[Zawgyi]

ZTE ရဲ႕ Nubia Red Magic 3 က ၿပီးခဲ့တဲ့ ေမလတုန္းက ထြက္လာခဲ့တာ ျဖစ္ပါတယ္။ Red Magic 3 ကို ဆက္ခံမယ့္ အမ်ိဳးအစားကေတာ့ Red Magic 3S ပဲ ျဖစ္ပါတယ္။ Red Magic 3 မွာတုန္းက Snapdragon 855 ကိုထည့္သြင္းခဲ့ၿပီး ႀကိဳတင္သတင္းထြက္ခဲ့တဲ့အတိုင္း Red Magic 3S မွာေတာ့ ေနာက္ထပ္တစ္ဆင့္ျမင့္လာခဲ့ပါတယ္။

Nubia Red Magic 3S ဟာ အျပင္ဘက္ ဒီဇိုင္းပိုင္းမွာ အနည္းငယ္သာေျပာင္းလဲသြားေပမယ့္ အတြင္းအစိတ္အပိုင္းနဲ႔ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အေတာ္ေလး တိုးတက္ေျပာင္းလဲသြားတယ္လို႔ ဆိုႏိုင္ပါတယ္။ Snapdragon 855+ နဲ႔ျဖစ္ပါတယ္။ အလားတူပဲ ပိုၿပီးျမန္ဆန္တဲ့ သိုေလွာင္ႏိုင္စြမ္းနဲ႔ ပိုၿပီးေကာင္းမြန္လာတဲ့ Liquid cooling နဲ႔ Fan solution ကိုလည္း သယ္ေဆာင္လာခဲ့ပါတယ္။

6.66-inch FHD+ AMOLED မ်က္ႏွာျပင္၊ 90Hz refresh rate နဲ႔ 19.5:9 အခ်ိဳးတို႔ကေတာ့ အေျပာင္းအလဲမရွိခဲ့ပါဘူး။ အေရွ႕ဘက္မွာလည္း စပီကာႏွစ္လုံးရွိေနသလို 16MP selfie ကင္မရာလည္း ရွိေနပါေသးတယ္။ ေက်ာဘက္ကိုၾကည့္လိုက္ရင္ေတာ့ ကင္မရာတစ္လုံးတည္းကို ေတြ႕ရမွာျဖစ္ေပမယ့္ 48MP f/1.7 Sony IMX586 sensor နဲ႔ ျဖစ္ပါတယ္။ LED ဖလက္ရွ္နဲ႔ Fingerprint reader ထားပုံကေတာ့ ခပ္လန္းလန္း ဒီဇိုင္းနဲ႔ပဲ ျဖစ္ပါတယ္။

Air Vent ဒီဇိုင္းကလည္း ပိုၿပီးလန္းလာပါတယ္။ အဆင့္ျမႇင့္တင္တဲ့အထဲမွာ Liquid cooling tube နဲ႔ Fan solution စနစ္ကို အဆင့္ျမႇင့္တင္တာကေတာ့ ႀကိဳဆိုရမွာပါ။ ရလဒ္ကေတာ့ CPU core အပူခ်ိန္ကို 18°C အထိ ေလွ်ာ့ခ်ႏိုင္တာပါပဲ။ Touch-sensitive shoulder trigger feature လည္း ပါဝင္လာပါတယ္။ အႀကီးမားဆုံး အဆင့္ျမႇင့္တင္မႈကေတာ့ Snapdragon 855+ သုံးလိုက္တာပါ။ 8/12GB of RAM နဲ႔ 256GB UFS 3.0 သိုေလွာင္မႈကလည္း Nubia Red Magic 3S ကို လြင့္ေနေစတာပဲ ျဖစ္ပါတယ္။

ဘက္ထရီကေတာ့ 5,000 mAh ပမာဏျဖစ္ၿပီး 27W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားလို႔ လုံေလာက္တဲ့ အေနအထားလို႔ပဲ သတ္မွတ္ႏိုင္ပါတယ္။ Android Pie ကို အေျခခံထားတဲ့ RedMagic OS 2.1 ေမာင္းႏွင္ထားတာပါ။ တ႐ုတ္မွာေတာ့ စက္တင္ဘာလ ၉ ရက္ေန႔မွ တရားဝင္ ေရာင္းခ်မွာပါ။ ေဈးႏႈန္းကေတာ့ 8/128GB အမ်ိဳးအစားဆိုရင္ CNY 2,999 (ျမန္မာေငြ ၆ သိန္းခြဲဝန္းက်င္) ေလာက္ကေန စတင္မွာျဖစ္ပါတယ္။ ႏိုင္ငံတကာေဈးကြက္ကိုေတာ့ ေအာက္တိုဘာေလာက္မွ ေရာက္မယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Snapdragon 855+ , 90Hz Display တွေနဲ့ ပွဲထွက်ခဲ့တဲ့ ZTE Nubia Red Magic 3S

ZTE ရဲ့ Nubia Red Magic 3 က ပြီးခဲ့တဲ့ မေလတုန်းက ထွက်လာခဲ့တာ ဖြစ်ပါတယ်။ Red Magic 3 ကို ဆက်ခံမယ့် အမျိုးအစားကတော့ Red Magic 3S ပဲ ဖြစ်ပါတယ်။ Red Magic 3 မှာတုန်းက Snapdragon 855 ကိုထည့်သွင်းခဲ့ပြီး ကြိုတင်သတင်းထွက်ခဲ့တဲ့အတိုင်း Red Magic 3S မှာတော့ နောက်ထပ်တစ်ဆင့်မြင့်လာခဲ့ပါတယ်။

Nubia Red Magic 3S ဟာ အပြင်ဘက် ဒီဇိုင်းပိုင်းမှာ အနည်းငယ်သာပြောင်းလဲသွားပေမယ့် အတွင်းအစိတ်အပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ အတော်လေး တိုးတက်ပြောင်းလဲသွားတယ်လို့ ဆိုနိုင်ပါတယ်။ Snapdragon 855+ နဲ့ဖြစ်ပါတယ်။ အလားတူပဲ ပိုပြီးမြန်ဆန်တဲ့ သိုလှောင်နိုင်စွမ်းနဲ့ ပိုပြီးကောင်းမွန်လာတဲ့ Liquid cooling နဲ့ Fan solution ကိုလည်း သယ်ဆောင်လာခဲ့ပါတယ်။

6.66-inch FHD+ AMOLED မျက်နှာပြင်၊ 90Hz refresh rate နဲ့ 19.5:9 အချိုးတို့ကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ အရှေ့ဘက်မှာလည်း စပီကာနှစ်လုံးရှိနေသလို 16MP selfie ကင်မရာလည်း ရှိနေပါသေးတယ်။ ကျောဘက်ကိုကြည့်လိုက်ရင်တော့ ကင်မရာတစ်လုံးတည်းကို တွေ့ရမှာဖြစ်ပေမယ့် 48MP f/1.7 Sony IMX586 sensor နဲ့ ဖြစ်ပါတယ်။ LED ဖလက်ရှ်နဲ့ Fingerprint reader ထားပုံကတော့ ခပ်လန်းလန်း ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။

Air Vent ဒီဇိုင်းကလည်း ပိုပြီးလန်းလာပါတယ်။ အဆင့်မြှင့်တင်တဲ့အထဲမှာ Liquid cooling tube နဲ့ Fan solution စနစ်ကို အဆင့်မြှင့်တင်တာကတော့ ကြိုဆိုရမှာပါ။ ရလဒ်ကတော့ CPU core အပူချိန်ကို 18°C အထိ လျှော့ချနိုင်တာပါပဲ။ Touch-sensitive shoulder trigger feature လည်း ပါဝင်လာပါတယ်။ အကြီးမားဆုံး အဆင့်မြှင့်တင်မှုကတော့ Snapdragon 855+ သုံးလိုက်တာပါ။ 8/12GB of RAM နဲ့ 256GB UFS 3.0 သိုလှောင်မှုကလည်း Nubia Red Magic 3S ကို လွင့်နေစေတာပဲ ဖြစ်ပါတယ်။

ဘက်ထရီကတော့ 5,000 mAh ပမာဏဖြစ်ပြီး 27W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားလို့ လုံလောက်တဲ့ အနေအထားလို့ပဲ သတ်မှတ်နိုင်ပါတယ်။ Android Pie ကို အခြေခံထားတဲ့ RedMagic OS 2.1 မောင်းနှင်ထားတာပါ။ တရုတ်မှာတော့ စက်တင်ဘာလ ၉ ရက်နေ့မှ တရားဝင် ရောင်းချမှာပါ။ ဈေးနှုန်းကတော့ 8/128GB အမျိုးအစားဆိုရင် CNY 2,999 (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) လောက်ကနေ စတင်မှာဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကိုတော့ အောက်တိုဘာလောက်မှ ရောက်မယ်လို့ သိရပါတယ်။

Ref: GSM Arena