[Zawgyi]

နည္းပညာအသစ္အဆန္းေတြ ထုတ္ျပတတ္တဲ့ Nubia ရဲ႕ Gaming စမတ္ဖုန္းအသစ္ Red Magic 3 ဟာ သတင္းေတြထြက္ေနခဲ့တာ ၾကာၿပီျဖစ္ေပမယ့္ တကယ္မိတ္ဆက္လာမယ့္ရက္ကိုေတာ့ အခုမွ ေၾကျငာလာခဲ့ပါတယ္။ လာမယ့္ ဧၿပီ ၂၈ ရက္ေန႔ဟာ Nubia Gaming ဖုန္းအသစ္ကို ထုတ္ျပမယ့္ရက္ျဖစ္ၿပီး တရုတ္ႏုိင္ငံ ေဘက်င္းၿမိဳ႕မွာ အရင္ဆုံးမိတ္ဆက္လာမွာပါ။

ဒါေၾကာင့္ ျမင္ေတြ႕ရဖို႔ ဆယ္ရက္ေလာက္လိုေနေသးေပမယ့္ ဒီဖုန္းဟာ Snapdragon 855 ခ်စ္ပ္နဲ႔ 12GB RAM မန္မုိရီလို အၾကမ္းစား Specs ေတြပါတယ္ဆုိတာကိုေတာ့ သိထားၿပီးၾကပါၿပီ။ Red Magic 3 ရဲ႕မ်က္ႏွာျပင္ဟာ Gaming ကြန္ျပဴတာအမ်ားစုမွာပါတဲ့ Refresh Rate ႏႈန္းထက္ေတာင္ ပိုျမင့္ဦးမယ္လို႔ ေၾကြးေၾကာ္လာတာေၾကာင့္ မၾကာေသးခင္က ထြက္ထားတဲ့ Razer ရဲ႕ Gaming ဖုန္းအသစ္လိုပဲ သူ႕မွာလဲ 120Hz Frequency ပါလာဦးမယ္လို႔ ယူဆရတယ္။

Nubia Red Magic 3 မွာ 5,000 mAh ဘကၳရီအႀကီးစားပါဝင္ၿပီး အပူခ်ိန္ကိုထိန္းညွိေပးဖို႔ Hybrid Cooling စနစ္တစ္ခုနဲ႔ အားအျမန္ျပန္သြင္းေပးမယ့္ 30W Fast Charging တုိ႔ပါဝင္လာတယ္။ လက္ထဲမွာ ကိုင္ရတာ ဂိမ္းစက္လက္ကုိင္တစ္ခုကို ကိုင္ရသလို စီးစီးပုိင္ပုိင္ရွိေစဖို႔ ေရြးခ်ယ္လို႔ရတဲ့ 4D တုန္ခါစနစ္လည္း ပါဝင္လာမယ္လို႔ဆုိပါတယ္။

Display ကေတာ့ 2340 x 1080p Full HD+ ျဖစ္ၿပီး ပုံမွန္ထက္ အနည္းငယ္ပိုရွည္တဲ့ 19.5:9 ျမင္ကြင္းအခ်ဳိးနဲ႔ ထုတ္လုပ္လာမွာပါ။ ၂၀၁၉ ႏွစ္စမွာ စမတ္ဖုန္းကုမၸဏီေတြဟာ Foldable စမတ္ဖုန္း၊ 5G ဖုန္း စတဲ့ ၿပိဳင္ပြဲေတြကို သူ႕ထက္ငါ ဆင္ႏႊဲေနရာကေန Hardware အင္အားကို ျပသဖို႔အတြက္ Gaming စမတ္ဖုန္း ဘက္ကိုလည္း မလစ္ဟင္းေစရတာကို ေတြ႕ေနရပါတယ္။

Ref – GSM Arena

[Unicode]

နည်းပညာအသစ်အဆန်းတွေ ထုတ်ပြတတ်တဲ့ Nubia ရဲ့ Gaming စမတ်ဖုန်းအသစ် Red Magic 3 ဟာ သတင်းတွေထွက်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် တကယ်မိတ်ဆက်လာမယ့်ရက်ကိုတော့ အခုမှ ကြေငြာလာခဲ့ပါတယ်။ လာမယ့် ဧပြီ ၂၈ ရက်နေ့ဟာ Nubia Gaming ဖုန်းအသစ်ကို ထုတ်ပြမယ့်ရက်ဖြစ်ပြီး တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ အရင်ဆုံးမိတ်ဆက်လာမှာပါ။

ဒါကြောင့် မြင်တွေ့ရဖို့ ဆယ်ရက်လောက်လိုနေသေးပေမယ့် ဒီဖုန်းဟာ Snapdragon 855 ချစ်ပ်နဲ့ 12GB RAM မန်မိုရီလို အကြမ်းစား Specs တွေပါတယ်ဆိုတာကိုတော့ သိထားပြီးကြပါပြီ။ Red Magic 3 ရဲ့မျက်နှာပြင်ဟာ Gaming ကွန်ပြူတာအများစုမှာပါတဲ့ Refresh Rate နှုန်းထက်တောင် ပိုမြင့်ဦးမယ်လို့ ကြွေးကြော်လာတာကြောင့် မကြာသေးခင်က ထွက်ထားတဲ့ Razer ရဲ့ Gaming ဖုန်းအသစ်လိုပဲ သူ့မှာလဲ 120Hz Frequency ပါလာဦးမယ်လို့ ယူဆရတယ်။

Nubia Red Magic 3 မှာ 5,000 mAh ဘက္ထရီအကြီးစားပါဝင်ပြီး အပူချိန်ကိုထိန်းညှိပေးဖို့ Hybrid Cooling စနစ်တစ်ခုနဲ့ အားအမြန်ပြန်သွင်းပေးမယ့် 30W Fast Charging တို့ပါဝင်လာတယ်။ လက်ထဲမှာ ကိုင်ရတာ ဂိမ်းစက်လက်ကိုင်တစ်ခုကို ကိုင်ရသလို စီးစီးပိုင်ပိုင်ရှိစေဖို့ ရွေးချယ်လို့ရတဲ့ 4D တုန်ခါစနစ်လည်း ပါဝင်လာမယ်လို့ဆိုပါတယ်။

Display ကတော့ 2340 x 1080p Full HD+ ဖြစ်ပြီး ပုံမှန်ထက် အနည်းငယ်ပိုရှည်တဲ့ 19.5:9 မြင်ကွင်းအချိုးနဲ့ ထုတ်လုပ်လာမှာပါ။ ၂၀၁၉ နှစ်စမှာ စမတ်ဖုန်းကုမ္ပဏီတွေဟာ Foldable စမတ်ဖုန်း၊ 5G ဖုန်း စတဲ့ ပြိုင်ပွဲတွေကို သူ့ထက်ငါ ဆင်နွှဲနေရာကနေ Hardware အင်အားကို ပြသဖို့အတွက် Gaming စမတ်ဖုန်း ဘက်ကိုလည်း မလစ်ဟင်းစေရတာကို တွေ့နေရပါတယ်။

Ref – GSM Arena