[Zawgyi]

Android ဟာ ကမာၻတစ္ဝန္းမွာ ေရပန္းစားၿပီး လူသုံးအမ်ားဆုံး Operating System လို႔ ေျပာရင္ မမွားပါဘူး။ အျခား Operating System ေတြ ရွိေနေပမယ့္ Android က အသုံးျပဳသူအမ်ားဆုံးနဲ႔ ထိပ္ဆုံးမွာ ရွိေနဆဲ ျဖစ္ပါတယ္။ Android ရဲ႕ ေအာင္ျမင္မႈကို Google က ေဖာ္ျပခဲ့ပါတယ္။

Android ဒါ႐ိုက္တာ Stephanie Cuthbertson ရဲ႕ ေျပာဆိုခ်က္အရ ကမာၻတစ္ဝန္းလုံးမွာ Android devices ေပါင္း ၂.၅ ဘီလီယံေက်ာ္ဟာ လက္ရွိသုံးစြဲေနသူေတြရဲ႕ ပမာဏျဖစ္တယ္လို႔ သိရပါတယ္။ အခ်ိန္ ၁၀ ႏွစ္တာကာလ ေရာက္ရွိၿပီးတဲ့ေနာက္ ၂.၅ဘီလီယံေက်ာ္ အသုံးျပဳေနဆဲ Device ေတြအတြက္ Android က ေက်းဇူးတင္ေၾကာင္းလည္း တြစ္တာမွာ ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ၂.၅ ဘီလီယံေက်ာ္ Devices ေတြေၾကာင့္ Hardware ထုတ္လုပ္တဲ့ကုမၸဏီေပါင္း ၁၈၀ ေက်ာ္ကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီအစိတ္အပိုင္းေတြအားလုံးဟာ စမတ္ဖုန္းေတြပဲလည္း မဟုတ္ဘူးလို႔ သိရပါတယ္။ ဒီကိန္းဂဏန္းေတြဟာ Google Assistant ထည့္သြင္းတည္ေဆာက္ထားတဲ့ Smart speaker, smart display နဲ႔ KaiOS ဖုန္းေတြအပါအဝင္ အမ်ိဳးအစားစုံလင္တဲ့ Device ေတြအားလုံး ပါဝင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိျပဳစုထားတဲ့ စာရင္းဇယားေတြအရ Android Version 6.0 ဟာ ပ်ံ႕ႏွံ႔မႈအမ်ားဆုံးျဖစ္ၿပီး Version 8.1 ကေတာ့ ဒုတိယ ပ်ံ႕ႏွံ႔မႈအမ်ားဆုံးျဖစ္ပါတယ္။ ဒီႏွစ္မ်ိဳးရဲ႕ေနာက္မွာေတာ့ Version 8.0, 7.0 နဲ႔ 5.1 တို႔က အစဥ္လိုက္ ရပ္တည္ေနတာကို ေတြ႕ရပါတယ္။ Version 9 ကေတာ့ 5.1 ထက္ ပ်ံ႕ႏွံ႔မႈရာခိုင္ႏႈန္း နည္းေနေသးေပမယ့္ မၾကာခင္မွာ ေက်ာ္တက္သြားႏိုင္မယ့္ အလားအလာေတြ ရွိေနတာပဲ ျဖစ္ပါတယ္။

Ref: Android Police

[Unicode]

ကမ္ဘာတစ်ဝန်းမှာ Android Device ပေါင်း၂.၅ ဘီလီယံကျော် လက်ရှိအသုံးပြုလျက်ရှိ

Android ဟာ ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားပြီး လူသုံးအများဆုံး Operating System လို့ ပြောရင် မမှားပါဘူး။ အခြား Operating System တွေ ရှိနေပေမယ့် Android က အသုံးပြုသူအများဆုံးနဲ့ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။ Android ရဲ့ အောင်မြင်မှုကို Google က ဖော်ပြခဲ့ပါတယ်။

Android ဒါရိုက်တာ Stephanie Cuthbertson ရဲ့ ပြောဆိုချက်အရ ကမ္ဘာတစ်ဝန်းလုံးမှာ Android devices ပေါင်း ၂.၅ ဘီလီယံကျော်ဟာ လက်ရှိသုံးစွဲနေသူတွေရဲ့ ပမာဏဖြစ်တယ်လို့ သိရပါတယ်။ အချိန် ၁၀ နှစ်တာကာလ ရောက်ရှိပြီးတဲ့နောက် ၂.၅ဘီလီယံကျော် အသုံးပြုနေဆဲ Device တွေအတွက် Android က ကျေးဇူးတင်ကြောင်းလည်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ၂.၅ ဘီလီယံကျော် Devices တွေကြောင့် Hardware ထုတ်လုပ်တဲ့ကုမ္ပဏီပေါင်း ၁၈၀ ကျော်ကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအစိတ်အပိုင်းတွေအားလုံးဟာ စမတ်ဖုန်းတွေပဲလည်း မဟုတ်ဘူးလို့ သိရပါတယ်။ ဒီကိန်းဂဏန်းတွေဟာ Google Assistant ထည့်သွင်းတည်ဆောက်ထားတဲ့ Smart speaker, smart display နဲ့ KaiOS ဖုန်းတွေအပါအဝင် အမျိုးအစားစုံလင်တဲ့ Device တွေအားလုံး ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိပြုစုထားတဲ့ စာရင်းဇယားတွေအရ Android Version 6.0 ဟာ ပျံ့နှံ့မှုအများဆုံးဖြစ်ပြီး Version 8.1 ကတော့ ဒုတိယ ပျံ့နှံ့မှုအများဆုံးဖြစ်ပါတယ်။ ဒီနှစ်မျိုးရဲ့နောက်မှာတော့ Version 8.0, 7.0 နဲ့ 5.1 တို့က အစဉ်လိုက် ရပ်တည်နေတာကို တွေ့ရပါတယ်။ Version 9 ကတော့ 5.1 ထက် ပျံ့နှံ့မှုရာခိုင်နှုန်း နည်းနေသေးပေမယ့် မကြာခင်မှာ ကျော်တက်သွားနိုင်မယ့် အလားအလာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: Android Police