Samsung Galaxy Note 20 Ultra ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကမှ တရားဝင်မိတ်ဆက်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Galaxy Note 20 Ultra နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုကို စတင်ကြုံတွေ့နေရပြီလို့ သိရပါတယ်။

ဒါကတော့ Galaxy Note 20 Ultra စမတ်ဖုန်းကို Official S-View Flip Cover နဲ့ အသုံးပြုတဲ့အချိန်မှာ Screen Burn-in ပြဿနာကြုံနေရတာဖြစ်ပါတယ်။ S-View Flip Cover ဟာ Display ကိုကာကွယ်ပေးနိုင်သလို တစ်ချိန်ထဲမှာလည်း Notification ၊ အချိန်နဲ့ တခြားသော Information တွေကို ဖော်ပြနိုင်အောင် ထုတ်လုပ်ပေးထားတဲ့ Transparent Window တစ်ခုပါဝင်တဲ့ Cover ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Transparent Window နေရာအောက်ဖက်မှာရှိတဲ့ Display နေရာဘက်မှာ Screen Burn-in ဖြစ်ပွားမှုတွေကို ကြုံတွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုမျိုးဖြစ်ပွားသလဲဆိုရင် အဆိုပါ Display နေရာက ကွက်ပြီး ပိုမည်းနေပြီး Brightness အနိမ့်ပိုင်းမှာ ပိုသိသာနေတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဘာကြောင့် အခုလိုမျိုး ဖြစ်ပွားရသလဲဆိုတာကို အတိအကျမသိရသေးပေမယ့် ဖြစ်ပွားနေတဲ့ Unit အများအပြားရှိနေပြီလို့ သိရပါတယ်။ Samsung ကိုယ်တိုင်ကတော့ တရားဝင်ဖြေရှင်းထားခြင်းမရှိသေးသလို တချို့သော အသုံးပြုသူတွေကလည်း တခြား Case ကိုပြောင်းလဲတပ်လိုက်ရင် ပြန်လည်ကောင်းမွန်သွားတယ်လို့လည်း ပြောကြားထားကြပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy Note 20 Ultra ကို Official S-View Flip Cover နဲ့ အသုံးပြုနေတယ်ဆိုရင် လောလောဆယ်မှာ ခတ္တအသုံးမပြုတာက ပိုကောင်းမှာပါ။

Ref – Android Police