[Zawgyi]

Nubia ကေတာ့ သူ႔ရဲ႕ Flagship Gaming ဖုန္းအသစ္ျဖစ္တဲ့ Nubia Red Magic 3 ကို တရုတ္ႏုိင္ငံမွာ တရားဝင္မိတ္ဆက္လိုက္ပါျပီ။

တရားဝင္မိတ္ဆက္လိုက္တဲ့ Specs ေတြအရဆိုရင္ လက္ရိွ Gaming ဖုန္းေစ်းကြက္မွာ အေကာင္းဆံုး Gaming ဖုန္းေတြထဲက တစ္လံုး ျဖစ္လာတယ္လို႔ ေျပာရမွာပါ။

Gaming ဖုန္းတစ္လံုး ျဖစ္တဲ့အေလ်ာက္ Red Magic 3 မွာ  ဦးစားေပးထားတဲ့ အဓိက Feature အေနနဲ႔ Nubia ရဲ႕ ပထမဆံုး Cooling Fan, ICE 2.0 Cooling နည္းပညာနဲ႔ ထြက္ရိွလာတာ ျဖစ္ပါတယ္။

အရင္ထြက္ခဲ့တဲ့ သူ႔ရဲ႕ Gaming ဖုန္းေတြ၊ ျပိဳင္ဘက္ေတြရဲ႕ Gaming ဖုန္းေတြလိုပဲ Red Magic 3 မွာ Capacitive Shoulder ခလုတ္ေတြနဲ႔ ေက်ာဘက္မွာလည္း ဂိမ္မာေတြအၾကိဳက္ျဖစ္တဲ့ RGB LED မီးတန္းေလးကို ေတြ႔ျမင္ရမွာပါ။

ဒါ့ျပင္ ေက်ာဘက္မွာပါတဲ့ လက္ေဗြစနစ္က ဂိမ္းေဆာ့တဲ့အခါ ခလုတ္အေနနဲ႔ သံုးလို႔ရသလို “Red Magic Game Space 2.0” Dashboard ကေန Cooling Fan ရဲ႕ အျမန္ႏႈန္းေတြ၊ Screen Recording နဲ႔ Notification စတဲ့ Setting ေတြကို ေျပာင္းလို႔ရႏုိင္ပါတယ္။

Spec ေတြအေနနဲ႔ကေတာ့ Qualcomm ရဲ႕ Snapdragon 855 Chipset ကိုမွ RAM 12GB, Internal Storage 256GB နဲ႔ ထြက္လာခဲ့တာျဖစ္ျပီးေတာ့ ဘက္ထရီပမာဏကေတာ့ 5,000mAh ကိုမွ 27W (Quick Charge 4.0) ထိရတဲ့ USB Power Delivery  အားသြင္းအျမန္စနစ္ကို အသံုးျပဳထားတာျဖစ္ပါတယ္။

ကင္မရာပိုင္းကေတာ့ Aperture f/1.7 ရိွတဲ့ 48MP Sony IMX586 Sensor ကိုသံုးထားျပီး f/2.0 ရိွတဲ့ 16MP ဆယ္လ္ဖီကင္မရာကုိ အသံဳးျပဳထားပါတယ္။ ကင္မရာအတြက္ OIS ေတာ့ မပါလာေပမယ့္ 8K ဗီဒီယိုေတြရိုက္ႏုိင္တယ္ဆိုတဲ့အတြက္ နာမည္ၾကီးေနတဲ့ ဖုန္းတစ္လံုးလည္း ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲျဖစ္ပါေစ ပံုေတြဗီဒီယုိေတြရဲ႕ အရည္အေသြးကေတာ့ တကယ္လက္ေတြ႔စမ္းၾကည့္ျပီးမွပဲ သိႏုိင္မွာပါ။

 

Display ကေတာ့ 6.65-inch ရိွတဲ့ FHD+ AMOLED Display ကိုသံုးထားျပီးေတာ့ 90Hz Refresh Rate နဲ႔ ေဆာ့ႏုိင္မွာျဖစ္ပါတယ္။ ဂိမ္းအသားေပးဖုန္းတစ္လံုးရဲ႕ အေရးၾကီးတစ္ခ်က္ျဖစ္တဲ့ အသံပိုင္းအတြက္လည္း ေရွ႕ဘက္မွာပဲ DTS:X Surround Sound ကိုေထာက္ပံ့ေပးမယ့္ Stereo စပီကာေတြ၊ ဂိမ္း Stream ခ်င္တဲ့သူေတြအတြက္လည္း အသံၾကည္လင္ျပတ္သားေစမယ့္ Triple-mic နဲ႔ ထြက္ရိွလာတဲ့အျပင္ 3.5mm နားၾကပ္ေပါက္လည္း ပါေနဆဲျဖစ္လို႔ ဝမ္းသာစရာပါပဲ။

Cooling Fan အျပင္ စိတ္ဝင္စားစရာ Specs ေပါင္းမ်ားစြာနဲ႔ ထြက္လာတဲ့ Gaming ဖုန္းတစ္လံုးအတြက္ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းတာက ေစ်းႏႈန္းပါပဲ။ ေမလ ၃ရက္ေန႔ တရုတ္ႏုိင္ငံမွာ စတင္ေရာင္းခ်ေတာ့မယ့္အခ်ိန္မွာေတာ့ RAM 6GB/64GB ကို $430 (ျမန္မာေငြ ၆သိန္းခြဲခန္႔) RAM 12GB/256GB ကို $640 (ျမန္မာေငြ ၁၀သိန္းနီးပါး) နဲ႔ ထြက္ရိွလာမွာျဖစ္လို႔ လူစိတ္ဝင္စားမႈမ်ားလာမယ့္ Gaming ဖုန္းတစ္လံုးျဖစ္လာလိမ့္မယ္ ထင္ပါတယ္။

Source: Engadget

[Unicode]

Nubia ကတော့ သူ့ရဲ့ Flagship Gaming ဖုန်းအသစ်ဖြစ်တဲ့ Nubia Red Magic 3 ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

တရားဝင်မိတ်ဆက်လိုက်တဲ့ Specs တွေအရဆိုရင် လက်ရှိ Gaming ဖုန်းဈေးကွက်မှာ အကောင်းဆုံး Gaming ဖုန်းတွေထဲက တစ်လုံး ဖြစ်လာတယ်လို့ ပြောရမှာပါ။

Gaming ဖုန်းတစ်လုံး ဖြစ်တဲ့အလျောက် Red Magic 3 မှာ  ဦးစားပေးထားတဲ့ အဓိက Feature အနေနဲ့ Nubia ရဲ့ ပထမဆုံး Cooling Fan, ICE 2.0 Cooling နည်းပညာနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သူ့ရဲ့ Gaming ဖုန်းတွေ၊ ပြိုင်ဘက်တွေရဲ့ Gaming ဖုန်းတွေလိုပဲ Red Magic 3 မှာ Capacitive Shoulder ခလုတ်တွေနဲ့ ကျောဘက်မှာလည်း ဂိမ်မာတွေအကြိုက်ဖြစ်တဲ့ RGB LED မီးတန်းလေးကို တွေ့မြင်ရမှာပါ။

ဒါ့ပြင် ကျောဘက်မှာပါတဲ့ လက်ဗွေစနစ်က ဂိမ်းဆော့တဲ့အခါ ခလုတ်အနေနဲ့ သုံးလို့ရသလို “Red Magic Game Space 2.0” Dashboard ကနေ Cooling Fan ရဲ့ အမြန်နှုန်းတွေ၊ Screen Recording နဲ့ Notification စတဲ့ Setting တွေကို ပြောင်းလို့ရနိုင်ပါတယ်။

 

Spec တွေအနေနဲ့ကတော့ Qualcomm ရဲ့ Snapdragon 855 Chipset ကိုမှ RAM 12GB, Internal Storage 256GB နဲ့ ထွက်လာခဲ့တာဖြစ်ပြီးတော့ ဘက်ထရီပမာဏကတော့ 5,000mAh ကိုမှ 27W (Quick Charge 4.0) ထိရတဲ့ USB Power Delivery  အားသွင်းအမြန်စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။

ကင်မရာပိုင်းကတော့ Aperture f/1.7 ရှိတဲ့ 48MP Sony IMX586 Sensor ကိုသုံးထားပြီး f/2.0 ရှိတဲ့ 16MP ဆယ်လ်ဖီကင်မရာကို အသုံးပြုထားပါတယ်။ ကင်မရာအတွက် OIS တော့ မပါလာပေမယ့် 8K ဗီဒီယိုတွေရိုက်နိုင်တယ်ဆိုတဲ့အတွက် နာမည်ကြီးနေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲဖြစ်ပါစေ ပုံတွေဗီဒီယိုတွေရဲ့ အရည်အသွေးကတော့ တကယ်လက်တွေ့စမ်းကြည့်ပြီးမှပဲ သိနိုင်မှာပါ။

Display ကတော့ 6.65-inch ရှိတဲ့ FHD+ AMOLED Display ကိုသုံးထားပြီးတော့ 90Hz Refresh Rate နဲ့ ဆော့နိုင်မှာဖြစ်ပါတယ်။ ဂိမ်းအသားပေးဖုန်းတစ်လုံးရဲ့ အရေးကြီးတစ်ချက်ဖြစ်တဲ့ အသံပိုင်းအတွက်လည်း ရှေ့ဘက်မှာပဲ DTS:X Surround Sound ကိုထောက်ပံ့ပေးမယ့် Stereo စပီကာတွေ၊ ဂိမ်း Stream ချင်တဲ့သူတွေအတွက်လည်း အသံကြည်လင်ပြတ်သားစေမယ့် Triple-mic နဲ့ ထွက်ရှိလာတဲ့အပြင် 3.5mm နားကြပ်ပေါက်လည်း ပါနေဆဲဖြစ်လို့ ဝမ်းသာစရာပါပဲ။

Cooling Fan အပြင် စိတ်ဝင်စားစရာ Specs ပေါင်းများစွာနဲ့ ထွက်လာတဲ့ Gaming ဖုန်းတစ်လုံးအတွက် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက ဈေးနှုန်းပါပဲ။ မေလ ၃ရက်နေ့ တရုတ်နိုင်ငံမှာ စတင်ရောင်းချတော့မယ့်အချိန်မှာတော့ RAM 6GB/64GB ကို $430 (မြန်မာငွေ ၆သိန်းခွဲခန့်) RAM 12GB/256GB ကို $640 (မြန်မာငွေ ၁၀သိန်းနီးပါး) နဲ့ ထွက်ရှိလာမှာဖြစ်လို့ လူစိတ်ဝင်စားမှုများလာမယ့် Gaming ဖုန်းတစ်လုံးဖြစ်လာလိမ့်မယ် ထင်ပါတယ်။

Source: Engadget