Zawgyi

Nokia 9 ဟာ ေနာက္ေက်ာဘက္မွာတင္ ကင္မရာ ၅လုံး တပ္ဆင္ထားမယ့္ စမတ္ဖုန္း တစ္လုံး ျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္တာနဲ႔အညီ သတင္းယိုစိမ့္မႈနဲ႔ ေကာလဟလေတြကလည္း မၾကာခဏဆိုသလို ထြက္ေပၚေနပါတယ္။ ဒီေန႔မွာလည္း Nokia 9 ရဲ႕ ကိုယ္ထည္ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမယ့္ Renders ဗီဒီယိုတစ္ခု ထပ္မံ ထြက္ေပၚလာျပန္ပါတယ္။

အဆိုပါ Renders ဗီဒီယိုဟာ 91Mobiles ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ 91Mobiles ရဲ႕ ေျပာၾကားခ်က္မ်ားအရ ေနာက္ေက်ာဘက္ ကင္မရာ ၅လုံးအနက္ ၃လုံးက Telephoto Lens, Wide-angle Lens နဲ႔ Depth-sensing Sensor မ်ား ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Zeiss Logo ပါဝင္တာ ေတြ႕ရၿပီး PureView အမွတ္တံဆိပ္ကိုေတာ့ ျမင္ေတြ႕ရျခင္း မရွိပါဘူး။

ေရွ႕ဘက္မ်က္ႏွာျပင္မွာ Notch Display အသုံးျပဳ မထားတာကို ေတြ႕ရမွာပါ။ ေအာက္ဘက္မွာေတာ့ USB Type-C , Speaker နဲ႔ Mic ေပါက္ေတြကို ေတြ႕ရၿပီး Headphone Jack ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ Fingerprint Scanner ကို ေနာက္ေက်ာဘက္မွာ မေတြ႕ရသလို ေရွ႕ဘက္မ်က္ႏွာျပင္မွာလည္း တပ္ဆင္ထားျခင္း မရွိပါဘူး။ ဒါ့ေၾကာင့္ In-display Fingerprint Scanner ကို အသုံးျပဳထားႏိုင္ပါတယ္။ ဒါ့အျပင္ Face Unlock စနစ္လည္း ပါဝင္ဦးမွာပါ။

Nokia 9 ရဲ႕ Body အပိုင္းကို ေရွ႕/ေနာက္ Glass ဖုံးအုပ္ထားႏိုင္ၿပီး Metal Frame ကို အသုံးျပဳထားႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာ Glass Panel ကို အသုံးျပဳထားတဲ့အတြက္ Wireless Charging Support လည္း ရရွိႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref: gadgets.ndtv

Unicode

ကျောဘက် ကင်မရာ ၅လုံး ပါဝင်တဲ့ Nokia 9 ရဲ့ Renders ဗီဒီယို ထွက်ပေါ်

Nokia 9 ဟာ နောက်ကျောဘက်မှာတင် ကင်မရာ ၅လုံး တပ်ဆင်ထားမယ့် စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တာနဲ့အညီ သတင်းယိုစိမ့်မှုနဲ့ ကောလဟလတွေကလည်း မကြာခဏဆိုသလို ထွက်ပေါ်နေပါတယ်။ ဒီနေ့မှာလည်း Nokia 9 ရဲ့ ကိုယ်ထည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမယ့် Renders ဗီဒီယိုတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။

အဆိုပါ Renders ဗီဒီယိုဟာ 91Mobiles ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 91Mobiles ရဲ့ ပြောကြားချက်များအရ နောက်ကျောဘက် ကင်မရာ ၅လုံးအနက် ၃လုံးက Telephoto Lens, Wide-angle Lens နဲ့ Depth-sensing Sensor များ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Zeiss Logo ပါဝင်တာ တွေ့ရပြီး PureView အမှတ်တံဆိပ်ကိုတော့ မြင်တွေ့ရခြင်း မရှိပါဘူး။

ရှေ့ဘက်မျက်နှာပြင်မှာ Notch Display အသုံးပြု မထားတာကို တွေ့ရမှာပါ။ အောက်ဘက်မှာတော့ USB Type-C , Speaker နဲ့ Mic ပေါက်တွေကို တွေ့ရပြီး Headphone Jack တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Fingerprint Scanner ကို နောက်ကျောဘက်မှာ မတွေ့ရသလို ရှေ့ဘက်မျက်နှာပြင်မှာလည်း တပ်ဆင်ထားခြင်း မရှိပါဘူး။ ဒါ့ကြောင့် In-display Fingerprint Scanner ကို အသုံးပြုထားနိုင်ပါတယ်။ ဒါ့အပြင် Face Unlock စနစ်လည်း ပါဝင်ဦးမှာပါ။

Nokia 9 ရဲ့ Body အပိုင်းကို ရှေ့/နောက် Glass ဖုံးအုပ်ထားနိုင်ပြီး Metal Frame ကို အသုံးပြုထားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာ Glass Panel ကို အသုံးပြုထားတဲ့အတွက် Wireless Charging Support လည်း ရရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: gadgets.ndtv