Nubia ရဲ့ Red Magic Series Gaming Phone တွေဟာ စျေးအရမ်းမကြီးဘဲ စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်တန်းအဆင့်ကို ရရှိနေတဲ့ဖုန်းတွေဖြစ်ပါတယ်။ အခုလည်း Nubia Red Magic 5G ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမယ့် Mobile World Congress (MWC 2020) မှာ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အခုသတင်းကိုတော့ Nubia ရဲ့ Co-founder တဖြစ်လဲ President အဖြစ်တာဝန်ယူထားတဲ့ Mr. Ni Fei ကနေ Personal Weibo Account မှာ Teaser ဓါတ်ပုံတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံတွေအရတော့ Nubia Red Magic 5G စမတ်ဖုန်းဟာ Display ပိုင်းမှာ 144Hz Refresh Rate ကို Support ပြုလုပ်လာမှာဖြစ်ပြီး ဒါကလက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်လာမှာပါ။ ဒါ့အပြင် ယခင်ထွက်ရှိထားတဲ့သတင်းတွေအရ Screen Resolution ကလည်း Quad HD+ အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။

Nubia Red Magic 5G စမတ်ဖုန်းဟာ Qualcomm 865 Processor ကို အသုံးပြုလာမှာဖြစ်ပြီး LPDDR5 RAM အပြင် 5G ကိုပါ Support ပေးလာမှာပါ။ Battery Charging ပိုင်းအနေနဲ့လည်း ကမ္ဘာ့အမြန်ဆုံး Fast Charging စနစ်ဖြစ်လာနိုင်တဲ့ 80W Fast Charging ကို Support လုပ်လာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်အစောပိုင်းအတွက်ကတော့ Nubia Red Magic 5G ဖုန်းက စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – XDA-Developer