Zawgyi
ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက Apple ကေန ပံုမွန္စမတ္ဖုန္းေတြမွာ သီခ်င္းနားေထာင္ဖုိ႔အတြက္ အဓိကအသံုးျပဳရတဲ့ 3.5mm Audio Jack ကို iPhone 7 မွာ စတင္ျပီး ဖယ္ရွားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအစား ပံုမွန္ 3.5mm Earphone နဲ႔ သီခ်င္းနားေထာင္မယ္ဆုိရင္ Lightning to 3.5mm Audio Dongle ေလးတစ္ခုကိုပဲ ထည့္ေပးထားတာျဖစ္ပါတယ္။
မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ iPhone XS ဆုိရင္ ဒီ Lightning to 3.5mm Audio Dongle ကိုေတာင္မွ ထည့္ေပးျခင္းမရွိေတာ့ဘဲ တကယ္လုိ႔ ကိုယ့္မွာရွိတဲ့ 3.5mm Earphone ေတြကိုသံုးခ်င္တယ္ဆုိရင္ Dongle ကို သီးသန္႔ထပ္ဝယ္ရေတာ့မွာပါ။ ဒါကလည္း Apple တစ္ေယာက္ထဲက 3.5mm Audio Jack ကို ျဖဳတ္ေနတာမဟုတ္ပါဘူး။ Google ကလည္း Pixel 1 တုန္းက 3.5mm Audio Jack ကိုျဖဳတ္ခဲ့တဲ့အတြက္ Apple ကို ေလွာင္ေျပာင္ခဲ့ေပမယ့္ Pixel 2 လည္းၾကေရာ 3.5mm Audio Jack ကို ျဖဳတ္ပစ္ျပီး USB-C to 3.5mm Dongle နဲ႔ပဲ အစားထုိးခဲ့တာျဖစ္ပါတယ္။ Customer Feedback ကို အေလးေပးတဲ့ OnePlus ဆုိရင္လည္း ျပီးခဲ့တဲ့ OnePlus 7 Pro ဖုန္းမွာ စျပီးေတာ့ 3.5mm Audio Jack ကို ျဖဳတ္ခဲ့ပါတယ္။
အဲ့ဒါေၾကာင့္ ေလာေလာဆယ္ထြက္ရွိထားတဲ့ Flagship ဖုန္းေတြထဲမွာ Samsung Galaxy S10 Series ဖုန္းေတြကပဲ 3.5mm Audio Jack ပါေသးတာလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႔ ဒီ S10 Series ဖုန္းေတြက Samsung အတြက္လည္း ေနာက္ဆံုး 3.5mm Audio Jack ပါတဲ့ Flagship ဖုန္းေတြျဖစ္သြားေတာ့မွာပါ။
ဘာေၾကာင့္လဲဆုိရင္ အခုလာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ့္ Samsung Galaxy Note 10 မွာ 3.5mm Audio Jack ပါမွာ မဟုတ္ေတာ့ဘူးဆိုတာကို အတည္ျပဳႏုိင္တဲ့ Leak တစ္ခုထြက္လာလုိ႔ပါ။ ဒါကေတာ့ Galaxy Note 10 မွာပါလာမယ့္ USB-C to 3.5mm Audio Dongle ပဲျဖစ္ပါတယ္။
အခု Samsung ရဲ႕ USB-C to 3.5mm Audio Dongle ဟာ တျခားေသာ စမတ္ဖုန္းေတြက Dongle လုိမ်ိဳးပဲ AKG ဒါမွမဟုတ္ Samsung Branding တစ္ခုမွ ပါဝင္ျခင္းမရွိတာကိုလည္းေတြ႕ရပါတယ္။ အဲ့ဒါေၾကာင့္ ျဖစ္ႏုိင္တာက Samsung အေနနဲ႔ ယခင္တုန္းက သတင္းထြက္ေနတဲ့ AKG USB-C Earphone ကိုပဲ ဖုန္းဘူးထဲမွာထည့္သြင္းေပးဖုိ႔ ေသခ်ာသေလာက္ျဖစ္သြားပါျပီ။
ဘာပဲျဖစ္ျဖစ္ 3.5mm Audio Jack နဲ႔ Flagship ဖုန္းေတြကို ထုတ္ေပးေနတဲ့ Samsung လည္း ေနာက္ဆံုးေတာ့ အရႈံးေပးသြားပံုပါပဲ။
Ref – Android Authority
Unicode
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Apple ကနေ ပုံမှန်စမတ်ဖုန်းတွေမှာ သီချင်းနားထောင်ဖို့အတွက် အဓိကအသုံးပြုရတဲ့ 3.5mm Audio Jack ကို iPhone 7 မှာ စတင်ပြီး ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစား ပုံမှန် 3.5mm Earphone နဲ့ သီချင်းနားထောင်မယ်ဆိုရင် Lightning to 3.5mm Audio Dongle လေးတစ်ခုကိုပဲ ထည့်ပေးထားတာဖြစ်ပါတယ်။
မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ iPhone XS ဆိုရင် ဒီ Lightning to 3.5mm Audio Dongle ကိုတောင်မှ ထည့်ပေးခြင်းမရှိတော့ဘဲ တကယ်လို့ ကိုယ့်မှာရှိတဲ့ 3.5mm Earphone တွေကိုသုံးချင်တယ်ဆိုရင် Dongle ကို သီးသန့်ထပ်ဝယ်ရတော့မှာပါ။ ဒါကလည်း Apple တစ်ယောက်ထဲက 3.5mm Audio Jack ကို ဖြုတ်နေတာမဟုတ်ပါဘူး။ Google ကလည်း Pixel 1 တုန်းက 3.5mm Audio Jack ကိုဖြုတ်ခဲ့တဲ့အတွက် Apple ကို လှောင်ပြောင်ခဲ့ပေမယ့် Pixel 2 လည်းကြရော 3.5mm Audio Jack ကို ဖြုတ်ပစ်ပြီး USB-C to 3.5mm Dongle နဲ့ပဲ အစားထိုးခဲ့တာဖြစ်ပါတယ်။ Customer Feedback ကို အလေးပေးတဲ့ OnePlus ဆိုရင်လည်း ပြီးခဲ့တဲ့ OnePlus 7 Pro ဖုန်းမှာ စပြီးတော့ 3.5mm Audio Jack ကို ဖြုတ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် လောလောဆယ်ထွက်ရှိထားတဲ့ Flagship ဖုန်းတွေထဲမှာ Samsung Galaxy S10 Series ဖုန်းတွေကပဲ 3.5mm Audio Jack ပါသေးတာလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ဒီ S10 Series ဖုန်းတွေက Samsung အတွက်လည်း နောက်ဆုံး 3.5mm Audio Jack ပါတဲ့ Flagship ဖုန်းတွေဖြစ်သွားတော့မှာပါ။
ဘာကြောင့်လဲဆိုရင် အခုလာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Samsung Galaxy Note 10 မှာ 3.5mm Audio Jack ပါမှာ မဟုတ်တော့ဘူးဆိုတာကို အတည်ပြုနိုင်တဲ့ Leak တစ်ခုထွက်လာလို့ပါ။ ဒါကတော့ Galaxy Note 10 မှာပါလာမယ့် USB-C to 3.5mm Audio Dongle ပဲဖြစ်ပါတယ်။
အခု Samsung ရဲ့ USB-C to 3.5mm Audio Dongle ဟာ တခြားသော စမတ်ဖုန်းတွေက Dongle လိုမျိုးပဲ AKG ဒါမှမဟုတ် Samsung Branding တစ်ခုမှ ပါဝင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်တာက Samsung အနေနဲ့ ယခင်တုန်းက သတင်းထွက်နေတဲ့ AKG USB-C Earphone ကိုပဲ ဖုန်းဘူးထဲမှာထည့်သွင်းပေးဖို့ သေချာသလောက်ဖြစ်သွားပါပြီ။
ဘာပဲဖြစ်ဖြစ် 3.5mm Audio Jack နဲ့ Flagship ဖုန်းတွေကို ထုတ်ပေးနေတဲ့ Samsung လည်း နောက်ဆုံးတော့ အရှုံးပေးသွားပုံပါပဲ။
Ref – Android Authority