[Zawgyi]

November 2018 security patch ဟာ Pixel, Nexus နဲ႔ Essential စတဲ့ ဖုန္းေတြအတြက္ ရေနၿပီလို႔ သိရပါတယ္။ ဒီ Security patch မွာ ထူးထူးဆန္းဆန္း ေျပာင္းလဲထားတာတစ္ခုက အသုံးျပဳသူအေနနဲ႔ Battery Saver ဖြင့္ထားခဲ့မယ္ဆိုရင္ အလိုအေလ်ာက္ Night Mode ျဖစ္သြားမယ္လို႔ သိရပါတယ္။

အကယ္၍ Battery Saver ကို ဖြင့္လိုက္ရင္ Night Mode ကိုအလိုအေလ်ာက္ ေျပာင္းသြားေအာင္ ျပဳလုပ္ထားတာကို မႀကိဳက္ဘူးဆိုရင္ေတာ့ ျပန္ေျပာင္းလို႔ ရပါတယ္။ အဲဒါကေတာ့ Developer option ထဲမွာ ဝင္ၿပီးေတာ့ Night Mode always be off လို႔ ေျပာင္းလိုက္ရင္ ရပါတယ္။ ဒီလိုေျပာင္းၿပီးကာမွ Night Mode ဖြင့္ခ်င္တယ္ဆိုရင္လည္း Manual ဖြင့္လို႔၊ ပိတ္လို႔ရပါတယ္။

ဒါေပမယ့္ Battery Saver က Night Mode ကို အၿမဲတမ္းဖြင့္ထားဖို႔ ဖိအားေပးထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အသုံးျပဳသူက Always off လို႔ ျပန္ေျပာင္းထားခဲ့ေပမယ့္လည္း Battery Saver ျပန္ဖြင့္လိုက္တာနဲ႔ Night Mode လည္း ပြင့္လာမွာ ျဖစ္ပါတယ္။ Battery Sever ျပန္ပိတ္လိုက္ရင္ေတာ့ ေစာေစာကေပးထားတဲ့အတိုင္း Always off ပဲ ျပန္ျဖစ္ေနလိမ့္မယ္လို႔ Android Police က ေရးသားေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ဘက္ထရီအားကို ေႁခြတာခ်င္တယ္ဆိုရင္ေတာ့ Night Mode သုံးရမယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။ ၿပီးခဲ့တဲ့ Developer Summit မွာ Google က Night Mode ဒါမွမဟုတ္ Dark Mode သုံးျခင္းက ဘက္ထရီအားသုံးစြဲျခင္းကို သိသိသာသာ ေလ်ာ့က်ေစေၾကာင္း အတည္ျပဳခဲ့ျခင္းရဲ႕ အက်ိဳးဆက္ေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အေရာင္ေတြမွာလည္း မတူညီတဲ့ ပါဝါသုံးစြဲျခင္းပမာဏေတြ ရွိေနၾကတာေၾကာင့္ Developer ေတြအေနနဲ႔ အျဖဴေရာင္ေနာက္ခံ ဒီဇိုင္းေတြကို ေလွ်ာ့ခ်ၾကဖို႔ တိုက္တြန္းသြားပါေသးတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳး Night Mode သုံးစြဲျခင္းေၾကာင့္ ဘက္ထရီပါဝါသုံးစြဲမႈကို ေလ်ာ့က်ေစတာက OLED display ေတြမွာပဲ သက္ေရာက္မွာ ျဖစ္ပါတယ္။

Ref: Android authority

 

[Unicode]

November 2018 security patch ဟာ Pixel, Nexus နဲ့ Essential စတဲ့ ဖုန်းတွေအတွက် ရနေပြီလို့ သိရပါတယ်။ ဒီ Security patch မှာ ထူးထူးဆန်းဆန်း ပြောင်းလဲထားတာတစ်ခုက အသုံးပြုသူအနေနဲ့ Battery Saver ဖွင့်ထားခဲ့မယ်ဆိုရင် အလိုအလျောက် Night Mode ဖြစ်သွားမယ်လို့ သိရပါတယ်။

အကယ်၍ Battery Saver ကို ဖွင့်လိုက်ရင် Night Mode ကိုအလိုအလျောက် ပြောင်းသွားအောင် ပြုလုပ်ထားတာကို မကြိုက်ဘူးဆိုရင်တော့ ပြန်ပြောင်းလို့ ရပါတယ်။ အဲဒါကတော့ Developer option ထဲမှာ ဝင်ပြီးတော့ Night Mode always be off လို့ ပြောင်းလိုက်ရင် ရပါတယ်။ ဒီလိုပြောင်းပြီးကာမှ Night Mode ဖွင့်ချင်တယ်ဆိုရင်လည်း Manual ဖွင့်လို့၊ ပိတ်လို့ရပါတယ်။

ဒါပေမယ့် Battery Saver က Night Mode ကို အမြဲတမ်းဖွင့်ထားဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးပြုသူက Always off လို့ ပြန်ပြောင်းထားခဲ့ပေမယ့်လည်း Battery Saver ပြန်ဖွင့်လိုက်တာနဲ့ Night Mode လည်း ပွင့်လာမှာ ဖြစ်ပါတယ်။ Battery Sever ပြန်ပိတ်လိုက်ရင်တော့ စောစောကပေးထားတဲ့အတိုင်း Always off ပဲ ပြန်ဖြစ်နေလိမ့်မယ်လို့ Android Police က ရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် ဘက်ထရီအားကို ခြွေတာချင်တယ်ဆိုရင်တော့ Night Mode သုံးရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြီးခဲ့တဲ့ Developer Summit မှာ Google က Night Mode ဒါမှမဟုတ် Dark Mode သုံးခြင်းက ဘက်ထရီအားသုံးစွဲခြင်းကို သိသိသာသာ လျော့ကျစေကြောင်း အတည်ပြုခဲ့ခြင်းရဲ့ အကျိုးဆက်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အရောင်တွေမှာလည်း မတူညီတဲ့ ပါဝါသုံးစွဲခြင်းပမာဏတွေ ရှိနေကြတာကြောင့် Developer တွေအနေနဲ့ အဖြူရောင်နောက်ခံ ဒီဇိုင်းတွေကို လျှော့ချကြဖို့ တိုက်တွန်းသွားပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး Night Mode သုံးစွဲခြင်းကြောင့် ဘက်ထရီပါဝါသုံးစွဲမှုကို လျော့ကျစေတာက OLED display တွေမှာပဲ သက်ရောက်မှာ ဖြစ်ပါတယ်။

Ref: Android authority