[Zawgyi]

အခုဆိုရင္ Nubia ဟာ သူတို႔ရဲ႕ တတိယေျမာက္ Gaming စမတ္ဖုန္းကို ဒီေန႔ မိတ္ဆက္ဖို႔အတြက္ အလုပ္ရႈပ္ေနၿပီ ထင္ပါတယ္။ ZTE ကေန ခြဲထြက္လာတဲ့ Nubia ဟာ စြမ္းေဆာင္ရည္ ေကာင္းမြန္တဲ့ Red Magic စီးရီး Gaming စမတ္ဖုန္းေတြကို ထုတ္လုပ္ၿပီး မိုဘိုင္းေလာကမွာ ေနရာယူထားပါတယ္။

Nubia Red Magic 3 လို႔ ယူဆရတဲ့ ေမာ္ဒယ္နံပါတ္ nubia NX629J အမည္ရွိ စမတ္ဖုန္းဟာ စမတ္ဖုန္းတစ္လုံးရဲ႕ စြမ္းေဆာင္ရည္ေတြကို စစ္ေဆးၿပီး ကိန္းဂဏန္းေတြနဲ႔ အမွတ္ေပးေလ့ရွိတဲ့ Geekbench ဝက္ဆိုက္ေပၚကို ဝင္ေရာက္လည္ပတ္သြားခဲ့ပါတယ္။ Geekbench ဝက္ဆိုက္ေပၚက အခ်က္အလက္ေတြအရဆိုရင္ အဆိုပါ စမတ္ဖုန္းမွာ Processor အပိုင္းအတြက္ Snapdragon 855 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 8GB ပါဝင္တာ ေတြ႕ရပါတယ္။ ဒါ့အျပင္ RAM 12GB ေမာ္ဒယ္လည္း ထြက္ရွိလာဦးမယ္လို႔ သိရပါတယ္။

Nubia Red Magic 3 ရဲ႕ Geekbench ရလဒ္ေတြကေတာ့ Single-core Score က ၃၅၁၃မွတ္ ျဖစ္ၿပီး Multi-core Score က ၁၁၃၀၉မွတ္ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ 5000mAh ဘက္ထရီႀကီးနဲ႔ Refresh rate 90Hz ရွိတဲ့ Gaming Display ကို အသုံးျပဳထားေၾကာင္း ခန္႔မွန္ေျပာဆိုမႈမ်ားလည္း ရွိေနပါတယ္။ 90Hz Display ေတြက အထူးသျဖင့္ Game ေဆာ့တဲ့အခါမွာ သာမန္စမတ္ဖုန္းေတြထက္ ပိုမိုေကာင္းမြန္တဲ့ အရသာေတြကို ေပးစြမ္းႏိုင္ပါတယ္။ 90Hz Display ထက္ ပိုမိုေကာင္းမြန္တဲ့ 120Hz Display ေတြကို Razer Phone ေတြမွာ ျမင္ေတြ႕ႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

မိတ်ဆက်ပွဲ မတိုင်ခင် အွန်လိုင်းပေါ် ရောက်ရှိလာတဲ့ Nubia Red Magic 3

အခုဆိုရင် Nubia ဟာ သူတို့ရဲ့ တတိယမြောက် Gaming စမတ်ဖုန်းကို ဒီနေ့ မိတ်ဆက်ဖို့အတွက် အလုပ်ရှုပ်နေပြီ ထင်ပါတယ်။ ZTE ကနေ ခွဲထွက်လာတဲ့ Nubia ဟာ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Red Magic စီးရီး Gaming စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး မိုဘိုင်းလောကမှာ နေရာယူထားပါတယ်။

Nubia Red Magic 3 လို့ ယူဆရတဲ့ မော်ဒယ်နံပါတ် nubia NX629J အမည်ရှိ စမတ်ဖုန်းဟာ စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးပြီး ကိန်းဂဏန်းတွေနဲ့ အမှတ်ပေးလေ့ရှိတဲ့ Geekbench ဝက်ဆိုက်ပေါ်ကို ဝင်ရောက်လည်ပတ်သွားခဲ့ပါတယ်။ Geekbench ဝက်ဆိုက်ပေါ်က အချက်အလက်တွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ Processor အပိုင်းအတွက် Snapdragon 855 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် RAM 12GB မော်ဒယ်လည်း ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။

Nubia Red Magic 3 ရဲ့ Geekbench ရလဒ်တွေကတော့ Single-core Score က ၃၅၁၃မှတ် ဖြစ်ပြီး Multi-core Score က ၁၁၃၀၉မှတ် ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ 5000mAh ဘက်ထရီကြီးနဲ့ Refresh rate 90Hz ရှိတဲ့ Gaming Display ကို အသုံးပြုထားကြောင်း ခန့်မှန်ပြောဆိုမှုများလည်း ရှိနေပါတယ်။ 90Hz Display တွေက အထူးသဖြင့် Game ဆော့တဲ့အခါမှာ သာမန်စမတ်ဖုန်းတွေထက် ပိုမိုကောင်းမွန်တဲ့ အရသာတွေကို ပေးစွမ်းနိုင်ပါတယ်။ 90Hz Display ထက် ပိုမိုကောင်းမွန်တဲ့ 120Hz Display တွေကို Razer Phone တွေမှာ မြင်တွေ့နိုင်ပါတယ်။

Ref : Gizmochina