[Zawgyi]

Huawei ဟာ အားသြင္းအျမန္စနစ္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ Fast-Charging နဲ႔ ေတာ္ေတာ္ေလး အရိွန္ရလာေနျပီ ျဖစ္ပါတယ္။ အခုဆို သူ႔ရဲ႕ ေနာက္ဆံုးထြက္ လက္ရိွအျမန္ဆံုးျဖစ္တဲ့ 40W အျမန္အားသြင္းစနစ္ကို လာမယ့္ Mid-Range ဖုန္းေတြနဲ႔ Nova 5 စီးရီးစမတ္ဖုန္းေတြမွာ ေတြ႔ျမင္လာရႏုိင္ေခ် မ်ားေနပါတယ္။

အခုလည္း ေမာ္ဒယ္လ္နံပါတ္ SEA-TL10 နဲ႔ SEA-AL10 ဆိုတ့ဲ ဖုန္း ၂လံုးကို 3C က အသိအမွတ္ျပဳလုိက္ျပီျဖစ္ျပီး သူ႔ရဲ႕ Serial Number ကို ၾကည့္လိုက္ရင္ Huawei P30 Pro ရဲ႕ အားသြင္းေခါင္းမွာပါတဲ့ နံပါတ္နဲ႔ ေတာ္ေတာ္ၾကီးတူတဲ့အတြက္ 40W Fast Charging နဲ႔ ထြက္လာမယ့္ပံုပါပဲ။

Huawei အေနနဲ႔ ဟိုအရင္ကတည္းက ႏွစ္လယ္ေလာက္ေရာက္တုိင္း Upper Midrange ဖုန္းေတြ မိတ္ဆက္ေနၾကျဖစ္လို႔ အခုထြက္လာမယ့္ဖုန္းက Huawei Nova Series ဖုန္းအသစ္ေတြ ျဖစ္ႏုိင္ပါတယ္။ Mate Series Flagship ဖုန္းေတြကလည္း ထြက္ဖို႔ လိုေသးတာေၾကာင့္ မၾကာခင္ထြက္လာမယ့္ ဖုန္းေတြက Huawei ရဲ႕ Nova 5 စမတ္ဖုန္းေတြ ျဖစ္ဖို႔ မ်ားပါတယ္။

ေနာက္ထပ္ SEA-LX1 ဆိုတဲ့ ေမာ္ဒယ္လ္နံပါတ္ ခပ္ဆင္ဆင္ တျခားဖုန္းတစ္လံုးလည္း Eurasian Economic Commission ဝဘ္ဆုိဒ္ရဲ႕ အတည္ျပဳထားတဲ့ထဲမွာ ပါေနေသးတာေၾကာင့္ Huawei Nova 5i ျဖစ္မယ္လို႔ မွန္းရပါတယ္။

ဒီလ အေစာပိုင္းေလာက္ကတည္းက Nova စီးရီးသစ္ေတြရဲ႕ ဖုန္း Cover ေတြ၊ ေကာလဟလေတြ ထြက္ထားျပီးသားဆိုေတာ့ အဲဒီပံုစံေတြအတုိင္းသာဆိုရင္ Huawei P30 Lite နဲ႔ ေတာ္ေတာ္ေလး ဆင္မယ့္ပံုပါပဲ။ ဒါေပမယ့္ Fingerprint Scanner ကိုေတာ့ ေက်ာဘက္မွာမဟုတ္ဘဲ Dispay ေအာက္မွာ ထားလာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

မိတ္ဆက္မယ့္အခ်ိန္နီးလာရင္ေတာ့ အေသးစိတ္သိလာႏုိင္သလို အခုျဖစ္ေနတဲ့ျပႆနာေတြအတြက္ ဘယ္လိုေျဖရွင္းမလဲဆိုတာကလည္း ဒီအခ်ိန္မွာ Huawei ဖန္ေတြအတြက္ စိတ္ဝင္စားစရာပါပဲ။

Source: GsmArena

[Unicode]

Huawei ဟာ အားသွင်းအမြန်စနစ်မှာတော့ သူ့ရဲ့ကိုယ်ပိုင် Fast-Charging နဲ့ တော်တော်လေး အရှိန်ရလာနေပြီ ဖြစ်ပါတယ်။ အခုဆို သူ့ရဲ့ နောက်ဆုံးထွက် လက်ရှိအမြန်ဆုံးဖြစ်တဲ့ 40W အမြန်အားသွင်းစနစ်ကို လာမယ့် Mid-Range ဖုန်းတွေနဲ့ Nova 5 စီးရီးစမတ်ဖုန်းတွေမှာ တွေ့မြင်လာရနိုင်ချေ များနေပါတယ်။

အခုလည်း မော်ဒယ်လ်နံပါတ် SEA-TL10 နဲ့ SEA-AL10 ဆိုတဲ့ ဖုန်း ၂လုံးကို 3C က အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး သူ့ရဲ့ Serial Number ကို ကြည့်လိုက်ရင် Huawei P30 Pro ရဲ့ အားသွင်းခေါင်းမှာပါတဲ့ နံပါတ်နဲ့ တော်တော်ကြီးတူတဲ့အတွက် 40W Fast Charging နဲ့ ထွက်လာမယ့်ပုံပါပဲ။

Huawei အနေနဲ့ ဟိုအရင်ကတည်းက နှစ်လယ်လောက်ရောက်တိုင်း Upper Midrange ဖုန်းတွေ မိတ်ဆက်နေကြဖြစ်လို့ အခုထွက်လာမယ့်ဖုန်းက Huawei Nova Series ဖုန်းအသစ်တွေ ဖြစ်နိုင်ပါတယ်။ Mate Series Flagship ဖုန်းတွေကလည်း ထွက်ဖို့ လိုသေးတာကြောင့် မကြာခင်ထွက်လာမယ့် ဖုန်းတွေက Huawei ရဲ့ Nova 5 စမတ်ဖုန်းတွေ ဖြစ်ဖို့ များပါတယ်။

နောက်ထပ် SEA-LX1 ဆိုတဲ့ မော်ဒယ်လ်နံပါတ် ခပ်ဆင်ဆင် တခြားဖုန်းတစ်လုံးလည်း Eurasian Economic Commission ဝဘ်ဆိုဒ်ရဲ့ အတည်ပြုထားတဲ့ထဲမှာ ပါနေသေးတာကြောင့် Huawei Nova 5i ဖြစ်မယ်လို့ မှန်းရပါတယ်။

ဒီလ အစောပိုင်းလောက်ကတည်းက Nova စီးရီးသစ်တွေရဲ့ ဖုန်း Cover တွေ၊ ကောလဟလတွေ ထွက်ထားပြီးသားဆိုတော့ အဲဒီပုံစံတွေအတိုင်းသာဆိုရင် Huawei P30 Lite နဲ့ တော်တော်လေး ဆင်မယ့်ပုံပါပဲ။ ဒါပေမယ့် Fingerprint Scanner ကိုတော့ ကျောဘက်မှာမဟုတ်ဘဲ Dispay အောက်မှာ ထားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

မိတ်ဆက်မယ့်အချိန်နီးလာရင်တော့ အသေးစိတ်သိလာနိုင်သလို အခုဖြစ်နေတဲ့ပြဿနာတွေအတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာကလည်း ဒီအချိန်မှာ Huawei ဖန်တွေအတွက် စိတ်ဝင်စားစရာပါပဲ။

Source: GsmArena