Nubia Red Magic Gaming ဖုန်းတွေဟာ Specs အပိုင်းမှာ အရမ်းမြင့်မားလေ့ ရှိပါတယ်။ အခုချိန်မှာ Snapdragon 865+ Chipset ပါတဲ့ တခြား ကုမ္ပဏီထုတ် စမတ်ဖုန်းတွေလည်း ထွက်တော့မယ့်အတွက် Nubia Red Magic ကလည်း နောက်ဆုံးထုတ် Chipset ပါတဲ့ ကိုယ်ပိုင် စမတ်ဖုန်း ၁ လုံးကို ကြေညာဖို့ အချိန်ရောက်နေပါပြီ။

အခုတော့ Nubia ဥက္ကဌ Ni Fei က နောက်ထုတ်မယ့် Red Magic 5S ဟာ Snapdragon 865+ Chipset ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ သတင်းပေးလိုက်ပါတယ်။

Ni Fei က အဲဒီ စမတ်ဖုန်းရဲ့ Slogan ကို “ Beyond Plus” လို့ ညွှန်းဆိုထားပြီး Red Magic 5S စမတ်ဖုန်းနဲ့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ Specs နဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် အရင်မျိုးဆက်တွေမှာလို အလန်းစား Refresh Rate မျက်နှာပြင် ပါလာမှာ သေချာပါတယ်။ ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမယ့် အရွယ်ကြီး ဘက်ထရီနဲ့ တမူထူးခြားတဲ့ Red Magic Styling ထည့်ထားနိုင်ပါတယ်။

Ref : gsmarena