Zawgyi
အရင်ဆုံး ဒီစမတ်ဖုန်း ၂မျိုးအကြောင်းကို အနည်းငယ်ပြောရမယ်ဆိုရင် Huawei P30 Pro က Camera ပိုင်းနဲ့ Design ပိုင်းမှာ ဆုတွေဆက်တိုက်ကိုရရှိခဲ့တဲ့ Android Flagship ဖုန်းဖြစ်ပါတယ်။ Samsung Galaxy Note 10+ ကတော့ လတ်တလောကမှ မိတ်ဆက်ထားတာဖြစ်ပြီး ဈေးကွက်ထဲကို သြဂုတ်လကုန်မှ ဝင်ရောက်လာမှာဖြစ်ပြီးတော့ S Pen နဲ့ Display ပိုင်းကို ဦးစားပေးအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။
အဲ့ဒါဆို ဒီ Huawei P30 Pro နဲ့ Samsung Galaxy Note 10+ တို့မှာ  ဘယ်ဖုန်းက ပိုကောင်းတဲ့ Flagship ဖြစ်ပြီးတော့ Feature ပိုစုံမလဲဆိုတာကို ကြည့်လိုက်ရအောင်…
Quad Back Camera
Flagship ဖုန်းတွေမှာ အဓိကအရေးအကြီးဆုံးက Camera ပိုင်းလို့ ပြောနိုင်ပြီးတော့ Note 10+ ရော၊ P30 Pro ဖုန်း ၂ မျိုးစလုံးမှာ Quad Back Camera တွေကို သုံးစွဲထားတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Huawei ကနေ တကယ့်နာမည်ကြီးဂျာမန် Camera Brand တစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းထားပြီး 40 MP (Wide Angle Lens, f/1.6 aperture,OIS) + 20 MP (Ultra Wide Angle Lens, f/2.2 aperture) + 8 MP (Telephoto, f/3.4 aperture,OIS) Camera နဲ့ Depth-of-field Effect အတွက် ToF Camera ပေါင်းစပ်ထားတဲ့ Setup ကို P30 Pro မှာထည့်ထားတဲ့အတွက် ကင်မရာပိုင်းမှာ ချီးကျူးမှုတွေကို ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။
Samsung Galaxy Note 10+ မှာတော့ 12 MP (Wide Angle Lens, Dual aperture f/1.5-2.4, Dual Pixel PDAF, OIS) + 12 MP (Telephoto, f/2.1 aperture, OIS) + 16 MP (Ultra Wide Angle Lens, f/2.2 aperture) နဲ့ ToF DepthVision Camera ကို Depth-of-field ထက် AR ပိုင်းတွေမှာပဲ အဓိကအသုံးပြုတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Camera ပိုင်းမှာ Note 10+ လည်း Night Mode လို Feature ပါတယ်ဆိုပေမယ့် P30 Pro ရဲ့ 50x Digital Zoom နဲ့ Super Low Light Feature တွေကိုတော့ မယှဉ်နိုင်တာ အမှန်ပါပဲ။ ကျန်တဲ့အပိုင်း ရလဒ်တွေကိုတော့ Reviewer တွေရဲ့ သုံးသပ်ချက်နဲ့ DxOMark အမှတ်တွေကို စောင့်ကြည့်ရမှာပါ။
Selfie Camera
Display
Battery & Charging
Design
Processor & Other Features
P30 Pro မှာ သုံးထားတဲ့ Kirin 980 Processor ဟာ မနှစ်ကတည်းက 7nm Architecture နဲ့ ထွက်ရှိထားတဲ့ Processor ဖြစ်သလို စွမ်းဆောင်ရည်ပိုင်းနဲ့ AI ပိုင်းတွေမှာလည်း ရလဒ်ကောင်းတွေကို ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Note 10+ က အခုမှ 7nm Architecture ကို အသုံးပြုထားတဲ့ Exynos 9825 Processor အသစ်ကို Upgrade လုပ်လာတာပါ။ ဒါ့ကြောင့် Kirin 980 Processor နဲ့ Exynos 9825 Processor တွေရဲ့ စွမ်းဆောင်ရည် ကွာခြားချက်တွေကို အတိအကျ သိဖို့ဆိုရင်တော့ Benchmark ရလဒ်တွေနဲ့ တကယ့်လက်တွေ့ဘဝထဲက အသုံးဝင်မှုတွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ P30 Pro မှာ 3.5mm Audio Jack မပါဝင်ပဲ USB-C Audio ကို ပြောင်းလဲသွားသလိုမျိုး Note 10+ မှာလည်း 3.5mm Audio Jack ကို မပါတော့ပါဘူး။
Price
လက်ရှိဈေးနှုန်းတွေအရ Huawei P30 Pro ကို ငွေကျပ် ၁,၄၉၉,၀၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး Samsung Galaxy Note 10+ ကို ငွေကျပ် ၁,၆၉၉,၀၀၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Unicode
Samsung ကနေ Galaxy Note 10 နဲ့ Note 10+ စမတ်ဖုန်းအသစ်တွေကို မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အခုလောလောဆယ်မှာ Android Flagship ဖုန်းတွေထဲမှာ အကောင်းဆုံးဆိုတဲ့ဖုန်းကို ရှာနေတဲ့သူတွေအတွက် Samsung ရဲ့ Galaxy Note 10+ နဲ့ Huawei ကနေ ယခုနှစ်အစောပိုင်းထဲက မိတ်ဆက်ခဲ့တာဖြစ်ပေမယ့်လည်း စွမ်းဆောင်ရည်မြင့်မားနေဆဲဖြစ်တဲ့ Huawei P30 Pro ဖုန်းတွေကို နှိုင်းယှဉ်ပေးလိုက်ပါတယ်။
အရင်ဆုံးဒီ စမတ်ဖုန်း ၂ မျိုးအကြောင်းကို အနည်းငယ်ပြောရမယ်ဆိုရင် Huawei P30 Pro ဖုန်းက Camera ပိုင်းနဲ့ Design ပိုင်းမှာ ဆုတွေလည်း ဆက်တိုက်ကိုရရှိနေတဲ့ အောင်မြင်တဲ့ Android Flagship ဖုန်းတစ်ခုဖြစ်ပါတယ်။ Samsung Galaxy Note 10+ ကတော့ လတ်တလောကမှ မိတ်ဆက်ထားတာဖြစ်ပြီးတော့ ဈေးကွက်ထဲကို သြဂုတ်လကုန်မှ ဝင်ရောက်လာမှာဖြစ်ပြီးတော့ S Pen နဲ့ Display ပိုင်းကို ဦးစားပေးအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။
အဲ့ဒါဆို ဒီ Huawei P30 Pro နဲ့ Samsung Galaxy Note 10+ ဖုန်း ၂ က ဘယ်တစ်ခုက ပိုကောင်းတဲ့ Flagship ဖုန်းဖြစ်ပြီးတော့ Feature ပိုစုံမလဲဆိုတာကို ကြည့်လိုက်ရအောင်…။
Quad Back Camera
Flagship ဖုန်းတွေမှာ အဓိကအရေးအကြီးဆုံးက Camera ပိုင်းလို့ ပြောနိုင်ပြီးတော့ Note 10+ ရော၊ P30 Pro ဖုန်း ၂ ခုစလုံးမှာ Quad Back Camera တွေကို သုံးစွဲထားတာဖြစ်ပါတယ်။ ဒီနေရာမှာကတော့ Huawei ကနေ တကယ့်နာမည်ကြီးဂျာမန် Camera Brand တစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းထားတဲ့ 40+20+8MP Camera နဲ့ Depth-of-field Effect အတွက် ToF Camera ပေါင်းစပ်ထားတဲ့ Setup ကို P30 Pro မှာထည့်ထားတဲ့အတွက် တကယ်ကို ကင်မရာပိုင်းမှာ ချီးကျူးမှုတွေကို ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။
တဖက်မှာတော့ Samsung Galaxy Note 10+ မှာ 12+12+16MP Camera နဲ့ ToF DepthVision Camera ကိုလည်း Depth-of-Field ထက် AR ပိုင်းတွေမှာပဲ အဓိကအသုံးပြုတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Camera ပိုင်းမှာကတော့ Note 10+ လည်း Night Mode လို Feature ပါတယ်ဆိုပေမယ့် P30 Pro ရဲ့ 50x Zoom နဲ့ Super Low Light Feature တွေကိုတော့ မယှဉ်နိုင်တာ အမှန်ပါပဲ။
Selfie Camera
Camera လို့ပြောလိုက်ရင် Back Camera ကလည်း အရေးကြီးသလိုပဲ Social Media တွေမှာ အမြဲပုံတွေတင်ဖို့အတွက် Selfie Camera ကလည်း ကောင်းမွန်ဖို့လိုအပ်ပါသေးတယ်။
ဒီနေရာမှာတော့ Note 10+ ရော၊ P30 Pro ဖုန်း ၂ မျိုးစလုံးက Single Selfie Camera ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း P30 Pro ရဲ့ 32MP Selfie Camera က Note 10+ ရဲ့ 10MP ထက် ပိုပြီး Details ကောင်းတဲ့ ပုံတွေရိုက်ကူးနိုင်သလို P30 Pro ရဲ့ f1.9 Aperture က Note 10+ ရဲ့ f2.2. Aperture ထက် Low Light Selfie တွေမှာလည်း ပိုကောင်းနေဦးမှာပါ။
Display
Display အပိုင်းမှာတော့ Samsung Galaxy Note 10+ က Resolution 1440 x 3040 pixels ရှိတဲ့ Dynamic AMOLED Display ကို အသုံးပြုထားပြီး Huawei P30 Pro က Resolution 1080 x 2340 pixels ရှိတဲ့ OLED Display ကို အသုံးပြုထားပါတယ်။ ဒီနေရာမှာတော့ Galaxy Note 10+ က ခြေတလှမ်းသာသွားပြီလို့ ပြောရမှာပါ။
Battery & Charging
Battery ကိုကြည့်မယ်ဆိုရင်လည်း ပမာဏအရ Note 10+ မှာ 4300mAh နဲ့ P30 Pro မှာ 4200mAh ပါဝင်မှာဖြစ်တဲ့အတွက် တူတူနီးပါးလို့ ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် အားအမြန်ဘယ်သူပိုသွင်းနိုင်လဲဆိုတာကို ကြည့်မယ်ဆိုရင်လည်း Note 10+ မှာ 45W Fast Charge နဲ့ P30 Pro မှာ 40W Huawei SuperCharge စနစ်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အပြင်ပန်းအရကြည့်မယ်ဆိုရင် Note 10+ က အနည်းငယ်သာနေသလိုရှိနေပါတယ်။
ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် Samsung က Note 10+ ကို 45W Charger နဲ့ အားသွင်းနိုင်တယ်လို့ ဆိုထားပေမယ့်လည်း ဖုန်းဝယ်ယူတဲ့အချိန်မှာ ဘူးထဲမှာ 25W Charger ကိုပဲ ထည့်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ 45W နဲ့ အားသွင်းနိုင်တယ်ဆိုတာက ဖုန်းတန်ဖိုးအပြင် နောက်ထပ် ဈေးထပ်ပေးပြီး ဝယ်ယူရဦးမှာပါ။ ဒီနေရာမှာတော့ P30 Pro ရဲ့ 40W SuperCharge Charger က ဘူးထဲမှာပါပြီးဖြစ်တဲ့အတွက် ပိုက်ဆံထပ်ကုန်စေမှာမဟုတ်ပါဘူး။
ဒါ့အပြင် Samsung အနေနဲ့ ဒီလိုမျိုး ဘူးထဲမှာ 25W Charger ပဲထည့်ပေးထားတာက Note 10+ ကို 45W Charger နဲ့ အားသွင်းမယ်ဆိုရင် Safe ဖြစ်နိုင်ပါ့မလားဆိုတာကလည်း စိုးရိမ်စရာပါ။ Samsung Galaxy Note Series ဖုန်းတွေက Note 7 တုန်းကလည်း Battery Capacity တိုးလိုက်တဲ့အတွက် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကိုလည်း သတိထားဖို့ လိုအပ်မှာပါ။
Design
Samsung Galaxy Note 10+ ထွက်တုန်းက ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်ပြီး ဝေဖန်သံအချို့ကို ကြားဖူးပါသလား? ဒီ Note 10+ နဲ့ နှစ်အစပိုင်းထဲက ထွက်ထားတဲ့ P30 Pro ဖုန်းတွေကို Logo မပါပဲ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် Note 10+ ရဲ့ နောက်ဖက် ကင်မရာထားတဲ့ပုံစံနဲ့ Gradient Design က P30 Pro နဲ့ တော်တော်လေးကို တူညီနေတာပါ။
အခုလိုမျိုး Note 10+ က P30 Pro ရဲ့ ဒီဇိုင်းကို ယူထားတယ်လို့ပြောလို့ရပေမယ့်လည်း ဒီဖုန်း ၂ ခုစလုံးက တကယ့် Flagship Premium Feeling ကို ပြန်ပေးနိုင်မှာပါ။ ဒီနေရာမှာတော့ P30 Pro က ထွက်ရှိခဲ့တာအချိန်ကြာပြီဖြစ်တဲ့အတွက် Note 10+ ထက် ဈေးသက်သာတဲ့အတွက် ပိုတောင် တန်တယ်လို့ ပြောလို့ရပါတယ်။
Other Features
Samsung Galaxy Note 10+ က ဒီတစ်ခေါက်မှာတော့ အခုမှ 7nm Architecture ကို အသုံးပြုထားတဲ့ Exynos 9825 Processor အသစ်ကို Upgrade လုပ်ထားခဲ့တာပါ။ ဒါပေမယ့် P30 Pro မှာ သုံးထားတဲ့ Kirin 980 Processor က မနှစ်ထဲက 7nm Architecture နဲ့ ထွက်ရှိထားတဲ့ Processor ဖြစ်သလို စွမ်းဆောင်ရည်ပိုင်းနဲ့ AI ပိုင်းတွေမှာလည်း လုံးဝအကောင်းစားရလဒ်တွေကို ရရှိထားတာဖြစ်ပါတယ်။
ဒါတင်လည်း မဟုတ်သေးပါဘူး။ P30 Pro မှာ 3.5mm Audio Jack မပါဝင်ပဲ USB-C Audio ကို ပြောင်းလဲသွားသလိုမျိုးပဲ Note 10+ မှာလည်း စပြီးတော့ Samsung ကနေ 3.5mm Audio Jack ကို ဖြုတ်ခဲ့တာဖြစ်ပါတယ်။ ဒါက တိုက်ဆိုင်မှုလို့ပြောဖို့ကြတော့ တော်တော်ယုံရခက်ဖြစ်နေပါတယ်။
Price
ဈေးနှုန်းအနေနဲ့တော့ လက်ရှိအနေနဲ့ Huawei P30 Pro ကို ငွေကျပ် ၁,၄၉၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပေမယ့် Samsung Galaxy Note 10+ ရဲ့ ဈေးက ၁,၆၉၉,၀၀၀ ကျပ်ကနေ စတင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အသစ်ဈေးမှာတင် ၂ သိန်းကွာနေပြီးတော့ P30 Pro က ထွက်ထားတာလည်း ကြာပြီဆိုတော့ အနည်းငယ်အသုံးပြုထားတဲ့ ဖုန်းတွေကို ဒီထက်ပိုသက်သာတဲ့ဈေးနဲ့တောင်ဝယ်ယူနိုင်ဦးမှာပါ။
အဲ့ဒါဆိုရင် ပရိသတ်ကြီးအနေနဲ့ကရော ဒီ Flagship ဖုန်း ၂ ခုမှာ ဘယ်ဖုန်းကို ရွေးချယ်မလဲဆိုတာကို Comment ပေးခဲ့သွားပါဦး။
Huawei P30 Pro အကြောင်း ပိုမိုလေ့လာရန် ဒီလင့် ကို နှိပ်ပါ။