Zawgyi

Nubia ရဲ႕ CEO ျဖစ္သူ Ni Fei ဟာ 5G Network ရရွိတဲ့ စက္ကို ဒီႏွစ္ကုန္မွာ စမ္းသပ္ျပသၿပီး လာမယ့္ ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ စတင္ေရာင္းခ်သြားမယ္ဆိုတဲ့ အေၾကာင္းကို ၿပီးခဲ့တဲ့ ဧၿပီလတုန္းက ေျပာၾကားခဲ့ဖူးပါတယ္။ အခုေတာ့ သူရဲ႕ အိပ္မက္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔အတြက္ ရက္ေတြနီးကပ္လာၿပီလို႔ ေျပာရမွာပါ။

Nubia အေနနဲ႔ လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ (မနက္ျဖန္) မွာ ပြဲ တစ္ပြဲက်င္းပဖို႔ ရွိပါတယ္။ အဆိုပါ မိတ္ဆက္ပြဲ အခမ္းအနားကို ေဘက်င္းၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ၿပီး ဖိတ္စာကိုလည္း သက္ဆိုင္ရာ လူႀကီးမင္းေတြဆီသို႔ ေပးပို႔ထားၿပီး ျဖစ္ပါတယ္။ ဖိတ္စာဓာတ္ပုံမွာ “Dual Screen” နဲ႔ “5G” ဆိုတဲ့ စာသားေတြကို အသားေပးေဖာ္ျပထားတာ ျဖစ္တဲ့အတြက္ Nubia X ရဲ႕ 5G ဗားရွင္းကို မိတ္ဆက္သြားမယ္လို႔ ခန္႔မွန္းရပါတယ္။

Nubia X

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Nubia X က Snapdragon 845 SoC ကို အသုံးျပဳခဲ့တာ ျဖစ္ၿပီး 4G LTE Network နဲ႔ ျဖစ္ပါတယ္။ အခုထြက္ရွိလာမယ့္ Nubia X မွာေတာ့ 5G Network ကို ေထာက္ပံ့ေပးႏိုင္မယ့္ Qualcomm X50 LTE Modem တပ္ဆင္ထားတဲ့ Snapdragon 855 SoC ကို အသုံးျပဳထားႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။

5G Network ေထာက္ပံ့ေပးႏိုင္မယ့္ ဖုန္းေတြကို ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ ႀကိဳးစားေနၾကတဲ့ အထဲမွာ OnePlus, Oppo, Vivo, Xiaomi နဲ႔ Samsung တို႔လည္း ပါဝင္ပါတယ္။

Ref: gizmochina

Unicode

Nubia X 5G ဗားရှင်းကို မနက်ဖြန်မှာ မိတ်ဆက်နိုင်

Nubia ရဲ့ CEO ဖြစ်သူ Ni Fei ဟာ 5G Network ရရှိတဲ့ စက်ကို ဒီနှစ်ကုန်မှာ စမ်းသပ်ပြသပြီး လာမယ့် ၂၀၁၉ခုနှစ် အစောပိုင်းမှာ စတင်ရောင်းချသွားမယ်ဆိုတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ အခုတော့ သူရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ရက်တွေနီးကပ်လာပြီလို့ ပြောရမှာပါ။

Nubia အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ (မနက်ဖြန်) မှာ ပွဲ တစ်ပွဲကျင်းပဖို့ ရှိပါတယ်။ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို ဘေကျင်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဖိတ်စာကိုလည်း သက်ဆိုင်ရာ လူကြီးမင်းတွေဆီသို့ ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဖိတ်စာဓာတ်ပုံမှာ “Dual Screen” နဲ့ “5G” ဆိုတဲ့ စာသားတွေကို အသားပေးဖော်ပြထားတာ ဖြစ်တဲ့အတွက် Nubia X ရဲ့ 5G ဗားရှင်းကို မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Nubia X က Snapdragon 845 SoC ကို အသုံးပြုခဲ့တာ ဖြစ်ပြီး 4G LTE Network နဲ့ ဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် Nubia X မှာတော့ 5G Network ကို ထောက်ပံ့ပေးနိုင်မယ့် Qualcomm X50 LTE Modem တပ်ဆင်ထားတဲ့ Snapdragon 855 SoC ကို အသုံးပြုထားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားကြပါတယ်။

5G Network ထောက်ပံ့ပေးနိုင်မယ့် ဖုန်းတွေကို ၂၀၁၉ခုနှစ် အစောပိုင်းမှာ မိတ်ဆက်နိုင်ဖို့အတွက် အကြိတ်အနယ် ယှဥ်ပြိုင် ကြိုးစားနေကြတဲ့ အထဲမှာ OnePlus, Oppo, Vivo, Xiaomi နဲ့ Samsung တို့လည်း ပါဝင်ပါတယ်။

Ref: gizmochina