[Zawgyi]

လာေတာ့မယ္ လာေတာ့မယ္ ဆိုၿပီး ခုခ်ိန္ထိ ထြက္မလာေသးတာ Nokia 9 ပါ။ Nokia 9 နဲ႔ပတ္သတ္ၿပီး Nokia ဘက္က တရားဝင္ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးေပမယ့္ Nokia 9 ရဲ႕ သတင္းေတြကေတာ့ လြန္ခဲ့တဲ့ လေတြကတည္းက အြန္လိုင္းေပၚမွာ ျပန္႔က်ဲေနခဲ့ပါတယ္။

ဒီေန႔မွာလည္း Nokia 9 နဲ႔အတူ တြဲဖက္အသုံးျပဳရမယ့္ ဖုန္းကာဗာပုံေတြ ထြက္ေပၚလာျပန္ပါတယ္။ အရင္တုန္းက ျမင္ေတြ႕ခဲ့ဖူးတဲ့ Nokia 9 ပုံေတြနဲ႔ တစ္ပုံစံတည္းတူေနၿပီး Nokia 9 pure view ဆိုတဲ့ နာမည္နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ကင္မရာ ၅လုံးဆိုေပမယ့္ ဖုန္းကာဗာမွာပါမယ့္ အေပါက္ႀကီးေတြကေတာ့ ၇ေပါက္ပါ။ ၅ေပါက္က ကင္မရာ ၅လုံးအတြက္ ျဖစ္ၿပီး၊ က်န္တဲ့ ၂ေပါက္ကေတာ့ Optic Sensor နဲ႔ Flash Light အတြက္ ျဖစ္ႏိုင္ပါတယ္။

ဖုန္းကာဗာပုံေတြကို ျပဴးၿပဲၾကည့္မယ္ဆိုရင္ Penta-camera Setup ရဲ႕ ထိပ္ဘက္မွာ Mic ေပါက္ေလး ပါဝင္ေနတာကို ေတြ႕ရမွာပါ။ ေအာက္ဘက္မွာဆိုရင္လည္း Speaker, USB နဲ႔ Mic အေပါက္ေတြကို ေတြ႕ရပါတယ္။ Nokia 9 pure view ရဲ႕ Processor အပိုင္းအတြက္ Snapdragon 845 SoC ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 8GB အထိ ပါဝင္လာႏိုင္ပါတယ္။ 5.9” QHD Display ကို အသုံးထားႏိုင္ၿပီး In-display Fingerprint Sensor နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Nokia 9 Pure View ကို MWC 2019 မွာ ျမင္ေတြ႕ႏိုင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : gsmarena

[Unicode]

ကင်မရာ ၅လုံးပါတဲ့ Nokia 9 ရဲ့ ဖုန်းကာဗာတွေ ထွက်လာပြီ

လာတော့မယ် လာတော့မယ် ဆိုပြီး ခုချိန်ထိ ထွက်မလာသေးတာ Nokia 9 ပါ။ Nokia 9 နဲ့ပတ်သတ်ပြီး Nokia ဘက်က တရားဝင်ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေမယ့် Nokia 9 ရဲ့ သတင်းတွေကတော့ လွန်ခဲ့တဲ့ လတွေကတည်းက အွန်လိုင်းပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။

ဒီနေ့မှာလည်း Nokia 9 နဲ့အတူ တွဲဖက်အသုံးပြုရမယ့် ဖုန်းကာဗာပုံတွေ ထွက်ပေါ်လာပြန်ပါတယ်။ အရင်တုန်းက မြင်တွေ့ခဲ့ဖူးတဲ့ Nokia 9 ပုံတွေနဲ့ တစ်ပုံစံတည်းတူနေပြီး Nokia 9 pure view ဆိုတဲ့ နာမည်နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ကင်မရာ ၅လုံးဆိုပေမယ့် ဖုန်းကာဗာမှာပါမယ့် အပေါက်ကြီးတွေကတော့ ၇ပေါက်ပါ။ ၅ပေါက်က ကင်မရာ ၅လုံးအတွက် ဖြစ်ပြီး၊ ကျန်တဲ့ ၂ပေါက်ကတော့ Optic Sensor နဲ့ Flash Light အတွက် ဖြစ်နိုင်ပါတယ်။

ဖုန်းကာဗာပုံတွေကို ပြူးပြဲကြည့်မယ်ဆိုရင် Penta-camera Setup ရဲ့ ထိပ်ဘက်မှာ Mic ပေါက်လေး ပါဝင်နေတာကို တွေ့ရမှာပါ။ အောက်ဘက်မှာဆိုရင်လည်း Speaker, USB နဲ့ Mic အပေါက်တွေကို တွေ့ရပါတယ်။ Nokia 9 pure view ရဲ့ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 8GB အထိ ပါဝင်လာနိုင်ပါတယ်။ 5.9” QHD Display ကို အသုံးထားနိုင်ပြီး In-display Fingerprint Sensor နဲ့ ပွဲထွက်လာနိုင်ပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Nokia 9 Pure View ကို MWC 2019 မှာ မြင်တွေ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : gsmarena