Nubia က Snapdragon 865 Chipset ပါတဲ့ အလန်းစား Red Magic 5G စမတ်ဖုန်း အသစ်ကို ဖန်တီးနေပါတယ်။ 144Hz Refresh Rate မျက်နှာပြင်နဲ့ Dual-mode 5G ဆက်သွယ်မှု ပါလာမှာပါ။ 144Hz Refresh Rate ပါတဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်လာနိုင်ပြီး ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းကို မြန်ဆန်မှာပါ။ အခုတော့ Nubia ရဲ့ CEO Ni Fei က အဲဒီ ဖုန်းရဲ့ မော်ဒယ်အားလုံးမှာ Samsung LPDDR5 RAM ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။

Fei က Red Magic 5G မှာ 16GB RAM အထိ ပါလာမယ်လို့ ဒီ ၁ ပတ် အစောပိုင်းက အတည်ပြုခဲ့ပြီး 64MP ပင်မ ကင်မရာနဲ့ အပူမလွန်ကဲစေဖို့ Physical Fan ၁ ခု ထည့်သွင်းထားမှာပါ။ Samsung ရဲ့ LPDDR5 ဟာ အရင်မျိုးဆက် LPDDR4X စံနှုန်းထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပြီး Transfer Speed က 6,400Mbps အထိ ရှိပါတယ်။ Samsung က ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ LPDDR5 ကို မိတ်ဆက်ခဲ့ပြီး ဇူလိုင်လမှာ အမြောက်အများ စတင် ထုတ်လုပ်ခဲ့ပါတယ်။

Ni Fei က Nubia Red Magic 5G ရဲ့ Teaser Video ၁ ခုကို ဝီဘိုမှာ မကြာခင်က မျှဝေထားပြီး Wireless Screencasting Feature ဟာ Latency နည်းပါးတယ်ဆိုတာ သရုပ်ပြထားပါတယ်။  Video မှာ Fei က ဂိမ်း ၃ ခုကို ကစားပြနေပြီး သိသိသာသာ တုန့်ဆိုင်းခြင်း မရှိတာကို တွေ့ရပါတယ်။ တရုတ်က 3C မှာ မကြာခင်က မှတ်ပုံတင်ထားပြီး 55W Fast Charging ပါမယ်လို့ သိရပါတယ်။ အဲဒီဖုန်းမှာ အလန်းစား နည်းပညာတွေ ပါလာမှာ ဖြစ်တဲ့အတွက် မိတ်ဆက်မယ့်နေ့ကို ရင်ခုန်စောင့်စားရဦးမှာပါ။

Ref : gsmarena