Zawgyi

Research Company တစ္ခုျဖစ္တဲ့ Counterpoint Research ကေန အခုအခ်ိန္မွာ Third-party Android စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ ဘယ္သူက Android Update ေတြကို အေကာင္းဆုံးေပးႏိုင္လဲဆိုတဲ့ Report တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ အခု Report ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ တတိယ ၃ လပတ္ (Q3 2018) ကေန ၂၀၁၉ ခုႏွစ္ ဒုတိယ ၃ လပတ္ (Q2 2019) အထိ ရယူထားတဲ့ Report တစ္ခုျဖစ္ၿပီးေတာ့ Android ဖုန္းတစ္ခုကို Update ေရရွည္လိုခ်င္တဲ့သူေတြအတြက္ အေရးႀကီးတဲ့ Report တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

အခု Counterpoint ရဲ႕ Report မွာေတာ့ Android 9 Pie ကို အသုံးျပဳေနတဲ့ဖုန္းေတြထဲမွာ Nokia စမတ္ဖုန္းေတြက ထုတ္ခဲ့သမွ်ဖုန္းေတြရဲ႕ ၉၆ ရာခိုင္ႏႈန္းအထိ ပါဝင္ေနတဲ့အတြက္ နံပါတ္ (၁) ေနရာကို ရရွိခဲ့ပါတယ္။ Nokia ရဲ႕ ေနာက္မွာေတာ့ Samsung က ၈၉ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာ၊ Xiaomi က ၈၂ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာ အသီးသီးရွိေနပါတယ္။ က်န္တဲ့ Huawei နဲ႔ Lenovo တို႔ကေတာ့ ၈၂ ရာခိုင္ႏႈန္းနဲ႔ ၄၃ ရာခိုင္ႏႈန္းကိုယ္စီနဲ႔ အေနာက္မွာရွိေနတာျဖစ္ပါတယ္။

ဒ့ါအျပင္ ယခင္ Android Version အနိမ့္နဲ႔ထြက္ထားတဲ့ စမတ္ဖုန္းေတြကို Android 9 Pie ကို Update ေပးႏိုင္မႈမွာလည္း Nokia ပဲ ၁၂ လအတြင္းမွာ ထြက္ထားတဲ့ဖုန္းေတြရဲ႕ ၉၄ ရာခိုင္ႏႈန္းအထိ Update ေပးႏိုင္ၿပီးေတာ့ ပထမေနရာကို ဗိုလ္စြဲထားတုန္းပါပဲ။ ဒုတိယေနရာမွာေတာ့ Xiaomi ရွိေနတယ္ဆိုေပမယ့္ ထြက္ထားတဲ့ စမတ္ဖုန္းေတြရဲ႕ ၆၂ ရာခိုင္ႏႈန္းအထိပဲ Update ေပးႏိုင္ခဲ့တဲ့အတြက္ ကြာဟခ်က္က ေတာ္ေတာ္ကို မ်ားေနေသးတာျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lenovo က ၅၂ ရာခိုင္ႏႈန္းနဲ႔ တတိယေနရာမွာရွိေနၿပီး Huawei ကေန ၄၀ ရာခိုင္ႏႈန္း၊ Vivo က ၂၈ ရာခိုင္ႏႈန္းနဲ႔ အသီးသီးရွိေနတာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Update လုပ္ေပးႏိုင္မႈမွာေတာ့ Nokia က လုံးဝထိပ္ဆုံးမွာရွိေနတာပါ။

Counterpoint Research ရဲ႕ Director ျဖစ္တဲ့ Peter Richardson ကေတာ့ အခုလိုမ်ိဳး Android Update ေတြက အေရးႀကီးတယ္ဆိုေပမယ့္ Customer ေတာ္ေတာ္မ်ားမ်ားက ဂ႐ုမစိုက္ၾကဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဒါကလည္း စမတ္ဖုန္းထုတ္လုပ္သူေတာ္ေတာ္မ်ားမ်ားက Android Update ေတြနဲ႔ Security Update ေတြကို ေသခ်ာရွင္းျပၿပီး Promote မလုပ္တာေၾကာင့္လို႔ဆိုၿပီး ေျပာသြားခဲ့တာပါ။

ဘာပဲျဖစ္ျဖစ္ ဒီတစ္ႀကိမ္မွာေတာ့ Nokia က ၿပိဳင္ဘက္မရွိအႏိုင္ရသြားတာျဖစ္ၿပီး လာမယ့္ Android 10 Update အတြက္လည္း လက္ရွိ စမတ္ဖုန္း ၁၇ မ်ိဳးအတြက္ Roadmap ထုတ္ေပးထားၿပီးၿပီဆိုေတာ့ Update ျမန္ျမန္လိုခ်င္တဲ့သူေတြအတြက္ကေတာ့ Nokia ဖုန္းေတြက ေ႐ြးခ်ယ္စရာျဖစ္ေနမွာပါ။

Ref – Android Authority

Unicode

Research Company တစ်ခုဖြစ်တဲ့ Counterpoint Research ကနေ အခုအချိန်မှာ Third-party Android စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ဘယ်သူက Android Update တွေကို အကောင်းဆုံးပေးနိုင်လဲဆိုတဲ့ Report တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အခု Report ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တတိယ ၃ လပတ် (Q3 2018) ကနေ ၂၀၁၉ ခုနှစ် ဒုတိယ ၃ လပတ် (Q2 2019) အထိ ရယူထားတဲ့ Report တစ်ခုဖြစ်ပြီးတော့ Android ဖုန်းတစ်ခုကို Update ရေရှည်လိုချင်တဲ့သူတွေအတွက် အရေးကြီးတဲ့ Report တစ်ခုလို့တောင် ပြောလို့ရပါတယ်။

အခု Counterpoint ရဲ့ Report မှာတော့ Android 9 Pie ကို အသုံးပြုနေတဲ့ဖုန်းတွေထဲမှာ Nokia စမတ်ဖုန်းတွေက ထုတ်ခဲ့သမျှဖုန်းတွေရဲ့ ၉၆ ရာခိုင်နှုန်းအထိ ပါဝင်နေတဲ့အတွက် နံပါတ် (၁) နေရာကို ရရှိခဲ့ပါတယ်။ Nokia ရဲ့ နောက်မှာတော့ Samsung က ၈၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ၊ Xiaomi က ၈၂ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ အသီးသီးရှိနေပါတယ်။ ကျန်တဲ့ Huawei နဲ့ Lenovo တို့ကတော့ ၈၂ ရာခိုင်နှုန်းနဲ့ ၄၃ ရာခိုင်နှုန်းကိုယ်စီနဲ့ အနောက်မှာရှိနေတာဖြစ်ပါတယ်။

ဒ့ါအပြင် ယခင် Android Version အနိမ့်နဲ့ထွက်ထားတဲ့ စမတ်ဖုန်းတွေကို Android 9 Pie ကို Update ပေးနိုင်မှုမှာလည်း Nokia ပဲ ၁၂ လအတွင်းမှာ ထွက်ထားတဲ့ဖုန်းတွေရဲ့ ၉၄ ရာခိုင်နှုန်းအထိ Update ပေးနိုင်ပြီးတော့ ပထမနေရာကို ဗိုလ်စွဲထားတုန်းပါပဲ။ ဒုတိယနေရာမှာတော့ Xiaomi ရှိနေတယ်ဆိုပေမယ့် ထွက်ထားတဲ့ စမတ်ဖုန်းတွေရဲ့ ၆၂ ရာခိုင်နှုန်းအထိပဲ Update ပေးနိုင်ခဲ့တဲ့အတွက် ကွာဟချက်က တော်တော်ကို များနေသေးတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Lenovo က ၅၂ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေပြီး Huawei ကနေ ၄၀ ရာခိုင်နှုန်း၊ Vivo က ၂၈ ရာခိုင်နှုန်းနဲ့ အသီးသီးရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Update လုပ်ပေးနိုင်မှုမှာတော့ Nokia က လုံးဝထိပ်ဆုံးမှာရှိနေတာပါ။

Counterpoint Research ရဲ့ Director ဖြစ်တဲ့ Peter Richardson ကတော့ အခုလိုမျိုး Android Update တွေက အရေးကြီးတယ်ဆိုပေမယ့် Customer တော်တော်များများက ဂရုမစိုက်ကြဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ဒါကလည်း စမတ်ဖုန်းထုတ်လုပ်သူတော်တော်များများက Android Update တွေနဲ့ Security Update တွေကို သေချာရှင်းပြပြီး Promote မလုပ်တာကြောင့်လို့ဆိုပြီး ပြောသွားခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ Nokia က ပြိုင်ဘက်မရှိအနိုင်ရသွားတာဖြစ်ပြီး လာမယ့် Android 10 Update အတွက်လည်း လက်ရှိ စမတ်ဖုန်း ၁၇ မျိုးအတွက် Roadmap ထုတ်ပေးထားပြီးပြီဆိုတော့ Update မြန်မြန်လိုချင်တဲ့သူတွေအတွက်ကတော့ Nokia ဖုန်းတွေက ရွေးချယ်စရာဖြစ်နေမှာပါ။

Ref – Android Authority