5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Nubia Play ကို လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ မိတ်ဆက်တော့မှာပါ။ တရားဝင်ကြေညာမယ့်ရက်နီးလာတာနဲ့အမျှ ကုမ္ပဏီကလည်း Teaser တွေကို ပိုပြီး လွှတ်နေတာကို မြင်တွေ့လာရပါတယ်။ အခုလည်း ဟန်းဆက်ရဲ့ ကျောဘက်အကာအကွယ်ကို ဖယ်ထားပြီး အတွင်းပိုင်းမြင်နေရတဲ့ Teaser ထွက်လာပါသေးတယ်။

Teaser မှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာကတော့ Nubia Play ဟာ 5,100mAh ဘက်ထရီနဲ့ဆိုတာပါပဲ။ တစ်ဆက်တည်းမှာပဲ ကျောဘက်ကင်မရာ နေရာချထားမှုကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီ Teaser ရုပ်ပုံအပြင် အခြားရုပ်ပုံတွေက ဖော်ပြထားတာကတော့ ဘူးခွံဒီဇိုင်းနဲ့ Nubia Play ရဲ့ ကိုယ်ထည်ပုံစံကို ကောက်ကြောင်းနဲ့ ဖော်ပြထားတာပါ။

ဘက်ထရီပမာဏအကြောင်းကိုတော့ ကုမ္ပဏီရဲ့ CEO Ni Fei ကိုယ်တိုင်က မျှဝေပေးခဲ့တာပါ။ ဒါ့အပြင် Quick Charge 4.0 နဲ့ အသုံးပြုနိုင်တဲ့ USB-PD နဲ့အတူ 30W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ထားကြောင်း အသိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် Nubia Play ဟာ Snapdragon 765G သုံးထားမှာလား၊ ဒါမှမဟုတ် တခြားအမျိုးအစား SoC ကို သုံးမှာလားဆိုတာတော့ တိတိကျကျ မသိနိုင်သေးပါဘူး။

ဘက်ထရီပမာဏကို ဖော်ပြတဲ့ Teaser အရ ကျောဘက်ကင်မရာ သုံးလုံးပါဝင်မှာကို သိလာရပါတယ်။ ဒါပေမယ့် ကင်မရာတွေနဲ့ပတ်သက်ပြီးတော့လည်း တိကျသေချာတဲ့ အထောက်အထားကို ရှာလို့မရသေးပါဘူး။ Nubia Play ဟာ စွမ်းအားကြီး Power cell နဲ့ မျိုးဆက်သစ်ချိတ်ဆက်မှုအတွက် ရည်ရွယ်ထားပေမယ့် ဈေးနှုန်းပိုင်းမှာတော့ သင့်တင့်မျှတတဲ့ အလယ်အလတ်တန်းထဲမှာပဲ ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena