[Zawgyi]

iPhone ေတြမွာ Notch မပါေတာ့ဘူးဆိုရင္ iPhone Fan ေတြက အေပ်ာ္ဆုံး ျဖစ္ပါလိမ့္မယ္။ ၂၀၁၉ မွာထုတ္မယ့္ iPhone 11 ေတြမွာ Notch ေတြေပ်ာက္သြားဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ တကယ္ေတာ့ ၂၀၂၀ မွပဲ iPhone ေတြမွာ Notch ေတြေပ်ာက္သြားႏိုင္တယ္ဆိုတာကို လြန္ခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာေလာက္ကတည္းက သတင္းထြက္ခဲ့ၿပီးသား ျဖစ္ပါတယ္။

အခုေတာ့ Notch ႀကီးႀကီးနဲ႔ ၂၀၁၉ iPhone ေတြကိုျမင္ရတာ ခ်ိဳ (ဂ်ိဳ) တေထာင္ေထာင္နဲ႔ ကုိးရုိးကားရား ျဖစ္ေနသလိုပါပဲ။ Apple ဆိုတဲ့ အမွတ္တံဆိပ္ကသာမဟုတ္ရင္ ဒီေလာက္ႀကီးတဲ့ Notch နဲ႔ စမတ္ဖုန္းဟာ အေတာ္ေလးကို ေဝဖန္ခံရမွာ အမွန္ပါပဲ။ ဒါေပမယ့္ Apple အေနနဲ႔ iPhone ေတြမွာ Notch ေတြကို အလြယ္ေလး ေဖ်ာက္ႏိုင္တဲ့ နည္းလမ္းရွိလိမ့္မယ္လို႔ ယူဆရပါတယ္။

ဒီရက္ထဲမွာ ထြက္ေပၚလာတဲ့ Notch-less iPhone Concept ပုံရိပ္ေတြက Apple အေနနဲ႔ Notch ေတြကို အလြယ္တကူေဖ်ာက္ႏိုင္တယ္လို႔ ေျပာေနသလိုပါပဲ။ ၂၀၂၀ iPhone ေတြရဲ႕ ေရွ႕ေျပးပုံစံလို႔ ယူဆရတဲ့ ဒီ႐ုပ္ပုံေတြမွာ Selfie ကင္မရာ၊ စပီကာ၊ မိုက္ခ႐ိုဖုန္း၊ Proximity sensor, Infrared camera စတာေတြကို က်ဥ္းေျမာင္းတဲ့ Bezel ေပၚမွာ ေနရာခ်ထားပုံကို ေတြ႕ျမင္ရပါတယ္။

တနည္းအားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ Notch-less iPhone ရဲ႕ ေရွ႕ေပးပုံစံဟာ iPad Pro ရဲ႕ ပုံစံနဲ႔ ခပ္ဆင္ဆင္တူပါတယ္။ ၂၀၂၀ iPhone ေရွ႕ေျပးပုံစံဟာ 6.7-inch မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Notch မပါဝင္ဘူးလို႔ MacRumors ရဲ႕ ေရးသားေဖာ္ျပခ်က္မႈမွာ ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ အခုထြက္ေနတဲ့ ေကာလာဟလေတြနဲ႔ပတ္သက္လို႔ ပိုၿပီးတိက်ခိုင္မာတဲ့ အေထာက္အထားရရွိေအာင္ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Notch-less iPhone ရဲ့ ရှေ့ပြေးပုံစံ ရုပ်ပုံအချို့ပေါ်ထွက်လာ

iPhone တွေမှာ Notch မပါတော့ဘူးဆိုရင် iPhone Fan တေွက အပျော်ဆုံး ဖြစ်ပါလိမ့်မယ်။ ၂၀၁၉ မှာထုတ်မယ့် iPhone 11 တွေမှာ Notch တွေပျောက်သွားဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။ တကယ်တော့ ၂၀၂၀ မှပဲ iPhone တွေမှာ Notch တွေပျောက်သွားနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလောက်ကတည်းက သတင်းထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။

အခုတော့ Notch ကြီးကြီးနဲ့ ၂၀၁၉ iPhone တွေကိုမြင်ရတာ ချို (ဂျို) တထောင်ထောင်နဲ့ ကိုးရိုးကားရား ဖြစ်နေသလိုပါပဲ။ Apple ဆိုတဲ့ အမှတ်တံဆိပ်ကသာမဟုတ်ရင် ဒီလောက်ကြီးတဲ့ Notch နဲ့ စမတ်ဖုန်းဟာ အတော်လေးကို ဝေဖန်ခံရမှာ အမှန်ပါပဲ။ ဒါပေမယ့် Apple အနေနဲ့ iPhone တွေမှာ Notch တွေကို အလွယ်လေး ဖျောက်နိုင်တဲ့ နည်းလမ်းရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ဒီရက်ထဲမှာ ထွက်ပေါ်လာတဲ့ Notch-less iPhone Concept ပုံရိပ်တွေက Apple အနေနဲ့ Notch တွေကို အလွယ်တကူဖျောက်နိုင်တယ်လို့ ပြောနေသလိုပါပဲ။ ၂၀၂၀ iPhone တွေရဲ့ ရှေ့ပြေးပုံစံလို့ ယူဆရတဲ့ ဒီရုပ်ပုံတွေမှာ Selfie ကင်မရာ၊ စပီကာ၊ မိုက်ခရိုဖုန်း၊ Proximity sensor, Infrared camera စတာတွေကို ကျဉ်းမြောင်းတဲ့ Bezel ပေါ်မှာ နေရာချထားပုံကို တွေ့မြင်ရပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ Notch-less iPhone ရဲ့ ရှေ့ပေးပုံစံဟာ iPad Pro ရဲ့ ပုံစံနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ၂၀၂၀ iPhone ရှေ့ပြေးပုံစံဟာ 6.7-inch မျက်နှာပြင်နဲ့ဖြစ်ပြီး Notch မပါဝင်ဘူးလို့ MacRumors ရဲ့ ရေးသားဖော်ပြချက်မှုမှာ တွေ့မြင်ရပါတယ်။ ဒါကြောင့် အခုထွက်နေတဲ့ ကောလာဟလတွေနဲ့ပတ်သက်လို့ ပိုပြီးတိကျခိုင်မာတဲ့ အထောက်အထားရရှိအောင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Android Authority