[Zawgyi]

HMD ကေတာ့ Nokia X71 အတြက္ ဖိတ္ၾကားမႈကို စတင္ထုတ္ေဖာ္လိုက္ပါၿပီ။ ဒီပြဲကေတာ့ လာမယ့္ ဧၿပီလ ၂ ရက္ေန႔မွာ က်င္းပမွာပါ။ ေနရာကေတာ့ ထိုင္ဝမ္မွာ ျဖစ္ပါတယ္။ ဒီပြဲမွာ Nokia X71 အျပင္ ထိုင္ဝမ္အတြက္ Nokia 9 PureView နဲ႔ ပတ္သက္တဲ့ အစီအစဥ္လည္း ပါဝင္လာဖြယ္ ရွိပါတယ္။

X71 ဟာ HMD ရဲ႕ ပထမဆုံးေသာ 48MP sensor ပါဝင္တဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္လာမွာပါ။ ဒါ့အျပင္ Nokia ဖုန္းေတြထဲမွာ Punch-hole display နဲ႔ စမတ္ဖုန္းလည္း ျဖစ္လာဦးမွာပါ။ လက္ရွိအခ်ိန္ သိရသေလာက္ကေတာ့ Nokia X71 ရဲ႕ ကင္မရာသုံးလုံးဟာ Zeiss optics နဲ႔ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေက်ာဘက္ကင္မရာသုံးလုံးမွာ အဓိက ကင္မရာက 48MP sensor နဲ႔ျဖစ္ၿပီး ဒုတိယကင္မရာက 120° ultra-wide snapper ျဖစ္တယ္လို႔ သိရပါတယ္။ ကင္မရာ အားလုံးနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကို မသိရေသးတဲ့အတြက္ တတိယကင္မရာအေၾကာင္းသိဖို႔ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

ထြက္ေပၚေနတဲ့ ေကာလာဟလသတင္းစကားေတြအရ Nokia X71 ဟာ ေနာက္ပိုင္းမွာ Nokia 8.1 Plus အျဖစ္ ႏိုင္ငံတကာေဈးကြက္ကို ထိုးေဖာက္သြားဖြယ္ရွိမယ္လို႔လည္း ထင္ေၾကးေပးခံေနရတာပါ။ ဒါေပမယ့္ Nokia X71 နဲ႔လည္း လုံးဝႀကီးေတာ့ တူညီမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ Global ျဖန႔္မယ့္အမ်ိဳးအစားဟာ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးပဲ တပ္ထားမယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ေပါက္ၾကားမႈေတြအရ Nokia 8.1 Plus ဟာ 6.22-inch Full HD+ resolution display နဲ႔ ျဖစ္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Nokia 8.1 ကို ဆက္ခံမယ့္ Mid-range စမတ္ဖုန္းတစ္လုံးအေနနဲ႔ပဲ ထြက္လာဖြယ္ရွိတယ္လို႔လည္း ဆိုၾကတာပါ။ တ႐ုတ္မွာေတာ့ Nokia 8.1 ကို X7 အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာတုန္းက မိတ္ဆက္သြားခဲ့တာ ျဖစ္ပါတယ္။

Nokia 8.1 ဟာ Snapdragon 710 SoC ကို အသုံးျပဳထားတာေၾကာင့္ Nokia X71 နဲ႔ 8.1 Plus တို႔မွာလည္း အလားတူ Chipset ပဲ သုံးလာႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ OS ပိုင္းမွာေတာ့ ေနာက္ဆုံးေပၚ Android 9.0 Pie နဲ႔ ျဖစ္ဖြယ္ရွိပါတယ္။ Nokia 8.1 Plus ကို ဒုတိယသုံးလပတ္ကုန္ဆုံးကာနီးေလာက္မွာ ႏိုင္ငံတကာေဈးကြက္ဆီ ျဖန႔္ခ်ိႏိုင္ဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

48MP အနောက်ကင်မရာတပ်ဆင်ထားတဲ့ Nokia X71 နဲ့ Nokia 8.1 Plus တွေကို မိတ်ဆက်တော့မယ့် HMD

HMD ကတော့ Nokia X71 အတွက် ဖိတ်ကြားမှုကို စတင်ထုတ်ဖော်လိုက်ပါပြီ။ ဒီပွဲကတော့ လာမယ့် ဧပြီလ ၂ ရက်နေ့မှာ ကျင်းပမှာပါ။ နေရာကတော့ ထိုင်ဝမ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ Nokia X71 အပြင် ထိုင်ဝမ်အတွက် Nokia 9 PureView နဲ့ ပတ်သက်တဲ့ အစီအစဉ်လည်း ပါဝင်လာဖွယ် ရှိပါတယ်။

X71 ဟာ HMD ရဲ့ ပထမဆုံးသော 48MP sensor ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာမှာပါ။ ဒါ့အပြင် Nokia ဖုန်းတွေထဲမှာ Punch-hole display နဲ့ စမတ်ဖုန်းလည်း ဖြစ်လာဦးမှာပါ။ လက်ရှိအချိန် သိရသလောက်ကတော့ Nokia X71 ရဲ့ ကင်မရာသုံးလုံးဟာ Zeiss optics နဲ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျောဘက်ကင်မရာသုံးလုံးမှာ အဓိက ကင်မရာက 48MP sensor နဲ့ဖြစ်ပြီး ဒုတိယကင်မရာက 120° ultra-wide snapper ဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာ အားလုံးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးတဲ့အတွက် တတိယကင်မရာအကြောင်းသိဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းစကားတွေအရ Nokia X71 ဟာ နောက်ပိုင်းမှာ Nokia 8.1 Plus အဖြစ် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်သွားဖွယ်ရှိမယ်လို့လည်း ထင်ကြေးပေးခံနေရတာပါ။ ဒါပေမယ့် Nokia X71 နဲ့လည်း လုံးဝကြီးတော့ တူညီမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Global ဖြန့်မယ့်အမျိုးအစားဟာ ကျောဘက်မှာ ကင်မရာနှစ်လုံးပဲ တပ်ထားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ပေါက်ကြားမှုတွေအရ Nokia 8.1 Plus ဟာ 6.22-inch Full HD+ resolution display နဲ့ ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Nokia 8.1 ကို ဆက်ခံမယ့် Mid-range စမတ်ဖုန်းတစ်လုံးအနေနဲ့ပဲ ထွက်လာဖွယ်ရှိတယ်လို့လည်း ဆိုကြတာပါ။ တရုတ်မှာတော့ Nokia 8.1 ကို X7 အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

Nokia 8.1 ဟာ Snapdragon 710 SoC ကို အသုံးပြုထားတာကြောင့် Nokia X71 နဲ့ 8.1 Plus တို့မှာလည်း အလားတူ Chipset ပဲ သုံးလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ OS ပိုင်းမှာတော့ နောက်ဆုံးပေါ် Android 9.0 Pie နဲ့ ဖြစ်ဖွယ်ရှိပါတယ်။ Nokia 8.1 Plus ကို ဒုတိယသုံးလပတ်ကုန်ဆုံးကာနီးလောက်မှာ နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSMArena