Zawgyi

လက္ရွိမွာအေကာင္းဆံုး Gaming Phone တစ္ခုျဖစ္တဲ့ ZTE Nubia Red Magic 3 ဟာ အခုအခ်ိန္မွာေတာ့ ပိုေကာင္းတဲ့ Upgrade တစ္ခုကို ရရွိေတာ့မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ထြက္ရွိတာ လပုိင္းရွိေနျပီျဖစ္တဲ့ Red Magic 3 အစား ပိုေကာင္းတဲ့ Red Magic 3S ဖုန္းကို လာမယ့္ စက္တင္ဘာလမွာ မိတ္ဆက္ေတာ့မွာပါ။

ဒီ Nubia Red Magic 3S ဖုန္းဟာ Processor ပိုင္းအေနနဲ႔ လက္ရွိမွာ Qualcomm ရဲ႕ အေကာင္းဆံုး Processor တစ္ခုျဖစ္တဲ့ Snapdragon 855+ ကို Upgrade လုပ္လာမွာျဖစ္တယ္ဆုိတာကိုပါ အတည္ျပဳသြားခဲ့ပါတယ္။

ZTE ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု Red Magic 3S ကို ႏုိင္ငံတကာေစ်းကြက္ေတြအထိပါ ေရာင္းခ်သြားဖုိ႔ စီစဥ္ေနတာျဖစ္ျပီးေတာ့ လာမယ့္ စက္တင္ဘာလမွာ ႏုိင္ငံတကာမွာမိတ္ဆက္မယ့္ Nubia Z20 ဖုန္းနဲ႔အတူ မိတ္ဆက္သြားဖြယ္ရွိေနပါတယ္။

Red Magic 3S ရဲ႕ အေၾကာင္းကိုေတာ့ Processor ပိုင္း Upgrade ျဖစ္လာမွာကလြဲျပီး တျခားေျပာၾကားခဲ့ျခင္းမရွိတဲ့အတြက္ ျဖစ္ႏုိင္တာက အေစာပိုင္းက ထြက္ရွိထားတဲ့ Red Magic 3 ရဲ႕ Feature အမ်ားစုနဲ႔ ဒီဇုိင္းလည္း ဆင္တူလာႏုိင္ပါတယ္။ အဲ့ဒါေၾကာင့္ Red Magic 3 မွာ ပါဝင္ခဲ့တဲ့ Pressure-sensitive Trigger Buttons ၊ 5000mAh Battery နဲ႔ Built-in Cooling Fan ေတြလည္း ျပန္ျပီး ပါဝင္လာဖုိ႔မ်ားေနပါတယ္။

Ref – Gizmo China

Unicode

လက်ရှိမှာအကောင်းဆုံး Gaming Phone တစ်ခုဖြစ်တဲ့ ZTE Nubia Red Magic 3 ဟာ အခုအချိန်မှာတော့ ပိုကောင်းတဲ့ Upgrade တစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ထွက်ရှိတာ လပိုင်းရှိနေပြီဖြစ်တဲ့ Red Magic 3 အစား ပိုကောင်းတဲ့ Red Magic 3S ဖုန်းကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်တော့မှာပါ။

ဒီ Nubia Red Magic 3S ဖုန်းဟာ Processor ပိုင်းအနေနဲ့ လက်ရှိမှာ Qualcomm ရဲ့ အကောင်းဆုံး Processor တစ်ခုဖြစ်တဲ့ Snapdragon 855+ ကို Upgrade လုပ်လာမှာဖြစ်တယ်ဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။

ZTE ရဲ့ ပြောကြားချက်အရတော့ အခု Red Magic 3S ကို နိုင်ငံတကာဈေးကွက်တွေအထိပါ ရောင်းချသွားဖို့ စီစဉ်နေတာဖြစ်ပြီးတော့ လာမယ့် စက်တင်ဘာလမှာ နိုင်ငံတကာမှာမိတ်ဆက်မယ့် Nubia Z20 ဖုန်းနဲ့အတူ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Red Magic 3S ရဲ့ အကြောင်းကိုတော့ Processor ပိုင်း Upgrade ဖြစ်လာမှာကလွဲပြီး တခြားပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ဖြစ်နိုင်တာက အစောပိုင်းက ထွက်ရှိထားတဲ့ Red Magic 3 ရဲ့ Feature အများစုနဲ့ ဒီဇိုင်းလည်း ဆင်တူလာနိုင်ပါတယ်။ အဲ့ဒါကြောင့် Red Magic 3 မှာ ပါဝင်ခဲ့တဲ့ Pressure-sensitive Trigger Buttons ၊ 5000mAh Battery နဲ့ Built-in Cooling Fan တွေလည်း ပြန်ပြီး ပါဝင်လာဖို့များနေပါတယ်။

Ref – Gizmo China