[Zawgyi]

တရုတ္အေျခစုိက္ ZTE ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ဟာ ဆန္းဆန္းျပားျပား နည္းပညာနဲ႔ စမတ္ဖုန္း ေတြကို ထုတ္လုပ္ရာမွာ အားသန္သူျဖစ္ၿပီး အခုလည္း သူတုိ႔ရဲ႕ Gaming ဦးစားေပး စမတ္ဖုန္း Red Magic ကို အိႏၵိယေစ်းကြက္မွာ စတင္မိတ္ဆက္လိုက္ပါတယ္။

ဒီဟန္းဆက္ဟာ ထူးျခားတဲ့ ေက်ာဘက္ဒီဇုိင္းကို ပိုင္ဆုိင္ၿပီး အဓိကကင္မရာအျဖစ္ 24MP f/1.7 ကင္မရာ တစ္လုံးထဲကို ထည့္သြင္းထားတယ္။ Gaming စမတ္ဖုန္းျဖစ္ေၾကာင္း အသြင္အျပင္နဲ႔တင္သိေစဖို႔ ေက်ာဘက္မွာပဲ LED အေျမွာင္းေတြ ပါဝင္ပါတယ္။ GameBoost လို႔ေခၚတဲ့ ခလုတ္တစ္ခုပါၿပီး Performance Mode ကို ဖြင့္ဖို႔ ျဖစ္ပါတယ္။

Red Magic ကိုေတာ့ အသစ္ထြက္တဲ့ Snapdragon 845 အစား မႏွစ္က Snapdragon 835 ခ်စ္ပ္ဆက္ ကိုသာ အသုံးျပဳထားတယ္။ ၂၀၁၈ ခုႏွစ္မွာ ဒီဖုန္းကို မိတ္ဆက္တုန္းကေတာ့ ကုမၸဏီဟာ ဒီခ်စ္ပ္ဆက္က အျပစ္အနာအဆာ မရွိဘဲ စြမ္းေဆာင္ရည္အေကာင္းဆုံး ခ်စ္ပ္ဆက္လို႔ ဆုိခဲ့ပါတယ္။

ေရွ႕ဘက္မ်က္ႏွာျပင္ကေတာ့ 6” လက္မအရြယ္ Full HD+ ကိုမွ 18:9 ျမင္ကြင္းအခ်ဳိးနဲ႔ ျဖစ္တယ္။ Notch ေတာ့ မပါပါဘူး။ စက္ႏွင္စနစ္က Android 8.1 Oreo ကုိပဲ အသုံးျပဳထားၿပီး ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာက 8MP ပါ။ ဘကၳရီကေတာ့ 3,800 mAh ပမာဏျဖစ္တယ္။ မန္မုိရီကေတာ့ 8GB RAM / 128GB Storage ပါ။

Nubia ကေတာ့ Red Magic ဖုန္းကို ဂိမ္းေပါင္း ၁၂၈ မ်ဳိးမွာ ရုပ္ထြက္၊ စြမ္းေဆာင္ရည္နဲ႔ Loading ျမန္ႏႈန္း တုိ႔ သာမာန္ထက္ ပုိျမင့္မားေစေအာင္ ဖန္တီးေပးထားတယ္လို႔ ဆုိပါတယ္။ လက္ရွိမွာေတာ့ အိႏၵိယေစ်းကြက္မွာ Amazon ကေနသာ ရရွိႏုိင္ၿပီး ေဒၚလာ ၄၂၀ ေက်ာ္ခန္႔ ရွိပါတယ္။

Ref – Android Authority

[Unicode]

တရုတ်အခြေစိုက် ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ဟာ ဆန်းဆန်းပြားပြား နည်းပညာနဲ့ စမတ်ဖုန်း တွေကို ထုတ်လုပ်ရာမှာ အားသန်သူဖြစ်ပြီး အခုလည်း သူတို့ရဲ့ Gaming ဦးစားပေး စမတ်ဖုန်း Red Magic ကို အိန္ဒိယဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီဟန်းဆက်ဟာ ထူးခြားတဲ့ ကျောဘက်ဒီဇိုင်းကို ပိုင်ဆိုင်ပြီး အဓိကကင်မရာအဖြစ် 24MP f/1.7 ကင်မရာ တစ်လုံးထဲကို ထည့်သွင်းထားတယ်။ Gaming စမတ်ဖုန်းဖြစ်ကြောင်း အသွင်အပြင်နဲ့တင်သိစေဖို့ ကျောဘက်မှာပဲ LED အမြှောင်းတွေ ပါဝင်ပါတယ်။ GameBoost လို့ခေါ်တဲ့ ခလုတ်တစ်ခုပါပြီး Performance Mode ကို ဖွင့်ဖို့ ဖြစ်ပါတယ်။

Red Magic ကိုတော့ အသစ်ထွက်တဲ့ Snapdragon 845 အစား မနှစ်က Snapdragon 835 ချစ်ပ်ဆက် ကိုသာ အသုံးပြုထားတယ်။ ၂၀၁၈ ခုနှစ်မှာ ဒီဖုန်းကို မိတ်ဆက်တုန်းကတော့ ကုမ္ပဏီဟာ ဒီချစ်ပ်ဆက်က အပြစ်အနာအဆာ မရှိဘဲ စွမ်းဆောင်ရည်အကောင်းဆုံး ချစ်ပ်ဆက်လို့ ဆိုခဲ့ပါတယ်။

ရှေ့ဘက်မျက်နှာပြင်ကတော့ 6” လက်မအရွယ် Full HD+ ကိုမှ 18:9 မြင်ကွင်းအချိုးနဲ့ ဖြစ်တယ်။ Notch တော့ မပါပါဘူး။ စက်နှင်စနစ်က Android 8.1 Oreo ကိုပဲ အသုံးပြုထားပြီး ရှေ့ဘက် ဆယ်လ်ဖီကင်မရာက 8MP ပါ။ ဘက္ထရီကတော့ 3,800 mAh ပမာဏဖြစ်တယ်။ မန်မိုရီကတော့ 8GB RAM / 128GB Storage ပါ။

Nubia ကတော့ Red Magic ဖုန်းကို ဂိမ်းပေါင်း ၁၂၈ မျိုးမှာ ရုပ်ထွက်၊ စွမ်းဆောင်ရည်နဲ့ Loading မြန်နှုန်း တို့ သာမာန်ထက် ပိုမြင့်မားစေအောင် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဈေးကွက်မှာ Amazon ကနေသာ ရရှိနိုင်ပြီး ဒေါ်လာ ၄၂၀ ကျော်ခန့် ရှိပါတယ်။

Ref – Android Authority