Nothing Phone (1) ကို ဒီလ ၁၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။ Leakster Evan Blass က အဲဒီ ဓါတ်ပုံတွေကို မျှဝေလိုက်တာ ဖြစ်ပြီး ဖုန်း ဒီဇိုင်းကို အသေးစိတ် လေ့လာလို့ရပါတယ်။

Nothing phone (1) leaks in official-looking high quality renders - GSMArena.com news

Nothing Phone (1) မှာ Qualcomm Snapdragon 778G+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ နဲ့ ကြိုးမဲ့အားသွင်း နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေကို Nothing က မိတ်ဆက်ပွဲ မတိုင်ခင်မှာ အတည်ပြုထားတာပါ။

ပေါက်ကြားသတင်းတွေအရ Nothing Phone (1) မှာ 33W Fast Wired Charging ပါလာမှာ ဖြစ်ပြီး 45W Charger ထည့်ထားမှာပါ။ ဥရောပမှာ ၄၇၀ ယူရိုနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၈၈၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မြောက် အမေရိကမှာတော့ ရောင်းချမှာ မဟုတ်ပါဘူး။

OnePlus ကို ပူးတွဲ တည်ထောင်ခဲ့တဲ့ Carl Pei ဟာ Nothing ကုမ္ပဏီကို တည်ထောင်ထားတာ ဖြစ်လို့ Nothing Phone (1) ဟာ မထွက်ခင်ကတည်းက နာမည်ကျော်စောနေတာ ဖြစ်ပါတယ်။ ပေးရတဲ့ ဈေးထက် တန်တဲ့ OnePlus ဖုန်းတွေကို ထုတ်လုပ်ခဲ့တဲ့ Carl Pei ဟာ Nothing ဖုန်းတွေကို ဘယ်လို အောင်မြင်အောင် လုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref : gsmarena