Zawgyi

Huawei ရဲ႕ Nova 6 5G စမတ္ဖုန္းကေတာ့ ဒီဇင္ဘာ ၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာေတာ့မွာပါ။ ဒီအခ်ိန္မွာ သူ႕ရဲ႕ Feature ေတြကို တစ္ခုၿပီးတစ္ခု Tease လုပ္လာတဲ့ကုမၸဏီဟာ ေနာက္ထပ္ Teaser ဗီဒီယိုအတုိတစ္ခုကို ထပ္တင္လိုက္ၿပီး Nova 6 ရဲ႕ေရွ႕ဘက္ Selfie ကင္မရာကို အတည္ျပဳလာခဲ့ပါတယ္။

Huawei က တင္လာခဲ့တဲ့ Teaser ထဲမွာေတာ့ အခုလိုျမင္ရၿပီး အဆုံးသတ္နားမွာ 32MP Selfie ယူနစ္ပါဝင္လာမွာ ေဖာ္ျပသြားခဲ့တာပါ။ အဆုိပါ 32MP ကင္မရာကုိ 8MP Ultra-wide Sensor နဲ႔တြဲဖက္ထားတာကိုေတာ့ သူ႕ေရွ႕က Teaser မွာ ေဖာ္ျပခဲ့ၿပီးျဖစ္ကာ Field-of-view 105 ဒီဂရီထိ ရွိမယ့္ Dual-selfie ကင္မရာအတြဲပါ။

Teaser အသစ္မွာ Selfie ကင္မရာရဲ႕ ပမာဏအျပင္ေတာ့ က်န္တဲ့ Specs ေတြကို ေဖာ္ျပမလာေသးေပမယ့္ အလြန္ေမွာင္မုိက္ေနတဲ့ ညဘက္မွာ ရုိက္ကူးထားတာေၾကာင့္ Ultra Low-light Selfie ေတြအတြက္လည္း အရိပ္အျမြက္ ျပသြားတာလို႔ ယူဆရပါတယ္။

Nova 6 5G မွာ Kirin 990 ခ်စ္ပ္ဆက္ အသုံးျပဳလာမယ္လို႔ ေမွ်ာ္မွန္းထားၾကၿပီး 1080p Resolution ရမယ့္ 6.44” LCD Display တစ္ခုပါဝင္မွာျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ 60MP ကင္မရာႀကီး ဦးေဆာင္လာတဲ့ Quad-camera အတြဲကို ျမင္ေတြ႕ရမွာပါ။ ဘကၳရီက 4,000 mAh ျဖစ္ေပမယ့္ အားသြင္းစနစ္က 40W ေတာင္ ပါဝင္လာမွာပါ။

Ref – GSM Arena

Unicode

Huawei ရဲ့ Nova 6 5G စမတ်ဖုန်းကတော့ ဒီဇင်ဘာ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မှာပါ။ ဒီအချိန်မှာ သူ့ရဲ့ Feature တွေကို တစ်ခုပြီးတစ်ခု Tease လုပ်လာတဲ့ကုမ္ပဏီဟာ နောက်ထပ် Teaser ဗီဒီယိုအတိုတစ်ခုကို ထပ်တင်လိုက်ပြီး Nova 6 ရဲ့ရှေ့ဘက် Selfie ကင်မရာကို အတည်ပြုလာခဲ့ပါတယ်။

Huawei က တင်လာခဲ့တဲ့ Teaser ထဲမှာတော့ အခုလိုမြင်ရပြီး အဆုံးသတ်နားမှာ 32MP Selfie ယူနစ်ပါဝင်လာမှာ ဖော်ပြသွားခဲ့တာပါ။ အဆိုပါ 32MP ကင်မရာကို 8MP Ultra-wide Sensor နဲ့တွဲဖက်ထားတာကိုတော့ သူ့ရှေ့က Teaser မှာ ဖော်ပြခဲ့ပြီးဖြစ်ကာ Field-of-view 105 ဒီဂရီထိ ရှိမယ့် Dual-selfie ကင်မရာအတွဲပါ။

Teaser အသစ်မှာ Selfie ကင်မရာရဲ့ ပမာဏအပြင်တော့ ကျန်တဲ့ Specs တွေကို ဖော်ပြမလာသေးပေမယ့် အလွန်မှောင်မိုက်နေတဲ့ ညဘက်မှာ ရိုက်ကူးထားတာကြောင့် Ultra Low-light Selfie တွေအတွက်လည်း အရိပ်အမြွက် ပြသွားတာလို့ ယူဆရပါတယ်။

Nova 6 5G မှာ Kirin 990 ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ မျှော်မှန်းထားကြပြီး 1080p Resolution ရမယ့် 6.44” LCD Display တစ်ခုပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ 60MP ကင်မရာကြီး ဦးဆောင်လာတဲ့ Quad-camera အတွဲကို မြင်တွေ့ရမှာပါ။ ဘက္ထရီက 4,000 mAh ဖြစ်ပေမယ့် အားသွင်းစနစ်က 40W တောင် ပါဝင်လာမှာပါ။

Ref – GSM Arena