမွာ ဝန္ထမ္းေပါင္း ၆၃၀၀ နဲ႔ လည္ပတ္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ ဝန္ထမ္းဦးေရ ၃၅၀၀ ရွိေနတဲ့ ဂ်ာမနီမွာလည္းအလုပ္အကိုင္ေနရာေပါင္း ၅၃၀ ဝန္းက်င္ေလာက္ကို ေလွ်ာ့ခ်ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ ျပင္သစ္မွာ ေတာ့ ဝန္ထမ္းဦးေရ ၄၀၀၀ ရွိၿပီး ဒီထဲကမွ ၄၆၀ ေလာက္ကို ေလွ်ာ့ခ်သြားမယ္လို႔ သိရပါတယ္။

ဒီလိုဝန္ထမ္းေလွ်ာ့ခ်မႈမွာ Oulu facility ကို အရန္အျဖစ္ ထားရွိမယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ Oulu ဟာ Nokia ရဲ႕ 5G လုပ္ငန္းမွာ အေရးပါတဲ့ အေနအထားျဖစ္ၿပီး အနာဂတ္အတြက္ အင္အားတစ္ရပ္လို ျဖစ္ေနတာပါ။ Oulu မွာ 5G ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ေဆာင္႐ြက္ေနခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ ေတာက္ပတဲ့ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ျဖစ္ေနပါတယ္။

Ref: GSMArena

[Unicode]

ဥရောပမှာ ဝန်ထမ်းဦးရေတွေကို လျှော့ချပစ်နေပြီဖြစ်တဲ့ Nokia

၂၀၁၉ ရဲ့ အစောပိုင်းမှာတုန်းက Nokia ဟာ ဥရောပလုပ်ငန်းခွင်အချို့မှာ အလုပ်အကိုင်နေရာပေါင်း 1,330 ကို လျှော့ချဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို လျှော့ချလိုက်ခြင်းအားဖြင့် ကုမ္ပဏီဟာ ၂၀၂၀ အထိဆိုရင် ယူရိုငွေ သန်း ၇၀၀ အထိ ကုန်ကျစရိတ် သက်သာသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ဖင်လန်နိုင်ငံမှာ Nokia ရဲ့ လုပ်အလုပ်အကိုင်နေရာ လျှော့ချမှုက စတင်ခဲ့ပြီလို့ သိရှိရပါတယ်။ ဖင်လန်မှာ Nokia လျှော့ချဖို့ သတ်မှတ်ခဲ့တာကတော့ ဝန်ထမ်းပေါင်း ၃၅၀ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတဲ့နောက် အမှန်တကယ် လျှော့ချဖြစ်သွားတာက ဝန်ထမ်းဦးရေ ၂၈၀ ဖြစ်ပါတယ်။

Nokia ဟာ ကုမ္ပဏီအခြေစိုက်ရာ နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံအတွင်းမှာ ဝန်ထမ်းပေါင်း ၆၃၀၀ နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ ဝန်ထမ်းဦးရေ ၃၅၀၀ ရှိနေတဲ့ ဂျာမနီမှာလည်းအလုပ်အကိုင်နေရာပေါင်း ၅၃၀ ဝန်းကျင်လောက်ကို လျှော့ချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ တော့ ဝန်ထမ်းဦးရေ ၄၀၀၀ ရှိပြီး ဒီထဲကမှ ၄၆၀ လောက်ကို လျှော့ချသွားမယ်လို့ သိရပါတယ်။

ဒီလိုဝန်ထမ်းလျှော့ချမှုမှာ Oulu facility ကို အရန်အဖြစ် ထားရှိမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Oulu ဟာ Nokia ရဲ့ 5G လုပ်ငန်းမှာ အရေးပါတဲ့ အနေအထားဖြစ်ပြီး အနာဂတ်အတွက် အင်အားတစ်ရပ်လို ဖြစ်နေတာပါ။ Oulu မှာ 5G ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆောင်ရွက်နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ တောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်နေပါတယ်။

Ref: GSMArena