[Zawgyi]

Nubia က ဧၿပီလမွာ Red Magic 3 ကို ေၾကညာခဲ့ပါတယ္။ ၄ လၾကာၿပီးေနာက္မွာေတာ့ Nubia က ဂိမ္း အသားေပး စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Red Magic 3S ျဖစ္ပါတယ္။ တရုတ္မွာ Red Magic 3S ကို စက္တင္ဘာလ ၅ ရက္မွာ မိတ္ဆက္မွာ ျဖစ္ပါတယ္။

ကုမၸဏီက Red Magic 3S ရဲ႕ သတင္းအခ်က္အလက္ေတြကို မေျပာေသးပါဘူး။ ဒါေပမယ့္ အဲဒီ စမတ္ဖုန္းမွာ Qualcomm Snapdragon 855+ SoC ေမာင္းႏွင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Red Magic 3 မွာေတာ့ Qualcomm Snapdragon 855 SoC ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Red Magic 3S ကို ေၾကညာဖို႔ ၁ ပတ္ေတာင္ မလိုေတာ့ပါဘူး။ ေၾကညာမယ့္ ေန႔ မတိုင္ခင္မွာ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုမို သိလာရေတာ့မွာ ျဖစ္ပါတယ္။

Red Magic 3S ဟာ Red Magic 3 ရဲ႕ မ်ိဳးဆက္သစ္ စမတ္ဖုန္း ျဖစ္ပါတယ္။ Red Magic 3 ရဲ႕ Specs အခ်ိဳ႕ကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။  Red Magic 3 မွာ ၆.၆၅ လက္မ AMOLED Display ကို အသုံးျပဳထားၿပီး 90Hz Refresh Rate ရွိတဲ့ Display ျဖစ္ပါတယ္။ ဖုန္းအေပၚနဲ႔ေအာက္မွာ စတီရီယိုစပီကာ ၂ လုံး ပါရွိၿပီး  Notch မပါပါဘူး။ အေနာက္ဘက္မွာလည္း RGB ျပႏိုင္တဲ့ အတန္း ၁ ခု ပါရွိပါတယ္။ AMOLED Display ဆိုေပမယ့္ လက္ေဗြရာ အာရံုခံ ကိရိယာကိုေတာ့ အေနာက္ဘက္မွာပဲ သုံးေပးထားပါတယ္။

Ref : gsmarena

[Unicode]

Nubia Red Magic 3S ကို စက်တင်ဘာလ ၅ ရက်မှာ ကြေညာမည်

Nubia က ဧပြီလမှာ Red Magic 3 ကို ကြေညာခဲ့ပါတယ်။ ၄ လကြာပြီးနောက်မှာတော့ Nubia က ဂိမ်း အသားပေး စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Red Magic 3S ဖြစ်ပါတယ်။ တရုတ်မှာ Red Magic 3S ကို စက်တင်ဘာလ ၅ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက Red Magic 3S ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 855+ SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Red Magic 3 မှာတော့ Qualcomm Snapdragon 855 SoC ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Red Magic 3S ကို ကြေညာဖို့ ၁ ပတ်တောင် မလိုတော့ပါဘူး။ ကြေညာမယ့် နေ့ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Red Magic 3S ဟာ Red Magic 3 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Red Magic 3 ရဲ့ Specs အချို့ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Red Magic 3 မှာ ၆.၆၅ လက်မ AMOLED Display ကို အသုံးပြုထားပြီး 90Hz Refresh Rate ရှိတဲ့ Display ဖြစ်ပါတယ်။ ဖုန်းအပေါ်နဲ့အောက်မှာ စတီရီယိုစပီကာ ၂ လုံး ပါရှိပြီး Notch မပါပါဘူး။ အနောက်ဘက်မှာလည်း RGB ပြနိုင်တဲ့ အတန်း ၁ ခု ပါရှိပါတယ်။ AMOLED Display ဆိုပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာကိုတော့ အနောက်ဘက်မှာပဲ သုံးပေးထားပါတယ်။

Ref : gsmarena