အရင်က OnePlus ပူးတွဲတည်ထောင်သူ Carl Pei တည်ထောင်ထားတဲ့ Consumer Electronics ကုမ္ပဏီ အသစ် Nothing က Nothing Ear (Stick) လို့ ခေါ်တဲ့ နောက်ထုတ်မယ့် ထုတ်ကုန်အတွက် Teaser တွေကို မကြာခင်က မျှဝေခဲ့ပါတယ်။ Nothing Ear (Stick) ဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Audio ထုတ်ကုန် ဖြစ်လာမှာပါ။

Nothing Ear Stick Render Leak

အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် Nothing Ear (Stick) True Wireless နားကြပ်ရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားလာပြီး ဒီဇိုင်းကို လေ့လာလို့ ရလာပါတယ်။

Nothing Ear Stick Render Leak

ပေါက်ကြား ဓါတ်ပုံအရ ကုမ္ပဏီဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကို နားကြပ်မှာ အသုံးပြုထားပါတယ်။ ဒါပေမယ့် Nothing Ear (1) ရဲ့ နားထဲ ဝတ်ဆင်ရတဲ့ ဒီဇိုင်း အစား နားထဲ တစ်ဝက်ထည့်သွင်းရတဲ့ ဒီဇိုင်းကို ပြောင်းလဲ အသုံးပြုထားပါတယ်။ အဲဒီအတွက် နားထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် နားကြပ်ထိပ်ဖူးတွေ ပါလာနိုင်ပါတယ်။

Nothing Ear Stick Render Leak

Nothing Ear (Stick) ကို မကြာခင်က FCC Certification Website မှာ တွေ့လာရပြီး နားကြပ်တစ်ခုစီမှာ 36mAh ဘက်ထရီနဲ့ Charging Case မှာ 350mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ ဒီတစ်ကြိမ်မှာ စတုရန်း Case အစား စက်ဝိုင်းပုံ Charging Case ကို ပြောင်းလဲ အသုံးပြုထားမှာပါ။

Nothing Ear (Stick) မှာ Bluetooth 5.2 ဆက်သွယ်မှုနဲ့ USB Type-C to Type-C Cable ပါလာမှာပါ။ အဲဒီ နားကြပ်ကို BIS Certification မှာလည်း တွေ့လာရတဲ့အတွက် အိန္ဒိယမှာ ကြေညာမှာပါ။

Ref : gizmochina