[Zawgyi]

Redmi X ဆိုတဲ့ နာမည္နဲ႔အတူ Pop-up Selfie Camera , Triple Camera Setup ေတြပါတဲ့ စမတ္ဖုန္း တစ္လုံးရဲ႕ ပိုစတာဟာ တ႐ုတ္လူမႈ႕ကြန္ရက္ ဝက္ဆိုက္တစ္ခုျဖစ္တဲ့ Weibo ေပၚမွာ ဂယက္ထေနပါတယ္။ ဒါ့အျပင္ မိတ္ဆက္ပြဲေန႔ကို ၅လပိုင္း၊ ၁၄ရက္ေန႔လို႔ ေဖာ္ျပထားတဲ့ ဇီးကြက္ပုံနဲ႔ ပိုစတာ တစ္ခုလည္း ထြက္ေပၚထားပါေသးတယ္။ ဒါ့ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဟာ Snapdragon 855 အသုံးျပဳထားမယ့္ Redmi Flagship စမတ္ဖုန္းကို Redmi X လို႔ ေခၚဆိုမွာျဖစ္ေၾကာင္း ယုံၾကည္ေနၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္ Redmi ရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္သူ Lu Weibing ကေတာ့ သူတို႔အေနနဲ႔ Redmi X လို႔ ကင္ပြန္းတပ္ထားတာ မဟုတ္ေၾကာင္း မေန႔ညတုန္းက အတည္ျပဳေပးခဲ့ပါတယ္။ Lu Weibing က “ Redmi X လို႔ မေခၚပါဘူးဗ်ာ၊ အဲ့ဒီထက္ ပိုလန္းတဲ့ နာမည္ ရွိပါလိမ့္မယ္၊ ေကာင္းေသာညပါေနာ္” ဆိုၿပီး Weibo မွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့ေၾကာင့္ အရင္ေန႔ေတြက ထြက္ေပၚထားတဲ့ ပိုစတာေတြဟာ အတုအေယာင္လို႔ ယူဆရမွာပါ။

Redmi အေနနဲ႔ Pop-up Selfie Camera ပါတဲ့ စမတ္ဖုန္းေတြကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတာမွန္ေပမယ့္ Snapdragon 730 SoC ကို အသုံးျပဳထားတာလား ဒါမွမဟုတ္ Snapdragon 855 SoC ကို အသုံးျပဳထားတာလားဆိုတာ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Snapdragon 730 SoC အသုံးျပဳထားမယ့္ ေမာ္ဒယ္မွာ 48MP+8MP+13MP Triple Camera Setup , 4000mAh Battery, AMOLED Display နဲ႔ In-display Fingerprint Sensor ေတြပါဝင္မယ္လို႔ သတင္းထြက္ထားတာ ရွိပါတယ္။ ဒါ့ေၾကာင့္ Snapdragon 855 အသုံးျပဳ စမတ္ဖုန္းကို Redmi Flagship အျဖစ္ မိတ္ဆက္ႏိုင္ၿပီး Snapdragon 730 အသုံးျပဳ စမတ္ဖုန္းကို Redmi Premium Mid-range စမတ္ဖုန္း အျဖစ္ မိတ္ဆက္လာႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 855 အသုံးပြု စမတ်ဖုန်းကို Redmi X လို့ မခေါ်ဆိုကြောင်း Lu Weibing အတည်ပြု

Redmi X ဆိုတဲ့ နာမည်နဲ့အတူ Pop-up Selfie Camera , Triple Camera Setup တွေပါတဲ့ စမတ်ဖုန်း တစ်လုံးရဲ့ ပိုစတာဟာ တရုတ်လူမှု့ကွန်ရက် ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Weibo ပေါ်မှာ ဂယက်ထနေပါတယ်။ ဒါ့အပြင် မိတ်ဆက်ပွဲနေ့ကို ၅လပိုင်း၊ ၁၄ရက်နေ့လို့ ဖော်ပြထားတဲ့ ဇီးကွက်ပုံနဲ့ ပိုစတာ တစ်ခုလည်း ထွက်ပေါ်ထားပါသေးတယ်။ ဒါ့ကြောင့် လူတော်တော်များများဟာ Snapdragon 855 အသုံးပြုထားမယ့် Redmi Flagship စမတ်ဖုန်းကို Redmi X လို့ ခေါ်ဆိုမှာဖြစ်ကြောင်း ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် Redmi ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Lu Weibing ကတော့ သူတို့အနေနဲ့ Redmi X လို့ ကင်ပွန်းတပ်ထားတာ မဟုတ်ကြောင်း မနေ့ညတုန်းက အတည်ပြုပေးခဲ့ပါတယ်။ Lu Weibing က “ Redmi X လို့ မခေါ်ပါဘူးဗျာ၊ အဲ့ဒီထက် ပိုလန်းတဲ့ နာမည် ရှိပါလိမ့်မယ်၊ ကောင်းသောညပါနော်” ဆိုပြီး Weibo မှာ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် အရင်နေ့တွေက ထွက်ပေါ်ထားတဲ့ ပိုစတာတွေဟာ အတုအယောင်လို့ ယူဆရမှာပါ။

Redmi အနေနဲ့ Pop-up Selfie Camera ပါတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာမှန်ပေမယ့် Snapdragon 730 SoC ကို အသုံးပြုထားတာလား ဒါမှမဟုတ် Snapdragon 855 SoC ကို အသုံးပြုထားတာလားဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Snapdragon 730 SoC အသုံးပြုထားမယ့် မော်ဒယ်မှာ 48MP+8MP+13MP Triple Camera Setup , 4000mAh Battery, AMOLED Display နဲ့ In-display Fingerprint Sensor တွေပါဝင်မယ်လို့ သတင်းထွက်ထားတာ ရှိပါတယ်။ ဒါ့ကြောင့် Snapdragon 855 အသုံးပြု စမတ်ဖုန်းကို Redmi Flagship အဖြစ် မိတ်ဆက်နိုင်ပြီး Snapdragon 730 အသုံးပြု စမတ်ဖုန်းကို Redmi Premium Mid-range စမတ်ဖုန်း အဖြစ် မိတ်ဆက်လာနိုင်ပါတယ်။

Ref : Gizmochina