[Unicode]

Nubia ရဲ့ Red Magic Gaming စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ် Hardware တွေ ထည့်သွင်းထားကြပါတယ်။ နောက်ထွက်မယ့် Red Magic 5G မှာလည်း အလန်းစားတွေ ပါလာမှာသေချာပါတယ်။ အဲဒီဖုန်းမှာ Dual-mode 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး 144Hz Refresh Rate မျက်နှာပြင်ပါလာမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်ကပဲ သတင်းထွက်ခဲ့ပါတယ်။ 144Hz Refresh Rate ပါတဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်လာနိုင်ပြီး ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းကို မြန်ဆန်မှာပါ။ အခုတော့ Nubia ရဲ့ ဥက္ကဌ Ni Fei က Nubia Red Magic 5G ရဲ့ Teaser Video ၁ ခုကို ဝီဘိုမှာ မျှဝေလိုက်ပြီး Wireless Screencasting Feature ဟာ Latency နည်းပါးတယ်ဆိုတာ သရုပ်ပြထားပါတယ်။

Video မှာ Fei က ဂိမ်း ၃ ခုကို ကစားပြနေပြီး သိသိသာသာ တုန့်ဆိုင်းခြင်း မရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် Wireless Screencasting Feature ရဲ့ Set Up လုပ်နည်းကို သေသေချာချာ မပြသထားပါဘူး။ ဖုန်းကို အနက်ရောင် Protective Case ထဲမှာ ထည့်ထားတဲ့အတွက် ဖုန်း ဒီဇိုင်းကို သေချာ မမြင်ရပါဘူး။ ဒါပေမယ့် မျက်နှာပြင် ဘေးဘောင်တွေက အနည်းငယ်ထူနေတယ်လို့ ထင်ရပါတယ်။

Red Magic 5G မှာ Snapdragon 865 မောင်းနှင်ထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ တရုတ်က 3C မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မှတ်ပုံတင်ထားပြီး 55W Fast Charging ပါမယ်လို့ သိရပါတယ်။ အဲဒီဖုန်းမှာ အလန်းစား နည်းပညာတွေ ပါလာမှာ ဖြစ်တဲ့အတွက် မိတ်ဆက်မယ့်နေ့ကို ရင်ခုန်စောင့်စားရဦးမှာပါ။

Ref : gsmarena

[Zawgyi]

Nubia Red Magic 5G ရဲ႕ Live Video ထြက္ေပၚလာ

Nubia ရဲ႕ Red Magic Gaming စမတ္ဖုန္းေတြမွာ ေနာက္ဆုံးေပၚ Hardware ေတြ ထည့္သြင္းထားၾကပါတယ္။ ေနာက္ထြက္မယ့္ Red Magic 5G မွာလည္း အလန္းစားေတြ ပါလာမွာေသခ်ာပါတယ္။ အဲဒီဖုန္းမွာ Dual-mode 5G ဆက္သြယ္မႈ ပါလာမွာ ျဖစ္ၿပီး 144Hz Refresh Rate မ်က္ႏွာျပင္ပါလာမယ္လို႔ ၿပီးခဲ့တဲ့ ၁ ပတ္ကပဲ သတင္းထြက္ခဲ့ပါတယ္။ 144Hz Refresh Rate ပါတဲ့ ပထမဆုံး Gaming ဖုန္း ျဖစ္လာႏိုင္ၿပီး ဖုန္း သုံးရင္၊ ဂိမ္းကစားရင္ အရမ္းကို ျမန္ဆန္မွာပါ။ အခုေတာ့ Nubia ရဲ႕ ဥကၠဌ Ni Fei က Nubia Red Magic 5G ရဲ႕ Teaser Video ၁ ခုကို ဝီဘိုမွာ မွ်ေဝလိုက္ၿပီး Wireless Screencasting Feature ဟာ Latency နည္းပါးတယ္ဆိုတာ သ႐ုပ္ျပထားပါတယ္။

Video မွာ Fei က ဂိမ္း ၃ ခုကို ကစားျပေနၿပီး သိသိသာသာ တုန႔္ဆိုင္းျခင္း မရွိတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Wireless Screencasting Feature ရဲ႕ Set Up လုပ္နည္းကို ေသေသခ်ာခ်ာ မျပသထားပါဘူး။ ဖုန္းကို အနက္ေရာင္ Protective Case ထဲမွာ ထည့္ထားတဲ့အတြက္ ဖုန္း ဒီဇိုင္းကို ေသခ်ာ မျမင္ရပါဘူး။ ဒါေပမယ့္ မ်က္ႏွာျပင္ ေဘးေဘာင္ေတြက အနည္းငယ္ထူေနတယ္လို႔ ထင္ရပါတယ္။

Red Magic 5G မွာ Snapdragon 865 ေမာင္းႏွင္ထားမယ္လို႔ အတည္ျပဳထားၿပီးပါၿပီ။ တ႐ုတ္က 3C မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက မွတ္ပုံတင္ထားၿပီး 55W Fast Charging ပါမယ္လို႔ သိရပါတယ္။ အဲဒီဖုန္းမွာ အလန္းစား နည္းပညာေတြ ပါလာမွာ ျဖစ္တဲ့အတြက္ မိတ္ဆက္မယ့္ေန႔ကို ရင္ခုန္ေစာင့္စားရဦးမွာပါ။

Ref : gsmarena