[Zawgyi]

ဧၿပီလ ၂ ရက္ေန႔၊ ထိုင္ဝမ္မွာ မိတ္ဆက္မယ္လို႔ တရားဝင္ဖိတ္စာေဝလိုက္ၿပီးတဲ့ေနာက္ ရက္ပိုင္းအတြင္းမွာပဲ Nokia X71 ရဲ႕ Specs ေတြကို Geekbench ေပၚမွာ ေတြ႕ျမင္ၾကရၿပီ ျဖစ္ပါတယ္။ ကနဦးထြက္ေပၚထားတဲ့သတင္းေတြကေတာ့ Nokia X71 ဟာ HMD ရဲ႕ ပထမဆုံး 48MP sensor ကင္မရာပါဝင္တဲ့ စမတ္ဖုန္း တစ္လုံးဆိုတာပါပဲ။

Geekbench မွာေတာ့ “HMD Global Nokia X71” လို႔ေတြ႕ျမင္ရမွာျဖစ္ၿပီး Qualcomm Snapdragon 660 CPU သုံးထားတာကိုလည္း သိရွိရမွာ ျဖစ္ပါတယ္။ တြဲဖက္ထားတဲ့ မန္မိုရီကေတာ့ 6GB RAM ျဖစ္တာေၾကာင့္ Multitasking ပိုင္းမွာေတာ့ အေတာ္အသင့္ဆိုတာထက္ ေကာင္းမြန္ဖြယ္ရွိပါတယ္။ ဒါေပမယ့္ 6GB of RAM အမ်ိဳးအစားကို အာရွေဈးကြက္ ျပင္ပမွာ ေရာင္းခ်ဖြယ္မရွိဘူးလို႔လည္း သိရပါတယ္။ Geekbench မွာ ေတြ႕ျမင္ရတာက Nokia X71 ဟာ Android 9 OS run ထားတာပါ။

Nokia 8.1 Plus အေၾကာင္း သတင္းေပါက္ၾကားမႈေတြျဖစ္တုန္းက ဒီဖုန္းဟာ Snapdragon 710 သုံးထားၿပီး ေက်ာဘက္မွာလည္း ကင္မရာ ႏွစ္လုံးပဲသုံးမယ္လို႔ သတင္းထြက္ခဲ့တာပါ။ အခု X71 ကို Snapdragon 660 သုံးထားေၾကာင္း Geekbench မွာေတြ႕ျမင္လိုက္ရေတာ့ နည္းနည္း ထူးဆန္းတယ္လို႔ ခံစားရပါတယ္။ ဒီေတာ့ Nokia 8.1 Plus global ဟာ SD 710 သုံးၿပီး X71 ထိုင္ဝမ္သီးသန႔္ကေတာ့ SD 660 သုံးထားတာလည္း ျဖစ္ႏိုင္ပါတယ္။

Nokia X71 ဟာ ကုမၸဏီရဲ႕ ပထမဆုံး Punch-hole ကင္မရာနဲ႔ ဖုန္းလည္း ျဖစ္လာမယ္လို႔ သတင္းထြက္ထားတာလည္း အတည္မျပဳႏိုင္ေသးပါဘူး။ လာမယ့္တစ္ပတ္ထဲမွာ မိတ္ဆက္ပြဲလုပ္မွာျဖစ္ေပမယ့္ ဒီတစ္ရက္ႏွစ္ရက္အတြင္းမွာ ပိုၿပီးအေသးစိတ္က်တဲ့ အခ်က္အလက္ေတြကို ေတြ႕ျမင္ရဖြယ္ ရွိေနပါတယ္။ အေသးစိတ္အခ်က္အလက္ေတြ သိရရင္ေတာ့ Nokia X71 ဟာ Redmi Note 7 နဲ႔ ၿပိဳင္ဘက္ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ဆိုတာကို သိရေတာ့မွာပါ။

Ref: GSMArena

[Unicode]

Nokai X71 ဟာ Snapdragon 660 သုံးထားကြောင်း Geekbench ကတစ်ဆင့် သိရပြီ

ဧပြီလ ၂ ရက်နေ့၊ ထိုင်ဝမ်မှာ မိတ်ဆက်မယ်လို့ တရားဝင်ဖိတ်စာဝေလိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ Nokia X71 ရဲ့ Specs တွေကို Geekbench ပေါ်မှာ တွေ့မြင်ကြရပြီ ဖြစ်ပါတယ်။ ကနဦးထွက်ပေါ်ထားတဲ့သတင်းတွေကတော့ Nokia X71 ဟာ HMD ရဲ့ ပထမဆုံး 48MP sensor ကင်မရာပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးဆိုတာပါပဲ။

Geekbench မှာတော့ “HMD Global Nokia X71” လို့တွေ့မြင်ရမှာဖြစ်ပြီး Qualcomm Snapdragon 660 CPU သုံးထားတာကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ တွဲဖက်ထားတဲ့ မန်မိုရီကတော့ 6GB RAM ဖြစ်တာကြောင့် Multitasking ပိုင်းမှာတော့ အတော်အသင့်ဆိုတာထက် ကောင်းမွန်ဖွယ်ရှိပါတယ်။ ဒါပေမယ့် 6GB of RAM အမျိုးအစားကို အာရှဈေးကွက် ပြင်ပမှာ ရောင်းချဖွယ်မရှိဘူးလို့လည်း သိရပါတယ်။ Geekbench မှာ တွေ့မြင်ရတာက Nokia X71 ဟာ Android 9 OS run ထားတာပါ။

Nokia 8.1 Plus အကြောင်း သတင်းပေါက်ကြားမှုတွေဖြစ်တုန်းက ဒီဖုန်းဟာ Snapdragon 710 သုံးထားပြီး ကျောဘက်မှာလည်း ကင်မရာ နှစ်လုံးပဲသုံးမယ်လို့ သတင်းထွက်ခဲ့တာပါ။ အခု X71 ကို Snapdragon 660 သုံးထားကြောင်း Geekbench မှာတွေ့မြင်လိုက်ရတော့ နည်းနည်း ထူးဆန်းတယ်လို့ ခံစားရပါတယ်။ ဒီတော့ Nokia 8.1 Plus global ဟာ SD 710 သုံးပြီး X71 ထိုင်ဝမ်သီးသန့်ကတော့ SD 660 သုံးထားတာလည်း ဖြစ်နိုင်ပါတယ်။

Nokia X71 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Punch-hole ကင်မရာနဲ့ ဖုန်းလည်း ဖြစ်လာမယ်လို့ သတင်းထွက်ထားတာလည်း အတည်မပြုနိုင်သေးပါဘူး။ လာမယ့်တစ်ပတ်ထဲမှာ မိတ်ဆက်ပွဲလုပ်မှာဖြစ်ပေမယ့် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။ အသေးစိတ်အချက်အလက်တွေ သိရရင်တော့ Nokia X71 ဟာ Redmi Note 7 နဲ့ ပြိုင်ဘက်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို သိရတော့မှာပါ။

Ref: GSMArena