Nova7iသည်စတင်မိတ်ဆက်သည့်မတ်လမှစ၍လူကြိုက်များခဲ့ပြီးအရောင်းဆိုင် တော်တော်များများတွင် ရောင်းအကောင်းဆုံးစမတ်ဖုန်း တစ်လုံးဖြစ်ခဲ့သည်။ သင့်တင့်သည့် ဈေးနှုန်း၊ မြင့်မားသော စွမ်းဆောင်ရည်၊ ဂိမ်းကောင်းကောင်းမွန်မွန်ကစားနိုင်ခြင်းတို့ကြောင့် လူငယ်များအကြား၌ ရေးပန်းစားလျက်ရှိသည်။ အရောင်အားဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း၌ အစိမ်းရောင်၊ Sakura Pink ဟု ခေါ်သည့် ပန်းရောင်၊ အနက်ရောင်ဟူ၍ အရောင်သုံးရောင် ရောင်းချနေသည်ဟု သိရသည်။ ထိုအရောင် သုံးရောင်အနက်မှ Sakura Pink သည် မိန်းကလေးသုံးဆောင်သူများ အကြား၌ အထူးရေးပန်းစားသည် စမတ်ဖုန်းအမျိုးအစားဖြစ်သည်။

Huawei Consumer Business Group Myanmar မှ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “ nova စီးရီးတွေက မြန်မာပြည်ဈေးကွက်မှာ အခိုင်အမာနေရာရရှိနေတဲ့ Huawei ရဲ့ထုတ်ကုန်တွေလို့ ပြောလို့ရပါတယ်။ ဘယ်စီးရီးမဆို ရောင်းကောင်းပြီး လူငယ်တွေအကြားမှာ အရမ်းရေပန်းစားပါတယ်။ nova2i က စလို့ အခု nova7i အထိ သုံးစွဲသူတွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။ အခု nova7i က ဈေးကွက်ထဲမှာ 369,000 ကျပ်နဲ့ရောင်းတာဖြစ်တဲ့အတွက် ဈေးလည်းသင့်တင့်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်ကလည်း ကောင်းမွန်တာကြောင့် ပထမသုံးလပတ်မှာ Huawei ရဲ့ ရောင်းအကောင်းဆုံး စမတ်ဖုန်းလို့လည်း ပြောလို့ရပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ရောင်းအားကောင်းသည့် nova7i ၏ အဓိက အားသာချက်များမှာ လှပသေသပ်သည့် ကင်မရာဒီဇိုင်း၊ ဂိမ်းကောင်းကောင်းကစားနိုင်မည့် 7nm Soc နှင့် လုံခြုံလျင်မြန်သော 40W HUAWEI SuperCharge နှင့် 4200mAh ဘက်ထရီ တို့ကြောင့်ဖြစ်သည်။

လှပသေသပ်သောဓာတ်ပုံများကိုဖန်တီးနိုင်မယ့် ကင်မရာအတွဲအစပ်နဲ့ လေးထောင့်စပ်ကင်မရာဒီဇိုင်းပုံစံ

HUAWEI ရဲ့ ကင်မရာ အတွဲအစပ်တွေနဲ့ ကင်မရာတည်ဆောက်ပုံ ဒီဇိုင်းပိုင်းတွေက စမတ်ဖုန်းလောကတွင်ဦးဆောင်နေဆဲဖြစ်ပြီး HUAWEI nova 7i ဖြင့် နောင်တစ်ဖန်ပြန်ပြီး trend အသစ်တွေကို ဦးဆောင်ဖန်တီးနိုင်ဦးမှာပဲဖြစ်ပါသည်။ HUAWEI nova 7i ၏ ကျောဖက် quad camera တွင် 48MP ပင်မကင်မရာ၊ 8MP ultra wide-angle lens၊ 2MP macro lens နှင့် 2MP bokeh lens တို့ပါဝင်သောကြောင့် အခြေအနေအမျိုးမျိုးတအတွက် လှပသောဓာတ်ပုံနှင့် ဗီဒီယိုတို့ကိုကောင်းမွန်စွာရိုက်ကူးနိုင်မည် ဖြစ်သည်။

ဖုန်းအနောက်ဖက်ရှိ 48MP ပင်မကင်မရာမှာ f/1.8 ရှိသော aperture ပါဝင်သည့် ½-inch အာရုံခံကိရိယာတပ်ဆင်ထားပြီး စွမ်းဆောင်ရည် ကောင်းမွန်သော chipset, multi-frame synthesis technology တို့ဖြင့် ထောက်ပံ့ပေးထားသောကြောင့် ရိုက်ကူးထားသောဓာတ်ပုံတို့ကို အနီးကပ် zoom ဆွဲကြည့်သည့် အနေအထားမျိုးတွင်ပါ အသေးစိတ်ကို မြင်တွေ့နိုင်မှာဖြစ်သည်။

ညအချိန်ဓာတ်ပုံရိုက်ကူးရာတွင် 4-in-1 pixel နည်းပညာကို အသုံးပြုထားခြင်းကြောင့် ညအချိန်ကောင်းကင် ကိုရိုက်ကူးရာမှာ noise နည်းပါးစေပြီး ပိုမိုကြည်လင်စေ၍ long exposure နှင့် multi-frame composition တို့ဖြင့်တွဲဖက်လိုက်သောအခါ အလွန်လှပသာကြယ်တွေစုံတဲ့ကောင်းကင်ကို ရိုက်ကူးရရှိနိုင်မည်ဖြစ်သည်။ HUAWEI nova 7i တွင်ပါဝင်သည့် ၁၂၀ ဒီဂရီအပြည့်မြင်နိုင်သည့် 8MP ultra wide-angle lens ကြောင့် အဆောက်အဦးများ၊ သဘာဝရှုခင်းများနှင့် အုပ်စုလိုက်ဓာတ်ပုံများကို ရိုက်ကူးရာတွင် ရင်သပ်ရှုမောဖွယ် ကောင်းသော ဓာတ်ပုံနှင့် ဗီဒီယိုတို့ကို ရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova 7i ၏ 4cm အထိအနီးကပ်ရိုက်ကူူးနိုင်သည့် macro lens က သဘာဝတရားကြီးထဲက သေးငယ်တိကျတဲ့အရာတွေကို ရှုာဖွေရိုက်ကူးနိုင်မည်ဖြစ်သည်။ ဒါ့အပြင် AI algorithms အထောက်အပံ့ပေးထားပြီး depth sensing hardware တို့ကို အသုံးပြုထားခြင်းကြောင့် သဘာဝကျကျ နောက်ခံ background တွေကို ဝေဝါးသွားစေမှာဖြစ်ပြီး အလှပဆုံးသော bokeh ဓာတ်ပုံကိုရိုက်ကူးနိုင်မှာပဲဖြစ်ပါသည်။

အကောင်းမွန်ဆုံးသော ဂိမ်းအတွေ့အကြုံအတွက် 7nm Soc

HUAWEI nova 7i တွင် 7nm နည်းပညာဖြင့် Kirin 810 chipset က ကြီးမားသော cores နှစ်ခုနှင့် core အသေးခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး Mali-G52 GPU၊ Huawei ၏စတုတ္ထမြောက်မျိုးဆက် ISP နည်းပညာတို့ဖြင့် ထုတ်လုပ်ထားပါသည်။ Huawei ၏ တရားဝင်စာရင်းများအရ 7nm နည်းပညာဖြင့် Kirin 810 Chipset က 12nm နည်းပညာဖြင့် အသုံးပြုသော Kirin 710 Chipset ဖြင့် နှိုင်းယှဉ်ကြည့်ပါသောအခါတွင် ၁၁၀ ရာခိုင်နှုန်းပိုမိုမြင့်မားသော transistor သိပ်သည်းဆရှိပြီး စွမ်းအင်သုံးစွဲမှုကိုလျော့ကျစေပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်သည်။

Kirin Gaming+ system-level AI နည်းပညာ၊ အဆင့်မြင့်ထားသော GPU နှင့် HD game special effects တို့က အရည်အသွေးကောင်းမွန်သော၊ ကြီးမားသည့် 3D ဂိမ်းများမှ အချိန်နှင့်တပြေးညီပုံရိပ်များကိုထုတ်ပေး နိုင်သောကြောင့် ဂိမ်းကစားရာတွင် တိကျကြည်လင်ပြတ်သားသော အတွေ့အကြုံကိုရရှိမည်ဖြစ်သည်။ NPU ၏အဆင့်မြင့်သော AI စွမ်းရည်ဖြင့် စဖတ်ဖုန်းသည် CPU၊ GPU နှင့် DDR တို့အတွက်အရင်းအမြစ်ကို အလွယ်တကူနေရာချထားနိုင်သည်။ EMUI10 ၏ feature အသစ်ဖြစ်သော Deterministic Latency Engine က HUAWEI nova 7i ၏ကွန်ပျူတာအမြန်နှုန်းကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

လုံခြုံလျင်မြန်သော 40W HUAWEI SuperCharge နှင့် 4200mAh ဘက်ထရီ

HUAWEI nova 7i တွင်ပါဝင်သည့် ကြီးမားသော 4200mAh ဘက်ထရီက အသုံးပြုသူတို့ တစ်နေ့တာလုံးလိုအပ်ချက်ကို အလွယ်တကူဖြည့်ဆည်းပေးနိုင်သည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို ဘက်ထရီကုန်သွားမည်ကို စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မည် ဖြစ်သည်။ HUAWEI nova 7i တွင်ပါဝင်သည့် 40W HUAWEI SuperCharge သည် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းအားပြည့်စေမည်ဖြစ်ပြီး တစ်နာရီအတွင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အားသွင်းနိုင်ပါသည်။ Huawei ၏ fast charging technology သည် TÜV Rheinland ရဲ့ safety certification ကိုရရှိပြီးဖြစ်သည်။

စွမ်းဆောင်ရည်မြင့်မားပြီး တာရှည်ခံသည့်ဘက်ထရီသက်တမ်းရှိသည့် အကောင်းဆုံးသောဓာတ်ပုံတွေကို ပေးစွမ်းနိုင်မည့် HUAWEI nova 7i သည့် အကောင်းဆုံးသောစွမ်းဆောင်ရည်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်မည့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။

ထိုကဲ့သို့ အရောင်းဆိုင်များ၏ ရောင်းအား အကောင်းဆုံးစာရင်းဝင်သည့် HUAWEI nova 7i ကို ယခုအချိန်တွင် အိမ်အရောက်ဝန်ဆောင်မှုဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Huawei အသုံးပြုသူများအတွက် ယခုအချိန်ကာလတွင် လွယ်ကူအဆင်ပြေစွာ ဈေးဝယ်နိုင်ရန်အတွက် Huawei ၏ မိတ်ဖက်ဆိုင်များနှင့် ပူးပေါင်းပြီး အိမ်အရောက် Delivery ပို့ပေးမည့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါသည်။ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် သတ်မှတ်ထားသောဖုန်းအရောင်းများမှ စတင်လုပ်ဆောင်ပေးနေပြီ ဖြစ်ပါသည်။ မိတ်ဖက်အရောင်းဆိုင်များဖြစ် သည့် INNWA IT & Mobile၊ UNiQUE၊ Technoland Computer Trading Co., Ltd၊ WiNn Mobile Yangon၊ Win Mobile World RH Mobile၊ KMD Computer & Mobile၊ Snoopy Mobile၊ လူကြီးမင်း – Lugyimin၊ Linn IT. & Mobile၊ Laser Mobile Shop၊ NSM Computer & Mobile Phone၊ Wise Power၊ စင်ဒရဲလား အီလက်ထရောနစ်နှင့် မိုလ်ဘိုင်း၊ စံတော်ချိန် Mobile – Mawlamyine တို့အပြင် Shop.com.mm၊ Spree.com.mm၊ Sunny-estore၊ rgo47 တို့တွင် အိမ်အရောက်ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပြီဖြစ်ပါသည်။ ဒါ့အပြင် HUAWEI nova 7i သာမက အခြား မည့်သည့် Huawei ဖုန်း ဝယ်သူကိုမဆို သတ်မှတ်ထားသောဆိုင်များတွင် အဆိုပါဝန်ဆောင်မှုကို လုပ်ဆောင်ပေးနေပြီဖြစ်ပါသည်။

အိမ်အရောက်ပို့ဆောင်မှုအစီအစဉ်တွင် HUAWEI nova 7i တွင်သာမက HUAWEI Y7p၊ HUAWEI Y6s၊ HUAWEI Mate30 Pro တို့အပြင် မည့်သည့် Huawei ပစ္စည်းကိုမဆို ဖော်ပြထားသောဆိုင်များမှ ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ Huawei Mobile (MM) သည် သုံးစွဲသူတို့၏ လိုအပ်ချက်တိုင်းကို ပြည့်စုံစေရန် အစဉ်အမြဲကြိုးစားလျက်ရှိနေပါသည်။ အသေးစိတ်သိရှိလိုပါက Hotline Number – 09689000900 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။