[Zawgyi]

၂၀၁၉ ႏွစ္စမွာပဲ စမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ Foldable ဖုန္းၿပိဳင္ပြဲႀကီးကေတာ့ စတင္လာခဲ့ပါၿပီ။ ဒါေပမယ့္ အေစာပုိင္းမွာ သတင္းထြက္ေနတဲ့ Nubia ကေတာ့ စမတ္ဖုန္းၿပိဳင္ပြဲကို တုိက္ရုိက္မရင္ဆုိင္လာဘဲ လက္ေကာက္ဝတ္မွာ ေကြးေခါက္ၿပီး ဝတ္ဆင္ႏုိင္တဲ့ Wearable ပုံစံနဲ႔ Nubia Alpha ကိုထုတ္လုပ္လာခဲ့တယ္။

ZTE ရဲ႕အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ဟာ Visionox နဲ႔ေပါင္းၿပီး ေလးလက္မအရြယ္ OLED Screen နဲ႔ Nubia Alpha ကုိ မိတ္ဆက္လာခဲ့တာပါ။ စမတ္နာရီပုံစံကို ပုိဦးတည္ေနတဲ့အတြက္ မ်က္ႏွာျပင္က က်ဥ္းၿပီး ရွည္ေမ်ာေမ်ာႏုိင္ပါတယ္။ သူ႕ရဲ႕ Aspect Ratio က 36:9 ျဖစ္ၿပီး 960 x 192p Resolution နဲ႔ပါ။

အတြင္းပုိင္းမွာေတာ့ Snapdragon Wear 2100 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားၿပီး 1GB RAM မန္မုိရီနဲ႔ 8GB Storage ပါဝင္တယ္။ ကုိယ္ပုိင္ OS စနစ္နဲ႔ လုပ္ေဆာင္ၿပီး 500 mAh ဘကၳရီက တစ္ရက္ သုိ႔ ႏွစ္ရက္ၾကာ အသုံးခံမယ္လို႔ ဆုိလာပါတယ္။

ဒါေပမယ့္ Nubia Alpha ဟာ ဖုန္းအျဖစ္လည္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး eSIM ဗားရွင္းေမာ္ဒယ္မွာ 4G LTE ခ်ိတ္ဆက္ႏုိင္စြမ္း ပါဝင္ပါတယ္။ ေနာက္ဗားရွင္းတစ္ခုကေတာ့ သင့္ဖုန္းကို ဘလူးတုသ္နဲ႔ ခ်ိတ္ဆက္ထားၿပီး အင္တာနက္အတြက္ Wi-Fi နဲ႔သုံးရမွာပါ။

ဖုန္းအစား Nubia Alpha ပဲ ပါလာတယ္ဆုိတဲ့ သူေတြဟာ သူ႕ရဲ႕ 5MP (f/2.2) ကင္မရာကို ဗီဒီယုိေကာလ္ ေခၚဆုိမႈနဲ႔ ဓါတ္ပုံရုိက္ဖို႔ သုံးႏုိင္ဦးမွာပါပဲ။ ကင္မရာကို သုံးဖို႔ေတာ့ နာရီမွာပါတဲ့ ကင္မရာနဲ႔ ျမင္ကြင္းကို ခ်ိန္ဖို႔ လက္ေကာက္ဝတ္ကို လွည့္ရမွာျဖစ္ပါတယ္။ Nubia Alpha ကို စတိန္းလက္စတီးလ္နဲ႔ ဖန္တီးထားၿပီး Display ကို အပူဒဏ္ခံႏုိင္တဲ့ ပုိလီအီမုိက္နဲ႔ ကာကြယ္ထားတယ္။ ၁၈ ကာရက္ေရႊနဲ႔ ျပဳလုပ္ထားတဲ့ Gold Edition လည္းထုတ္လုပ္မွာျဖစ္ၿပီး ႏွစ္မ်ဳိးလုံးက ေရစုိဒဏ္လည္း ခံႏုိင္မွာပါ။

ပုံမွန္စမတ္လက္ပတ္နာရီတစ္လုံးရဲ႕ က်န္းမာေရးအေထာက္အကူျပဳလုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္တဲ့ Nubia Alpha ရဲ႕ ရုိးရုိးဗားရွင္းက ဧၿပီလမွာ ထြက္လာမွာျဖစ္ၿပီး အနက္ေရာင္ျဖင့္သာ ရရွိႏုိင္မယ့္ ဒီဗားရွင္းကို ယူရုိ ၄၅၀ (ျမန္မာေငြ ခုနစ္သိန္းခုနစ္ေသာင္းဝန္းက်င္) ေပးရမွာပါ။ eSIM ေမာ္ဒယ္ကေတာ့ ယူရုိ ၅၅၀ (ျမန္မာေငြ ကိုးသိန္းခြဲ) ခန္႔က်သင့္မွာျဖစ္ၿပီး Gold ဗားရွင္းကိုလိုခ်င္ရင္ေတာ့ ယူရုိ ၆၅၀ (ျမန္မာေငြ ၁၁ သိန္းေက်ာ္) သတ္မွတ္ထားမွာျဖစ္ပါတယ္။

တရုတ္ႏုိင္ငံေစ်းကြက္က ဧၿပီလမွာ ေစာေစာရရွိမွာျဖစ္ၿပီး ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ ၂၀၁၉ ဒုတိယ ႏွစ္ဝက္အတြင္းမွ ဝင္ေရာက္လာမွာပါ။ ဒါေၾကာင့္ အေစာပုိင္းမွာ Foldable ဖုန္းအျဖစ္ သတင္းထြက္ေနတဲ့ Nubia Alpha ကေတာ့ ဒီႏွစ္မွာ ပိုၿပီးေကြးညႊတ္ႏုိင္တဲ့ မ်က္ႏွာျပင္နဲ႔ စမတ္ Wearable အျဖစ္သာ ျမင္လာရပါတယ္။

Ref – GSM Arena

[Unicode]

၂၀၁၉ နှစ်စမှာပဲ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ Foldable ဖုန်းပြိုင်ပွဲကြီးကတော့ စတင်လာခဲ့ပါပြီ။ ဒါပေမယ့် အစောပိုင်းမှာ သတင်းထွက်နေတဲ့ Nubia ကတော့ စမတ်ဖုန်းပြိုင်ပွဲကို တိုက်ရိုက်မရင်ဆိုင်လာဘဲ လက်ကောက်ဝတ်မှာ ကွေးခေါက်ပြီး ဝတ်ဆင်နိုင်တဲ့ Wearable ပုံစံနဲ့ Nubia Alpha ကိုထုတ်လုပ်လာခဲ့တယ်။

ZTE ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ဟာ Visionox နဲ့ပေါင်းပြီး လေးလက်မအရွယ် OLED Screen နဲ့ Nubia Alpha ကို မိတ်ဆက်လာခဲ့တာပါ။ စမတ်နာရီပုံစံကို ပိုဦးတည်နေတဲ့အတွက် မျက်နှာပြင်က ကျဉ်းပြီး ရှည်မျောမျောနိုင်ပါတယ်။ သူ့ရဲ့ Aspect Ratio က 36:9 ဖြစ်ပြီး 960 x 192p Resolution နဲ့ပါ။

အတွင်းပိုင်းမှာတော့ Snapdragon Wear 2100 ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး 1GB RAM မန်မိုရီနဲ့ 8GB Storage ပါဝင်တယ်။ ကိုယ်ပိုင် OS စနစ်နဲ့ လုပ်ဆောင်ပြီး 500 mAh ဘက္ထရီက တစ်ရက် သို့ နှစ်ရက်ကြာ အသုံးခံမယ်လို့ ဆိုလာပါတယ်။

ဒါပေမယ့် Nubia Alpha ဟာ ဖုန်းအဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး eSIM ဗားရှင်းမော်ဒယ်မှာ 4G LTE ချိတ်ဆက်နိုင်စွမ်း ပါဝင်ပါတယ်။ နောက်ဗားရှင်းတစ်ခုကတော့ သင့်ဖုန်းကို ဘလူးတုသ်နဲ့ ချိတ်ဆက်ထားပြီး အင်တာနက်အတွက် Wi-Fi နဲ့သုံးရမှာပါ။

ဖုန်းအစား Nubia Alpha ပဲ ပါလာတယ်ဆိုတဲ့ သူတွေဟာ သူ့ရဲ့ 5MP (f/2.2) ကင်မရာကို ဗီဒီယိုကောလ် ခေါ်ဆိုမှုနဲ့ ဓါတ်ပုံရိုက်ဖို့ သုံးနိုင်ဦးမှာပါပဲ။ ကင်မရာကို သုံးဖို့တော့ နာရီမှာပါတဲ့ ကင်မရာနဲ့ မြင်ကွင်းကို ချိန်ဖို့ လက်ကောက်ဝတ်ကို လှည့်ရမှာဖြစ်ပါတယ်။ Nubia Alpha ကို စတိန်းလက်စတီးလ်နဲ့ ဖန်တီးထားပြီး Display ကို အပူဒဏ်ခံနိုင်တဲ့ ပိုလီအီမိုက်နဲ့ ကာကွယ်ထားတယ်။ ၁၈ ကာရက်ရွှေနဲ့ ပြုလုပ်ထားတဲ့ Gold Edition လည်းထုတ်လုပ်မှာဖြစ်ပြီး နှစ်မျိုးလုံးက ရေစိုဒဏ်လည်း ခံနိုင်မှာပါ။

ပုံမှန်စမတ်လက်ပတ်နာရီတစ်လုံးရဲ့ ကျန်းမာရေးအထောက်အကူပြုလုပ်ဆောင်ချက်တွေလည်း ပါဝင်တဲ့ Nubia Alpha ရဲ့ ရိုးရိုးဗားရှင်းက ဧပြီလမှာ ထွက်လာမှာဖြစ်ပြီး အနက်ရောင်ဖြင့်သာ ရရှိနိုင်မယ့် ဒီဗားရှင်းကို ယူရို ၄၅၀ (မြန်မာငွေ ခုနစ်သိန်းခုနစ်သောင်းဝန်းကျင်) ပေးရမှာပါ။ eSIM မော်ဒယ်ကတော့ ယူရို ၅၅၀ (မြန်မာငွေ ကိုးသိန်းခွဲ) ခန့်ကျသင့်မှာဖြစ်ပြီး Gold ဗားရှင်းကိုလိုချင်ရင်တော့ ယူရို ၆၅၀ (မြန်မာငွေ ၁၁ သိန်းကျော်) သတ်မှတ်ထားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဈေးကွက်က ဧပြီလမှာ စောစောရရှိမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကိုတော့ ၂၀၁၉ ဒုတိယ နှစ်ဝက်အတွင်းမှ ဝင်ရောက်လာမှာပါ။ ဒါကြောင့် အစောပိုင်းမှာ Foldable ဖုန်းအဖြစ် သတင်းထွက်နေတဲ့ Nubia Alpha ကတော့ ဒီနှစ်မှာ ပိုပြီးကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်နဲ့ စမတ် Wearable အဖြစ်သာ မြင်လာရပါတယ်။

Ref – GSM Arena