[Zawgyi]

Nubia Alpha အေၾကာင္းေျပာမယ္ဆိုရင္ေတာ့ စမတ္ဖုန္းလည္းဟုတ္၊ နာရီလိုလည္း ပတ္လို႔ရတဲ့ Device လို႔ပဲ အရင္စေျပာရမွာပါ။ ZTE ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ဟာ ဒီလို ႏွစ္မ်ိဳးသုံး Device ကို လာမယ့္ ဧၿပီလ ၈ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံတြင္းေဈးကြက္ထဲ စတင္ျဖန႔္ခ်ိမယ္လို႔ ေၾကညာလိုက္ပါတယ္။

Nubia Alpha ဟာ စမတ္နာရီဆန္ဆန္ျပဳလုပ္ထားတဲ့ ဖုန္းတစ္ပိုင္း နာရီတစ္ပိုင္းလို႔ ဆိုရမွာပါ။ မ်က္ႏွာျပင္က စမတ္နာရီထက္ ပိုၿပီး ရွည္လ်ားပါတယ္။ အသုံးျပဳႏိုင္စြမ္းကေတာ့ စမတ္နာရီထက္ ပိုမ်ားၿပီး စမတ္ဖုန္းလိုလည္း အသုံးျပဳႏိုင္တာပါ။ Nubia Alpha eSIM version မွာဆိုရင္ စမတ္ဖုန္းတစ္လုံးလို ဖုန္းေခၚဆိုေျပာဆိုႏိုင္ၿပီး 4G LTE ကိုလည္း အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ Wi-Fi version လည္း ရွိပါေသးတယ္။

Nubia Alpha ဟာ 4-inch မ်က္ႏွာျပင္နဲ႔ျဖစ္ပါတယ္။ 960 x 928p resolution နဲ႔ OLED မ်က္ႏွာျပင္ အမ်ိဳးအစားလည္း ျဖစ္ပါတယ္။ Snapdragon Wear 2100 ကို အသုံးျပဳထားၿပီး RAM 1GB နဲ႔ Storage 8GB တို႔ကို ေထာက္ပံ့ေပးထားပါတယ္။ ဘက္ထရီပမာဏ 500mAh ကိုလည္း ထည့္သြင္းေပးထားတာပါ။ ပုံမွန္ပဲ သုံးမယ္ဆိုရင္ေတာ့ တစ္ခါအားသြင္းထားၿပီး တစ္ရက္ကေန ႏွစ္ရက္အထိ သုံးလို႔ရတယ္လို႔ Nubia ကေျပာပါတယ္။

စမတ္နာရီထက္ သာလြန္တဲ့အခ်က္က 5MP f/2.2 ကင္မရာကို နာရီမ်က္ႏွာျပင္ရဲ႕ေဘး ညာဘက္ျခမ္းမွာ တပ္ဆင္ေပးထားတာပဲ ျဖစ္ပါတယ္။ ဓါတ္ပုံ႐ိုက္ဖို႔ထက္ Video Call ေတြမွာသုံးဖို႔အတြက္ ရည္႐ြယ္ထားတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ စမတ္နာရီေတြမွာ မပါမျဖစ္ က်န္းမာေရးအေထာက္အကူျပဳ Feature ေတြလည္း ထည့္သြင္းထားလို႔ ႏွလုံးခုန္ႏႈန္း၊ အိပ္စက္မႈ၊ ကိုယ္လက္လႈပ္ရွားမႈ စတာေတြကိုလည္း ေစာင့္ၾကည့္ မွတ္တမ္းတင္ႏိုင္မွာ ျဖစ္ပါတယ္။

ေဈးႏႈန္းကေတာ့ Wi-Fi သီးသန႔္ အနက္ေရာင္အမ်ိဳးအစားဟာ Euro450 (ျမန္မာေငြ ၇ သိန္း ၆ ေသာင္းဝန္းက်င္) ကေန စတင္မွာျဖစ္ၿပီး ေ႐ႊေရာင္ eSIM အမ်ိဳးအစားဆိုရင္ေတာ့ Euro 650 (ျမန္မာေငြ ၁၁ သိန္းဝန္းက်င္) အထိ ေဈးႏႈန္းျမင့္တက္သြားမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

စမတ်ဖုန်းလိုပါသုံးလို့ရမယ့် စမတ်နာရီ Nubia Alpha ကို ဧပြီလ ၈ ရက်နေ့ တရုတ်ဈေးကွက်မှာ ဖြန့်ချိမယ်

Nubia Alpha အကြောင်းပြောမယ်ဆိုရင်တော့ စမတ်ဖုန်းလည်းဟုတ်၊ နာရီလိုလည်း ပတ်လို့ရတဲ့ Device လို့ပဲ အရင်စပြောရမှာပါ။ ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ဟာ ဒီလို နှစ်မျိုးသုံး Device ကို လာမယ့် ဧပြီလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံတွင်းဈေးကွက်ထဲ စတင်ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။

Nubia Alpha ဟာ စမတ်နာရီဆန်ဆန်ပြုလုပ်ထားတဲ့ ဖုန်းတစ်ပိုင်း နာရီတစ်ပိုင်းလို့ ဆိုရမှာပါ။ မျက်နှာပြင်က စမတ်နာရီထက် ပိုပြီး ရှည်လျားပါတယ်။ အသုံးပြုနိုင်စွမ်းကတော့ စမတ်နာရီထက် ပိုများပြီး စမတ်ဖုန်းလိုလည်း အသုံးပြုနိုင်တာပါ။ Nubia Alpha eSIM version မှာဆိုရင် စမတ်ဖုန်းတစ်လုံးလို ဖုန်းခေါ်ဆိုပြောဆိုနိုင်ပြီး 4G LTE ကိုလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Wi-Fi version လည်း ရှိပါသေးတယ်။

Nubia Alpha ဟာ 4-inch မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ 960 x 928p resolution နဲ့ OLED မျက်နှာပြင် အမျိုးအစားလည်း ဖြစ်ပါတယ်။ Snapdragon Wear 2100 ကို အသုံးပြုထားပြီး RAM 1GB နဲ့ Storage 8GB တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီပမာဏ 500mAh ကိုလည်း ထည့်သွင်းပေးထားတာပါ။ ပုံမှန်ပဲ သုံးမယ်ဆိုရင်တော့ တစ်ခါအားသွင်းထားပြီး တစ်ရက်ကနေ နှစ်ရက်အထိ သုံးလို့ရတယ်လို့ Nubia ကပြောပါတယ်။

စမတ်နာရီထက် သာလွန်တဲ့အချက်က 5MP f/2.2 ကင်မရာကို နာရီမျက်နှာပြင်ရဲ့ဘေး ညာဘက်ခြမ်းမှာ တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့ထက် Video Call တွေမှာသုံးဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် စမတ်နာရီတွေမှာ မပါမဖြစ် ကျန်းမာရေးအထောက်အကူပြု Feature တွေလည်း ထည့်သွင်းထားလို့ နှလုံးခုန်နှုန်း၊ အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကိုလည်း စောင့်ကြည့် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ Wi-Fi သီးသန့် အနက်ရောင်အမျိုးအစားဟာ Euro450 (မြန်မာငွေ ၇ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး ရွှေရောင် eSIM အမျိုးအစားဆိုရင်တော့ Euro 650 (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) အထိ ဈေးနှုန်းမြင့်တက်သွားမယ်လို့ သိရပါတယ်။

Ref: GSMArena