Nothing က ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံး TWS နားကြပ် ဖြစ်တဲ့ Nothing Ear (1) ကို ကြေညာခဲ့ပြီး ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကြောင့် လူကြိုက်များခဲ့ပါတယ်။ ကုမ္ပဏီက ဈေးချိုတဲ့ Ear (Stick) ကို ဒီလ ၂၆ ရက်နေ့မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ Ear (2) လို့ ခေါ်တဲ့ Nothing ရဲ့ နားကြပ် အသစ်ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာတဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Nothing-Ear-2-leak

နောက်ထွက်မယ့် Nothing Ear (2) ရဲ့ ဓါတ်ပုံ တချို့ကို 91Mobiles က မျှဝေထားပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ နားကြပ်နဲ့ Charging Case တွေဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး ယခင်မျိုးဆက် Ear (1) နဲ့ တူညီပါတယ်။ Case ထဲမှာ ပလတ်စတစ် Module ၁ ခုကို တွေ့ရပြီး အီလက်ထရောနစ် အစိတ်အပိုင်းတွေနဲ့ ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ တစ်ခုထဲသော ကွဲပြားချက်က Stem မှာ Nothing Logo အစား Ear (2) Branding ကို ရေးထွင်းထားတာပါ။

Nothing-Ear-2-Design-leak

Nothing Ear (2) ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးဘဲ မိတ်ဆက်ပွဲ နီးလာတာနဲ့အမျှ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Nothing Ear (1) ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် 11.6mm Dynamic Drivers ပါလာပြီး AAC နဲ့ SBC Codecs တွေကို ထောက်ပံ့ပါတယ်။ ANCE (Active Noise Cancellation) ထောက်ပံ့ထားပြီး ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်တဲ့ Transparency Mode ထည့်ထားပါတယ်။ Stem မှာ Touch Control တွေကို အသုံးပြုနိုင်ပြီး သီချင်းတွေကို ထိန်းချုပ်တာ၊ ANC ကို အဖွင့်၊ အပိတ် လုပ်တာနဲ့ Transparency Mode ပြောင်းတာတွေ ပြုလုပ်နိုင်ပါတယ်။

Nothing Ear (1) ရဲ့ ဘက်ထရီ သက်တမ်းဟာ ၅.၇ နာရီ ဖြစ်ပြီး Charging Case ရဲ့ ဘက်ထရီနဲ့ ပေါင်းရင် စုစုပေါင်း ၃၄ နာရီ အသုံးခံပါတယ်။ Case ကို USB Type C ၊ Qi Wireless Charger တွေနဲ့ အားသွင်းနိုင်ပြီး ၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina