[Zawgyi]

Gaming ဖုန္းေလာကကလည္း တစ္ျဖည္းျဖည္း အျပိဳင္အဆိုင္ေတြမ်ားလာျပီလို ႔ေျပာရပါမယ္။ ပထမဆံုး Razer, ျပီးေတာ့ Black Shark, Asus ROG Gaming ဖုန္းေတြစမိတ္ဆက္ခဲ့တာကေန ခုဆို Razer Phone 2 တို႔ Black Shark 2 တို႔ေတာင္ ထပ္ထြက္လာခဲ့ပါျပီ။ ဒီလို အျပိဳင္အဆိုင္မ်ားတဲ့ ဂိမ္းဖုန္းေလာကထဲမွာ ေနာက္ထပ္ရိွေနေသးတဲ့ Nubia ကေတာ့ သူ႔ရဲ႕ 2nd Generation Red Magic 2 ဂိမ္းဖုန္းကို ထူးျခားတဲ့ Feature အသစ္ေတြနဲ႔ ထပ္ထုတ္လာဦးမွာပါ။

မေန႔ကပဲ Nubia ကေန သူ႔ရဲ႕ Red Magic 2 ရဲ႕ “Dual Cooling System” ပါလာမယ့္အေၾကာင္းကို Weibo ဝဘ္ဆုိဒ္မွာ တရားဝင္ေဖာ္ျပထားပါတယ္။ Cooling System ကိုမွ Air+Liquid ဆိုျပီး Dual Cooling ဆိုေတာ့ ဂိမ္းကို အၾကာၾကီးပိုေဆာ့ရင္ေတာင္ မပူေအာင္ထိန္းေပးႏုိင္မယ္ထင္ပါတယ္။ ဒါကေတာ့ ထြက္လာမွပဲ အေျခအေနၾကည့္ရဦးမွာပါ။

ဒီလိုဖုန္းတစ္လံုးအတြက္ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းလာတာတစ္ခုက Battery ဘယ္ေလာက္ပါမွာလဲဆိုတာနဲ႔ ဘယ္ေလာက္ေစ်းေလာက္ရိွမလဲဆိုတာပါ။ ဂိမ္းရဲ႕ အရသာကိုအျပည့္အဝခံစားဖုိ႔ RAM 10GB  နဲ႔လာမွာျဖစ္ျပီး 3D Surround Sound ေတြ 4D Shock Feature ေတြလည္း ရလာႏိုင္မွာျဖစ္ပါတယ္။ ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာတစ္လံုးနဲ႔ ဆ႒ဂံပံု LED Flash ေလး ပါပမယ္။ တျခား Gaming ဖုန္းေတြလိုလည္း ေက်ာဘက္မွာ LED အေရာင္ေတြ ပါဦးမွာျဖစ္ျပီး သိရသေလာက္ဆိုရင္ အျပာေရာင္ LED RGB Light Bar ေတြလည္း အလ်ားလိုက္ထည့္ထားဦးမယ္လို႔ သိရပါတယ္။

4D  Shock နည္းပညာဆိုတာကိုေတာ့ ထုတ္မျပေသးေပမယ့္ မွန္းရသေလာက္ Vibration Motor ေတြပါလာဖို႔ျဖစ္ပါလိမ့္မယ္။ ဂိ မ္းေဆာ့တဲ့အခါမွာလည္း တုန္ခါသြားတဲ့ Feedback မ်ိဳးေတြက ဂိမး္သမားေတြအတြက္ Feeling တစ္ခုဆိုေတာ့ 4D Shock နည္းပညာဆိုတဲ့ေခါင္းစဥ္နဲ႔ PS4 ေတြရဲ႕ Haptic Feedback မ်ိဳးရမယ္ဆိုရင္ေတာ့ စဥ္းစားရမယ့္ထဲပါလာပါျပီ။

အခ်ိန္ကေတာ့ ေအာက္တိုဘာ ၃၁ရက္ Nubia X ေတြမိတ္ဆက္တဲ့အခ်ိန္မွာ တခါတည္းေတြ႔ခ်င္လည္းေတြ႔ရႏုိင္ေပမယ့္ သိပ္မေသခ်ာေသးပါဘူး။ အရင္ Nubia Red Magic တုန္းက 6GB/64GB ကို $300 နဲ႔ေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။ Red Magic 2 အတြက္ကေတာ့ အခုေျပာထားတဲ့ Feature ေတြအျပင္ ေနာက္ထပ္ဘယ္လို Feature မ်ိဳးေတြကိုမ်ား ထပ္ေမွ်ာ္လင့္လို႔ရႏုိင္ဦးမလဲ??

Ref: GizmoChina

[Unicode]

Gaming ဖုန်း လောကကလည်း တစ်ဖြည်းဖြည်း အပြိုင်အဆိုင်တွေများလာပြီလို့ပြောရပါမယ်။ ပထမဆုံး Razer, ပြီးတော့ Black Shark, Asus ROG Gaming ဖုန်းတွေစမိတ်ဆက်ခဲ့တာကနေ ခုဆို Razer Phone 2 တို့ Black Shark 2 တို့တောင် ထပ်ထွက်လာခဲ့ပါပြီ။ ဒီလို အပြိုင်အဆိုင်များတဲ့ ဂိမ်းဖုန်းလောကထဲမှာ နောက်ထပ်ရှိနေသေးတဲ့ Nubia ကတော့ သူ့ရဲ့ 2nd Generation Red Magic 2 ဂိမ်းဖုန်းကို ထူးခြားတဲ့ Feature အသစ်တွေနဲ့ ထပ်ထုတ်လာဦးမှာပါ။

မနေ့ကပဲ Nubia ကနေ သူ့ရဲ့ Red Magic 2 ရဲ့ “Dual Cooling System” ပါလာမယ့်အကြောင်းကို Weibo ဝဘ်ဆိုဒ်မှာ တရားဝင်ဖော်ပြထားပါတယ်။ Cooling System ကိုမှ Air+Liquid ဆိုပြီး Dual Cooling ဆိုတော့ ဂိမ်းကို အကြာကြီးပိုဆော့ရင်တောင် မပူအောင်ထိန်းပေးနိုင်မယ်ထင်ပါတယ်။ ဒါကတော့ ထွက်လာမှပဲ အခြေအနေကြည့်ရဦးမှာပါ။

ဒီလိုဖုန်းတစ်လုံးအတွက် နောက်ထပ်စိတ်ဝင်စားစရာကောင်းလာတာတစ်ခုက Battery ဘယ်လောက်ပါမှာလဲဆိုတာနဲ့ ဘယ်လောက်ဈေးလောက်ရှိမလဲဆိုတာပါ။ ဂိမ်းရဲ့ အရသာကိုအပြည့်အဝခံစားဖို့ RAM 10GB  နဲ့လာမှာဖြစ်ပြီး 3D Surround Sound တွေ 4D Shock Feature တွေလည်း ရလာနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ ကင်မရာတစ်လုံးနဲ့ ဆဋ္ဌဂံပုံ LED Flash လေး ပါပမယ်။ တခြား Gaming ဖုန်းတွေလိုလည်း ကျောဘက်မှာ LED အရောင်တွေ ပါဦးမှာဖြစ်ပြီး သိရသလောက်ဆိုရင် အပြာရောင် LED RGB Light Bar တွေလည်း အလျားလိုက်ထည့်ထားဦးမယ်လို့ သိရပါတယ်။

4D  Shock နည်းပညာဆိုတာကိုတော့ ထုတ်မပြသေးပေမယ့် မှန်းရသလောက် Vibration Motor တွေပါလာဖို့ဖြစ်ပါလိမ့်မယ်။ ဂိ မ်းဆော့တဲ့အခါမှာလည်း တုန်ခါသွားတဲ့ Feedback မျိုးတွေက ဂိမ်းသမားတွေအတွက် Feeling တစ်ခုဆိုတော့ 4D Shock နည်းပညာဆိုတဲ့ခေါင်းစဉ်နဲ့ PS4 တွေရဲ့ Haptic Feedback မျိုးရမယ်ဆိုရင်တော့ စဉ်းစားရမယ့်ထဲပါလာပါပြီ။

အချိန်ကတော့ အောက်တိုဘာ ၃၁ရက် Nubia X တွေမိတ်ဆက်တဲ့အချိန်မှာ တခါတည်းတွေ့ချင်လည်းတွေ့ရနိုင်ပေမယ့် သိပ်မသေချာသေးပါဘူး။ အရင် Nubia Red Magic တုန်းက 6GB/64GB ကို $300 နဲ့ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ Red Magic 2 အတွက်ကတော့ အခုပြောထားတဲ့ Feature တွေအပြင် နောက်ထပ်ဘယ်လို Feature မျိုးတွေကိုများ ထပ်မျှော်လင့်လို့ရနိုင်ဦးမလဲ??

Ref: GizmoChina