[Zawgyi]

Nubia Red Magic 3s ကို အိႏၵိယမွာ ေရာင္းေတာ့မွာပါ။ 8/128GB ကို ၃၅,၉၉၉ ရူပီးနဲ႔ 12/256GB ကို ၄၇,၉၉၉ ရူပီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၇၇၀,၀၀၀ နဲ႔ ၁,၀၀၀,၀၀၀ ေလာက္ရွိပါတယ္။ 8GB RAM Model အတြက္ Mecha Silver ၁ ေရာင္သာ ေရာင္းေပးမွာျဖစ္ၿပီး 12GB RAM Model အတြက္ေတာ့ Cyber Shade အေရာင္ပါ ရရွိမွာပါ။ Model ၂ ခုစလံုးကို Flipkart ကေန ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ေရာင္းမွာပါ။

Nubia Red Magic 3s ဟာ Snapdragon 855+ SoC ပါတဲ့ အလန္းစား Gaming Smartphone ျဖစ္ပါတယ္။ ၆.၆၅ လက္မ FHD+ AMOLED Display ထည့္သြင္းထားၿပီး 90Hz Refresh Rate ျဖစ္တဲ့ အတြက္ ဂိမ္း ကစားရင္ ဖလန္းဖလန္းထေနမွာပါ။ Android Pie အေျချပဳ RedMagic OS 2.1 ေမာင္းႏွင္ထားမွာပါ။

Red Magic 3s မွာ 16MP Selfie Camera နဲ႔ အေနာက္ဘက္မွာ 48MP Sony IMX586 Camera ထည့္သြင္းထားပါတယ္။ ဆ႒ဂံ စတိုင္ လက္ေဗြရာ အာရံုခံကိရိယာကလည္း ဒီဇိုင္း ဆန္းပါတယ္။ စတီရီယို စပီကာေတြရဲ႕ အသံထြက္ကလည္း ဂိမ္းကစားရင္ အရမ္း အသက္၀င္ပါတယ္။ Dual Cooling System က CPU အပူခ်ိန္ကို ၁၈ ဒီဂရီ စင္တီဂရိတ္ အထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ထိေတြ႕မႈကို အာရံုခံႏုိင္တဲ့ Shoulder Triggers ေတြ ပါၿပီး Supported Games ေတြမွာ ႏွစ္သက္သလို အလုပ္ေတြ သတ္မွတ္ထားႏိုင္ပါတယ္။ 5,000mAh Battery ထည့္ထားၿပီး 27W Fast Charging ပါတဲ့ အတြက္ ခဏေလးနဲ႔ အားျဖည့္ေပးပါတယ္။

Ref : gsmarena

[Unicode]

Nubia Red Magic 3s ကို အိန္ဒိယမှာ ရောင်းပြီ

Nubia Red Magic 3s ကို အိန္ဒိယမှာ ရောင်းတော့မှာပါ။ 8/128GB ကို ၃၅,၉၉၉ ရူပီးနဲ့ 12/256GB ကို ၄၇,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၇၀,၀၀၀ နဲ့ ၁,၀၀၀,၀၀၀ လောက်ရှိပါတယ်။ 8GB RAM Model အတွက် Mecha Silver ၁ ရောင်သာ ရောင်းပေးမှာဖြစ်ပြီး 12GB RAM Model အတွက်တော့ Cyber Shade အရောင်ပါ ရရှိမှာပါ။ Model ၂ ခုစလုံးကို Flipkart ကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရောင်းမှာပါ။

Nubia Red Magic 3s ဟာ Snapdragon 855+ SoC ပါတဲ့ အလန်းစား Gaming Smartphone ဖြစ်ပါတယ်။ ၆.၆၅ လက်မ FHD+ AMOLED Display ထည့်သွင်းထားပြီး 90Hz Refresh Rate ဖြစ်တဲ့ အတွက် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Android Pie အခြေပြု RedMagic OS 2.1 မောင်းနှင်ထားမှာပါ။

Red Magic 3s မှာ 16MP Selfie Camera နဲ့ အနောက်ဘက်မှာ 48MP Sony IMX586 Camera ထည့်သွင်းထားပါတယ်။ ဆဋ္ဌဂံ စတိုင် လက်ဗွေရာ အာရုံခံကိရိယာကလည်း ဒီဇိုင်း ဆန်းပါတယ်။ စတီရီယို စပီကာတွေရဲ့ အသံထွက်ကလည်း ဂိမ်းကစားရင် အရမ်း အသက်ဝင်ပါတယ်။ Dual Cooling System က CPU အပူချိန်ကို ၁၈ ဒီဂရီ စင်တီဂရိတ် အထိ လျှော့ချပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ထိတွေ့မှုကို အာရုံခံနိုင်တဲ့ Shoulder Triggers တွေ ပါပြီး Supported Games တွေမှာ နှစ်သက်သလို အလုပ်တွေ သတ်မှတ်ထားနိုင်ပါတယ်။ 5,000mAh Battery ထည့်ထားပြီး 27W Fast Charging ပါတဲ့ အတွက် ခဏလေးနဲ့ အားဖြည့်ပေးပါတယ်။

Ref : gsmarena