Zawgyi

Nokia brand ကို ပိုင်ဆိုင်တဲ့ HMD Global အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် Nokia ဖုန်းတွေအတွက် ကင်မရာအပိုင်းကို ဦးစားပေး လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။  မျိုးဆက်သစ် Nokia ဖုန်းဖြစ်နိုင်တဲ့ စမတ်ဖုန်း တစ်လုံးဟာ တရုတ်နိုင်ငံ အခြေစိုက် ITHome ဝက်ဆိုက်ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။


 

တချို့သော ကျွမ်းကျင် ပညာရှင်များက အဆိုပါ စမတ်ဖုန်းဟာ စက်ရုံထဲရှိ စမ်းသပ်မော်ဒယ်သာ ဖြစ်နိုင်ပြီး ဈေးကွက်ထဲကို ရောက်ရှိမလာနိုင်ဘူးလို့ သုံးသပ်ထားပြီး တချို့ကတော့ Nokia 9 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: androidauthority

Unicode

စက်ဝိုင်းပုံစံ ကျောဘက်ကင်မရာ ၅လုံးနဲ့ Nokia 9

Nokia brand ကို ပိုင်ဆိုင်တဲ့ HMD Global အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Nokia ဖုန်းတွေအတွက် ကင်မရာအပိုင်းကို ဦးစားပေး လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ မျိူးဆက်သစ် Nokia ဖုန်းဖြစ်နိုင်တဲ့ စမတ်ဖုန်း တစ်လုံးဟာ တရုတ်နိုင်ငံ အခြေစိုက် ITHome ဝက်ဆိုက်ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ITHome ဝက်ဆိုက်ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံအရဆိုရင် Flash light, Sensor နဲ့ ကင်မရာ ၅လုံးတို့ကို စက်ဝိုင်း ပုံသဏ္ဍာန်တည်ဆောက်ပြီး တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် HMD Global အနေနဲ့ မကြာသေးမီကမှ Microsoft ဆီကနေ PueView trademark ကို ပြန်လည်ဝယ်ယူလိုက်တဲ့အတွက် ကင်မရာလုပ်ဆောင်ချက်တွေမှာ ဆန်းသစ်တဲ့ နည်းပညာတွေ ပါဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းထွက် Nokia ဖုန်းတွေမှာ ZEISS အမှတ်တံဆိပ်အပြင် PureView အမှတ်ကိုပါ မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။

တချိူ့သော ကျွမ်းကျင် ပညာရှင်များက အဆိုပါ စမတ်ဖုန်းဟာ စက်ရုံထဲရှိ စမ်းသပ်မော်ဒယ်သာ ဖြစ်နိုင်ပြီး စျေးကွက်ထဲကို ရောက်ရှိမလာနိုင်ဘူးလို့ သုံးသပ်ထားပြီး တချိူ့ကတော့ Nokia 10 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref: androidauthority